သတင်းတခုပေါက်ကြားလို့ နေပြည်တော်မှာ လုံခြုံရေးတင်းကြပ်ထားပြီ

နေပြည်တော်ရှိ ပေါင်းလောင်းဆည်ဝန်းကျင်တွင် ဆည်ကို ဗုံးထောင်ဖောက်ခွဲမည်ဆိုသည့် သတင်းများထွက်ပေါ်နေသောကြောင့်လုံခြုံရေးတင်းကြပ်ထားကြောင်း ‌ဒေသခံတွေကပြောပါတယ်။

“လုံခြုံရေးကတော့ အရင်လိုမဟုတ်ဘူးဗျ။ တော်တော်တင်းကြပ်တယ်။ အရင်က စစ်တပ်တွေရှိတယ်ဆိုပေမယ့် ဒီလောက်မများဘူး။ အခုက ဒီနားက တပ်တွေတင်မကဘူး။ အခြားအဝေးက တပ်တွေလည်း ရှိတယ်။

ကျည်တောင်ရွာဘက်မှာတော့ လုံခြုံရေးကနည်းပေမယ့် ပေါင်းလောင်းဆည်ဘက်သွားတဲ့ လမ်း၊ ဆင်ဖြူတောင် သွားတဲ့ လမ်းမှာတော့ စစ်ဆေးရေးဂိတ်တွေရှိတယ်” ဟု ကျည်တောင်ရွာမှ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပေါင်းလောင်းဆည်ဝန်းကျင်တွင် ပေါင်းလောင်းဆည်သွားရာလမ်းတစ်လျှောက်အပြင် ပေါင်းလောင်းဆည် အနီးရှိ တော၊ တောင်များတွင်ပါ တပ်မတော်မှ လုံခြုံရေးစစ်ကြောင်းများ နေရာယူထားတာဖြစ်တယ်လို့ ယင်းတို့က ပြောပါတယ်။

“တောင်ပေါ်မှာလည်း စစ်ဆေးရေးတွေ၊ တပ်တွေရှိတယ်ဗျ။ ကျွန်တော်တို့က အရင်က တောင်ပေါ်ကို မျှစ်ချိုး၊ မှိုရှာသွားကြတယ်။ အခုသွားလို့ မရတော့ဘူး။ တွေ့ရင် ပြန်လွှတ်တယ်။ တောင်ပေါ်အဝင်မှာလည်း စစ်သားတွေရှိတယ်။

အတွင်းပိုင်းမှာလည်း ရှိတယ်။ တချို့ရွှေခိုးတူးတဲ့သူတွေဆိုလည်း တွေ့ရင် သတိပေးပြီး ပြန်လွှတ်တယ်။ ပြန်လွှတ်လို့ နောက်ရက်ထပ်တွေ့ရင် ဖမ်းတယ်”ဟု ခေါမရွာမှ ရွာသားတစ်ဦးက ဆိုပါတယ်။

ပေါင်းလောင်းဆည်ဝန်းကျင်တွင် ဒုံးတပ်ရင်း၊ လုံခြုံရေးတပ်ရင်း၊ အကြမ်းဖက်တပ်ရင်းအပြင် ဆည်လုံခြုံရေး တပ်ရင်းများ ရှိကြောင်း၊ လက်ရှိတွင် ဆည်အနီးနားဝန်းကျင်ရှိ တော၊ တောင်များတွင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များ အပြည့်အဝနေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

———-

ေနျပည္ေတာ္ရွိ ေပါင္းေလာင္းဆည္ဝန္းက်င္တြင္ ဆည္ကို ဗုံးေထာင္ေဖာက္ခြဲမည္ဆိုသည့္ သတင္းမ်ားထြက္ေပၚေနေသာေၾကာင့္လုံၿခဳံေရးတင္းၾကပ္ထားေၾကာင္း ‌ေဒသခံေတြကေျပာပါတယ္။

“လုံၿခဳံေရးကေတာ့ အရင္လိုမဟုတ္ဘူးဗ်။ ေတာ္ေတာ္တင္းၾကပ္တယ္။ အရင္က စစ္တပ္ေတြရွိတယ္ဆိုေပမယ့္ ဒီေလာက္မမ်ားဘူး။ အခုက ဒီနားက တပ္ေတြတင္မကဘူး။ အျခားအေဝးက တပ္ေတြလည္း ရွိတယ္။

က်ည္ေတာင္႐ြာဘက္မွာေတာ့ လုံၿခဳံေရးကနည္းေပမယ့္ ေပါင္းေလာင္းဆည္ဘက္သြားတဲ့ လမ္း၊ ဆင္ျဖဴေတာင္ သြားတဲ့ လမ္းမွာေတာ့ စစ္ေဆးေရးဂိတ္ေတြရွိတယ္” ဟု က်ည္ေတာင္႐ြာမွ ေဒသခံတစ္ဦးက ဆိုပါတယ္။

ေပါင္းေလာင္းဆည္ဝန္းက်င္တြင္ ေပါင္းေလာင္းဆည္သြားရာလမ္းတစ္ေလွ်ာက္အျပင္ ေပါင္းေလာင္းဆည္ အနီးရွိ ေတာ၊ ေတာင္မ်ားတြင္ပါ တပ္မေတာ္မွ လုံၿခဳံေရးစစ္ေၾကာင္းမ်ား ေနရာယူထားတာျဖစ္တယ္လို႔ ယင္းတို႔က ေျပာပါတယ္။

“ေတာင္ေပၚမွာလည္း စစ္ေဆးေရးေတြ၊ တပ္ေတြရွိတယ္ဗ်။ ကြၽန္ေတာ္တို႔က အရင္က ေတာင္ေပၚကို မွ်စ္ခ်ိဳး၊ မႈိရွာသြားၾကတယ္။ အခုသြားလို႔ မရေတာ့ဘူး။ ေတြ႕ရင္ ျပန္လႊတ္တယ္။

ေတာင္ေပၚအဝင္မွာလည္း စစ္သားေတြရွိတယ္။ အတြင္းပိုင္းမွာလည္း ရွိတယ္။ တခ်ိဳ႕ေ႐ႊခိုးတူးတဲ့သူေတြဆိုလည္း ေတြ႕ရင္ သတိေပးၿပီး ျပန္လႊတ္တယ္။ ျပန္လႊတ္လို႔ ေနာက္ရက္ထပ္ေတြ႕ရင္ ဖမ္းတယ္”ဟု ေခါမ႐ြာမွ ႐ြာသားတစ္ဦးက ဆိုပါတယ္။

ေပါင္းေလာင္းဆည္ဝန္းက်င္တြင္ ဒုံးတပ္ရင္း၊ လုံၿခဳံေရးတပ္ရင္း၊ အၾကမ္းဖက္တပ္ရင္းအျပင္ ဆည္လုံၿခဳံေရး တပ္ရင္းမ်ား ရွိေၾကာင္း၊ လက္ရွိတြင္ ဆည္အနီးနားဝန္းက်င္ရွိ ေတာ၊ ေတာင္မ်ားတြင္လည္း လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား အျပည့္အဝေနရာယူထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။