CDM ဝန်ထမ်းတွေ အားလုံးအတွက် NUG အစိုးရမှ သတင်းကောင်း

CDM ဝန်ထမ်းတွေ အားလုံးအတွက် NUG အစိုးရမှ သတင်းကောင်း…

NUG က ကာကွယ်ရေး အသုံးစရိတ်မပါ လျာထားဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိ

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကာကွယ်ရေးအသုံး စရိတ် မပါသေးဘဲ လျာထားဘတ်ဂျက်သည် ကျပ်ဘီလီယံ ၁၄၀၀ (သို့မဟုတ်) အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိရှိကြောင်း NUG ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးပြည် ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။

အဆိုပါ လျာထားဘတ်ဂျက််ကို အောင်လံလွှင့်ချီနွေဦးထီ၊ ငွေတိုက်စာချုပ်နှင့် အခွန်အကောက် ရငွေများမှ ရရှိရန် လျာထားပြီး CDM ဝန်ထမ်းများ၊

ပြည်သူ့ရင်ခွင်ခိုလှုံလာသော ရဲနှင့် တပ်မတော်သားများ ထောက်ပံ့ရေးကို အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

၎င်းက ဆက်လက်၍ ” နိုဝင်ဘာလလယ်မှာ တော်လှန် ရေး အထူးငွေတိုက် စာချုပ်တွေကို ထုတ်ရောင်းသွားဖို့ရှိပါတယ်။

ဒီငွေတိုက်စာချုပ်က တော်လှန်ရေးအတွက် အဓိကလိုအပ်နေတဲ့ မဖြစ်မနေ ရရှိဖို့ လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေများကို အစိုးရတရပ်က ပြည်သူ့ဆီက တရားဝင်ငွေချေးတဲ့ သဘောပါပဲ” ဟု ပြောသည်။

ထိုငွေတိုက်စာချုပ်များကို ၂ နှစ်သက်တမ်း သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ တန် ဟူ၍ လေးမျိုးရှိမည်ဖြစ်ပြီး

ပထမအသုတ်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုး ဝန်းကျင်အထိ ထုတ်ရောင်းသွားမည် ဖြစ်ကြောင်း သိရသည်။

The Irrawaddy Burmese Edition

———–

CDM ဝန္ထမ္းေတြ အားလုံးအတြက္ NUG အစိုးရမွ သတင္းေကာင္း…

NUG က ကာကြယ္ေရး အသုံးစရိတ္မပါ လ်ာထားဘတ္ဂ်က္ အေမရိကန္ေဒၚလာ သန္း ၈၀၀ ရွိ

အမ်ိဳးသား ညီၫြတ္ေရး အစိုးရ၏ ကာကြယ္ေရးအသုံး စရိတ္ မပါေသးဘဲ လ်ာထားဘတ္ဂ်က္သည္ က်ပ္ဘီလီယံ ၁၄၀၀ (သို႔မဟုတ္) အေမရိကန္ ေဒၚလာ သန္း ၈၀၀ အထိရွိေၾကာင္း NUG ၏ စီမံကိန္းႏွင့္ ဘ႑ာေရးျပည္ ေထာင္စုဝန္ႀကီး ဦးတင္ထြန္းႏိုင္ က ေျပာသည္။

အဆိုပါ လ်ာထားဘတ္ဂ်က္္ကို ေအာင္လံလႊင့္ခ်ီေႏြဦးထီ၊ ေငြတိုက္စာခ်ဳပ္ႏွင့္ အခြန္အေကာက္ ရေငြမ်ားမွ ရရွိရန္ လ်ာထားၿပီး CDM ဝန္ထမ္းမ်ား၊

ျပည္သူ႔ရင္ခြင္ခိုလႈံလာေသာ ရဲႏွင့္ တပ္မေတာ္သားမ်ား ေထာက္ပံ့ေရးကို အဓိက လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎က ဆို သည္။

၎က ဆက္လက္၍ ” ႏိုဝင္ဘာလလယ္မွာ ေတာ္လွန္ ေရး အထူးေငြတိုက္ စာခ်ဳပ္ေတြကို ထုတ္ေရာင္းသြားဖို႔ရွိပါတယ္။

ဒီေငြတိုက္စာခ်ဳပ္က ေတာ္လွန္ေရးအတြက္ အဓိကလိုအပ္ေနတဲ့ မျဖစ္မေန ရရွိဖို႔ လိုအပ္ေနတဲ့ ဘ႑ာရန္ပုံေငြမ်ားကို အစိုးရတရပ္က ျပည္သူ႔ဆီက တရားဝင္ေငြေခ်းတဲ့ သေဘာပါပဲ” ဟု ေျပာသည္။

ထိုေငြတိုက္စာခ်ဳပ္မ်ားကို ၂ ႏွစ္သက္တမ္း သတ္မွတ္ထားၿပီး အေမရိကန္ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ ႏွင့္ ၅၀၀၀ တန္ ဟူ၍ ေလးမ်ိဳးရွိမည္ျဖစ္ၿပီး

ပထမအသုတ္အေနျဖင့္ အေမရိကန္ေဒၚလာ သန္း ၂၀၀ ဖိုး ဝန္းက်င္အထိ ထုတ္ေရာင္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။

The Irrawaddy Burmese Edition