ဒေါ်အောင်ဆန်းစုကြည်အမှု ဦးဖြိုးမင်းသိန်း ဇနီး ဒေါ်ခင်မိမိကြွယ် တရားခွင်မရောက်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု လေးမှုကို ဒီနေ့ နိုဝင်ဘာ ၅ ရက်မှာ နေပြည်တော်က သီးသန့်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

အမှုလေးမှုထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ဒေါ်လာတွေ ရယူတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုအတွက်

တရားလိုပြသက်သေအဖြစ် စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ဟာ တရားခွင်ကိုရောက်မလာတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

မူလက ဒီနေ့ရုံးချိန်းမှာ ဒေါ်ခင်မိမိကြွယ်ကို သက်သေအဖြစ် လာရောက်ထွက်ဆိုဖို့ဆင့်ခေါ်ထားပေမယ့် သူဟာ နေမကောင်းဖြစ်နေတာကြောင့် မလာရောက်နိုင်ကြောင်း၊

ဒါကြောင့် ဒီအမှုကို ဒီနေ့တရားခွင်မှာ မစစ်ဖြစ်ကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရှိရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး စွဲဆိုထားတဲ့အမှုနှစ်မှု(ရာဇဝတ်ကြီး အမှုအမှတ် ၃ နဲ့ ၄ အတွက်) ကိုတော့ စစ်ဆေးခဲ့ပြီး ဒီနေ့မှာ စစ်ကောင်စီဘက်က တင်တဲ့ နေပြည်တော်စည်ပင်ဌာနမှူးဟောင်း ဦးစိုးနိုင်ကို

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့ကိုယ်စား ရှေ့နေတွေက ပြန်လှန်မေးခွန်းတွေ မေးမြန်းခဲ့ပြီး စစ်ဆေးချက်ရလဒ်တွေလည်းကောင်းမွန်အားရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီနေ့ လေးမှုမှာ ဒေါ်ခင်မိမိကြွယ် မလာရောက်တာကြောင့် သက်သေမစစ်နိုင်တဲ့အမှုနဲ့ နောက်ထပ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်လို့ လရောင်တောစီမံကိန်းထဲ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့

အိမ်ဆောက်တယ်ဆိုတဲ့အချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကိုစွဲဆိုထားတဲ့ ရာဇဝတ်ကြီးအမှုအမှတ် ၅ တို့ကိုလည်း မစစ်ဆေးခဲ့ဘဲ နောက်တစ်ကြိမ်ရုံးချိန်းကို နိုဝင်ဘာ ၁၂ ရက်ကိုပြန်လည်ချိန်းဆိုထားပါတယ်။

နောက်ရုံးချိန်းမှာ ရာဇဝတ်ကြီး အမှုအမှတ် ၅ အတွက် တရားလိုပြသက်သေတွေကို စတင်စစ်ဆေးမယ်လို့သိရပြီး ဒေါ်ခင်မိမိကြွယ်ကိုလည်း သက်သေအဖြစ် ဆက်လက်ဆင့်ခေါ်မယ်လို့ သိရပါတယ်။

———- 

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲဆိုထားတဲ့ အဂတိမႈ ေလးမႈကို ဒီေန႔ ႏိုဝင္ဘာ ၅ ရက္မွာ ေနျပည္ေတာ္က သီးသန႔္တရား႐ုံးမွာ စစ္ေဆးခဲ့ပါတယ္။

အမႈေလးမႈထဲက ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းထံက ေ႐ႊနဲ႔ေဒၚလာေတြ ရယူတယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္တစ္ဦးတည္းကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ နဲ႔ စြဲဆိုထားတဲ့ အမႈအတြက္

တရားလိုျပသက္ေသအျဖစ္ စစ္ေကာင္စီဘက္က တင္သြင္းထားတဲ့ ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီး ေဒၚခင္မိမိႂကြယ္ဟာ တရားခြင္ကိုေရာက္မလာတာေၾကာင့္ မစစ္ေဆးျဖစ္ဘူးလို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

မူလက ဒီေန႔႐ုံးခ်ိန္းမွာ ေဒၚခင္မိမိႂကြယ္ကို သက္ေသအျဖစ္ လာေရာက္ထြက္ဆိုဖို႔ဆင့္ေခၚထားေပမယ့္ သူဟာ ေနမေကာင္းျဖစ္ေနတာေၾကာင့္ မလာေရာက္ႏိုင္ေၾကာင္း၊

ဒါေၾကာင့္ ဒီအမႈကို ဒီေန႔တရားခြင္မွာ မစစ္ျဖစ္ေၾကာင္း တရား႐ုံးနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းက သိရွိရပါတယ္။

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ဆက္စပ္ၿပီး စြဲဆိုထားတဲ့အမႈႏွစ္မႈ(ရာဇဝတ္ႀကီး အမႈအမွတ္ ၃ နဲ႔ ၄ အတြက္) ကိုေတာ့ စစ္ေဆးခဲ့ၿပီး ဒီေန႔မွာ စစ္ေကာင္စီဘက္က တင္တဲ့ ေနျပည္ေတာ္စည္ပင္ဌာနမႉးေဟာင္း ဦးစိုးႏိုင္ကို

ေဒၚေအာင္ဆန္းစုၾကည္၊ ေဒါက္တာမ်ိဳးေအာင္၊ ဦးရဲမင္းဦး၊ ဦးမင္းသူတို႔ကိုယ္စား ေရွ႕ေနေတြက ျပန္လွန္ေမးခြန္းေတြ ေမးျမန္းခဲ့ၿပီး စစ္ေဆးခ်က္ရလဒ္ေတြလည္းေကာင္းမြန္အားရတယ္လို႔ စုံစမ္းသိရွိရပါတယ္။

ဒီေန႔ ေလးမႈမွာ ေဒၚခင္မိမိႂကြယ္ မလာေရာက္တာေၾကာင့္ သက္ေသမစစ္ႏိုင္တဲ့အမႈနဲ႔ ေနာက္ထပ္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ဆက္စပ္လို႔ လေရာင္ေတာစီမံကိန္းထဲ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ဖို႔

အိမ္ေဆာက္တယ္ဆိုတဲ့အခ်က္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တစ္ဦးတည္းကိုစြဲဆိုထားတဲ့ ရာဇဝတ္ႀကီးအမႈအမွတ္ ၅ တို႔ကိုလည္း မစစ္ေဆးခဲ့ဘဲ ေနာက္တစ္ႀကိမ္႐ုံးခ်ိန္းကို ႏိုဝင္ဘာ ၁၂ ရက္ကိုျပန္လည္ခ်ိန္းဆိုထားပါတယ္။

ေနာက္႐ုံးခ်ိန္းမွာ ရာဇဝတ္ႀကီး အမႈအမွတ္ ၅ အတြက္ တရားလိုျပသက္ေသေတြကို စတင္စစ္ေဆးမယ္လို႔သိရၿပီး ေဒၚခင္မိမိႂကြယ္ကိုလည္း သက္ေသအျဖစ္ ဆက္လက္ဆင့္ေခၚမယ္လို႔ သိရပါတယ္။