
ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ဥက္ကဋ္ဌကအသစ်နဲ့ ရုပ်ရှင်အစည်းအရုံးကို ထိမိတဲ့စကားလုံးတွေနဲ့ ပျက်ရည်ပြုခဲ့တဲ့ဇာတ်ပို့သရုပ်ဆောင် ဆင်မ
ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူကို ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌရာထူး ချီးမြှင့်ခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေဟာ မြင့်တက်လာခဲ့ပါတယ်။ ဒီလိုရာထူးအပြောင်းအလဲ ဖြစ်ပေါ်ပြီးတဲ့နောက်မှာတော့ ရုပ်ရှင်အဖွဲ့သားတွေဟာ ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ကြောင်း ကြောငြာခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ခန့်စည်သူဟာ ဥက္ကဋ္ဌရာထူးကို မထမ်းဆောင်လိုကြောင်း ပြန်လည်ပြောကြားခဲ့တဲ့အပေါ်မှာ ရုပ်ရှင်အဖွဲ့သားတော်တော်များများနဲ့ ပရိသတ်တွေဟာ မိမိတို့ရဲ့ ထင်မြင်ချက်တွေကို လူမှုကွန်ရက်မှာ ဖွင့်ဟလာခဲ့ပါတယ်။
ဒီလိုဖွင့်ဟတဲ့အထဲမှာ ဇာတ်ပို့သရုပ်ဆောင်ဆင်မဟာလည်း သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ကို ” နယကတို့ အုပ်ကြီးတို့အတွင်းမှူးတို့ရေ အချင်းချင်း တိုင်ပင်ဆွေးနွေးကော်ကော်သောက် ဓါတ်ပုံရိုက် လိုင်းပေါ်တင်ပြီးဆွေးနွေးကြပါဦးအူးတို့လုပ်တာနဲ့ တားတို့က မစူးစမ်းမလေ့လာဘူးပဲဖြစ်ရသေးတယ် တားတို့တွေလည်း သူငယ်တန်းတော့ ကျက်ဖြေအောင်ခဲ့ပါတယ်ဗျ တားတို့က ရှေ့နောက်စဉ်းစားပြီးမှ အလုပ်ကိုလုပ်တာလုပ်ရင်လဲ အများတင်မဟုတ်ဘူးကမ္ဘာကြီးပါသိအောင် fb ပေါ်တင်ပလိုက်တာ အဖွဲ့အစည်းတစ်ခုဆိုတာ အလုပ်လုပ်ရင် အများသဘောရယူရတယ်ဗျ အခုတော့ လား လား လား ထွက်ချီ ဝင်ချီ လားလားလား” ဆိုပြီး ခပ်ပြောင်ပြောင် ပြောပြလာခဲ့ပါတယ်။
ပရိသတ်တွေကိုရသမျိုးစုံပေးနိုင်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်သလို အနုပညာလောကရဲ့ ဇာတ်အစုံကိုလည်းသိနေတဲ့သူမို့ သူ့ရဲ့ခံစားချက်တွေကို ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်းဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုပြောကြားလာတဲ့အပေါ်မှာလည်း ပရိသတ်တွေက ဦးဆင်မနဲ့ထပ်တူသဘောတူကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အားလုံးရဲ့ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်ခဲ့တဲ့ အနုပညာရှင်တိုင်းကို ပြည်သူတွေက ကျေးဇူးတင်ပြီး မှတ်သားနေမှာပါ။
———–
ဝင္လိုက္ထြက္လိုက္ လုပ္ေနတဲ့ ဥကၠ႒ကအသစ္နဲ႔ ႐ုပ္ရွင္အစည္းအ႐ုံးကို ထိမိတဲ့စကားလုံးေတြနဲ႔ ပ်က္ရည္ျပဳခဲ့တဲ့ဇာတ္ပို႔သ႐ုပ္ေဆာင္ ဆင္မ
ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က ႐ုပ္ရွင္သ႐ုပ္ေဆာင္ခန႔္စည္သူကို ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠ႒ရာထူး ခ်ီးျမႇင့္ခဲ့ၿပီးေနာက္မွာ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြဟာ ျမင့္တက္လာခဲ့ပါတယ္။ ဒီလိုရာထူးအေျပာင္းအလဲ ျဖစ္ေပၚၿပီးတဲ့ေနာက္မွာေတာ့ ႐ုပ္ရွင္အဖြဲ႕သားေတြဟာ ႐ုပ္ရွင္အစည္းအ႐ုံးကေန ႏႈတ္ထြက္ေၾကာင္း ေၾကာျငာခဲ့ၾကပါတယ္။ ဒီေန႔မွာေတာ့ ခန႔္စည္သူဟာ ဥကၠ႒ရာထူးကို မထမ္းေဆာင္လိုေၾကာင္း ျပန္လည္ေျပာၾကားခဲ့တဲ့အေပၚမွာ ႐ုပ္ရွင္အဖြဲ႕သားေတာ္ေတာ္မ်ားမ်ားနဲ႔ ပရိသတ္ေတြဟာ မိမိတို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို လူမႈကြန္ရက္မွာ ဖြင့္ဟလာခဲ့ပါတယ္။
ဒီလိုဖြင့္ဟတဲ့အထဲမွာ ဇာတ္ပို႔သ႐ုပ္ေဆာင္ဆင္မဟာလည္း သူ႔ရဲ႕ကိုယ္ပိုင္ထင္ျမင္ခ်က္ကို ” နယကတို႔ အုပ္ႀကီးတို႔အတြင္းမႉးတို႔ေရ အခ်င္းခ်င္း တိုင္ပင္ေဆြးေႏြးေကာ္ေကာ္ေသာက္ ဓါတ္ပုံ႐ိုက္ လိုင္းေပၚတင္ၿပီးေဆြးေႏြးၾကပါဦးအူးတို႔လုပ္တာနဲ႔ တားတို႔က မစူးစမ္းမေလ့လာဘူးပဲျဖစ္ရေသးတယ္ တားတို႔ေတြလည္း သူငယ္တန္းေတာ့ က်က္ေျဖေအာင္ခဲ့ပါတယ္ဗ် တားတို႔က ေရွ႕ေနာက္စဥ္းစားၿပီးမွ အလုပ္ကိုလုပ္တာလုပ္ရင္လဲ အမ်ားတင္မဟုတ္ဘူးကမာၻႀကီးပါသိေအာင္ fb ေပၚတင္ပလိုက္တာ အဖြဲ႕အစည္းတစ္ခုဆိုတာ အလုပ္လုပ္ရင္ အမ်ားသေဘာရယူရတယ္ဗ် အခုေတာ့ လား လား လား ထြက္ခ်ီ ဝင္ခ်ီ လားလားလား” ဆိုၿပီး ခပ္ေျပာင္ေျပာင္ ေျပာျပလာခဲ့ပါတယ္။
ပရိသတ္ေတြကိုရသမ်ိဳးစုံေပးႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္သလို အႏုပညာေလာကရဲ႕ ဇာတ္အစုံကိုလည္းသိေနတဲ့သူမို႔ သူ႔ရဲ႕ခံစားခ်က္ေတြကို ဒီအခ်ိန္မွာ ပြင့္ပြင့္လင္းလင္းဖြင့္ဟလာခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလိုေျပာၾကားလာတဲ့အေပၚမွာလည္း ပရိသတ္ေတြက ဦးဆင္မနဲ႔ထပ္တူသေဘာတူေၾကာင္း မွတ္ခ်က္ေတြ အမ်ားအျပားေပးခဲ့ၾကပါတယ္။ တိုင္းျပည္မၿငိမ္မသက္ျဖစ္ေနခ်ိန္မွာ ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္ၿပီး အားလုံးရဲ႕ဆႏၵနဲ႔ လိုက္ေလ်ာညီေထြျဖစ္ခဲ့တဲ့ အႏုပညာရွင္တိုင္းကို ျပည္သူေတြက ေက်းဇူးတင္ၿပီး မွတ္သားေနမွာပါ။
Crd – Myanmar Celebrity TV Club