တစ်နိုင်ငံလုံးရှိ ကျောင်းများ ယခုအပတ်မှစတင်ကာ စနေနေ့ပါ ဖွင့်မည်

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယခုအပတ်မှစတင်ကာ စနေနေ့ပါ ဖွင့်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

“ဖွင့်ခိုင်းတာကတော့ တစ်နိုင်ငံလုံး ဖွင့်ခွင့်ပြုထားတဲ့ ကျောင်းတွေအကုန်ဖွင့်ခိုင်းတာပါ။ အဓိကတော့ စာတွေနောက်ကျမှာ စိုးတဲ့အတွက် အခုလိုဖွင့်ခိုင်းရခြင်း ဖြစ်ပါတယ်။”ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများကို ကိုဗစ်ကူးစပ်မှု၊ ရောဂါဖြစ်ပွားမှု မြင့်မားနေသည့် ၄၆ မြို့နယ်မှအပ ကျန်မြို့နယ်များမှ ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။

———–

တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား ယခုအပတ္မွစတင္ကာ စေနေန႔ပါ ဖြင့္မည္ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ သိရသည္။

“ဖြင့္ခိုင္းတာကေတာ့ တစ္ႏိုင္ငံလုံး ဖြင့္ခြင့္ျပဳထားတဲ့ ေက်ာင္းေတြအကုန္ဖြင့္ခိုင္းတာပါ။ အဓိကေတာ့ စာေတြေနာက္က်မွာ စိုးတဲ့အတြက္ အခုလိုဖြင့္ခိုင္းရျခင္း ျဖစ္ပါတယ္။”ဟု အေျခခံပညာဦးစီးဌာနမွ အရာရွိတစ္ဦးက ဆိုသည္။

ႏိုင္ငံအတြင္းရွိ အေျခခံပညာေက်ာင္းမ်ားကို ကိုဗစ္ကူးစပ္မႈ၊ ေရာဂါျဖစ္ပြားမႈ ျမင့္မားေနသည့္ ၄၆ ၿမိဳ႕နယ္မွအပ က်န္ၿမိဳ႕နယ္မ်ားမွ ေက်ာင္းမ်ားကို ႏိုဝင္ဘာ ၁ ရက္ေန႔မွ စတင္ကာ ဖြင့္လွစ္ခြင့္ျပဳထားေၾကာင္း သိရသည္။

လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အသက္ ၁၂ ႏွစ္အထက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ကိုဗစ္ကာကြယ္ေဆးမ်ား ထိုးႏွံေပးေနေၾကာင္း သိရသည္။