
ပြည်သူလူထုနဲ့အတူ တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမယ်လို့ NLD ပါတီထုတ်ပြန်
ပြည်သူတို့ရဲ့ အခွင့်အာဏာကို ပြည်သူတို့ထံ ပြန်လည်အပ်နှံနိုင်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ပြည်သူလူထုနဲ့အတူ တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမယ်လို့ NLD က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
ယနေ့ နိုဝင်ဘာလ ၈ရက်နေ့မှာကျရောက်သည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ၁နှစ်ပြည့်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဆက်လက်ပြီး ဒီမိုကရေစီရဲ့ အနှစ်သာရကို ကောင်းစွာသိရှိနားလည်ပြီး ဒီမိုကရေစီကို ချစ်မြတ်နိုးကြသည့် ပြည်သူလူထုတစ်ရပ်လုံးသည် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြသည်ကို NLD အနေနဲ့ ကောင်းစွာသိရှိပြီး အထူးလေးစားအားထားတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် NLD ပါတီအနေနဲ့ ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ရာခိုင်နှုန်းကျော် ရွေးကောက်တင်မြှောက်ခံရကာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တာပါ။
Ref Myanma Platform
———–
ျပည္သူလူထုနဲ႔အတူ တာဝန္ေက်ပြန္စြာ ဆက္လက္ထမ္းေဆာင္သြားမယ္လို႔ NLD ပါတီထုတ္ျပန္
ျပည္သူတို႔ရဲ႕ အခြင့္အာဏာကို ျပည္သူတို႔ထံ ျပန္လည္အပ္ႏွံႏိုင္ေရးနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု ျဖစ္ထြန္းေပၚေပါက္ေရးအတြက္ ျပည္သူလူထုနဲ႔အတူ တာဝန္ေက်ပြန္စြာ ဆက္လက္ထမ္းေဆာင္သြားမယ္လို႔ NLD က ထုတ္ျပန္အသိေပးလိုက္ပါတယ္။
ယေန႔ ႏိုဝင္ဘာလ ၈ရက္ေန႔မွာက်ေရာက္သည့္ ၂၀၂၀ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ၁ႏွစ္ျပည့္ေန႔မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီက သေဘာထားေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။
ဆက္လက္ၿပီး ဒီမိုကေရစီရဲ႕ အႏွစ္သာရကို ေကာင္းစြာသိရွိနားလည္ၿပီး ဒီမိုကေရစီကို ခ်စ္ျမတ္ႏိုးၾကသည့္ ျပည္သူလူထုတစ္ရပ္လုံးသည္ အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္ေနၾကသည္ကို NLD အေနနဲ႔ ေကာင္းစြာသိရွိၿပီး အထူးေလးစားအားထားတယ္လို႔ ဆိုပါတယ္။
ဒါ့ျပင္ NLD ပါတီအေနနဲ႔ ၿပီးခဲ့သည့္ ၂၀၂၀ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ရက္ အေထြေထြေ႐ြးေကာက္ပြဲမွာ မဲဆႏၵနယ္အားလုံးရဲ႕ ၈၂ရာခိုင္ႏႈန္းေက်ာ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရကာ ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရွိခဲ့တာပါ။
Ref Myanma Platform