“နာကျည်းရင် ဘာစည်းနဲ့ကာကာ ငါတို့ရောက်အောင် လာခဲ့မှာ” ဆိုတဲ့ ပန်ဆယ်လို

နာကျည်းရင် ဘာစည်းနဲ့ကာကာ ငါတို့ရောက်အောင် လာခဲ့မှာ ဆိုတဲ့ပန်ဆယ်လို

ရင်ထဲမှာ အတော်နာကျည်းတယ်။ မနှစ်က ဒီလိုနေ့မှာ တစ်နိုင်ငံလုံး မျှော်လင့်ချက်တွေ အပြည့်နဲ့ မဲပေးခဲ့ကြတဲ့နေ့။

ပြည်သူတွေရဲ့ ဆန္ဒကို ပျက်ပျက်ထင်ထင် ပြသထားပြီးသား။ ငါတို့ရဲ့ ဒီမိုကရေစီ၊ ငါတို့ရဲ့ ဆန္ဒ။ ငါတို့က ဘာလိုချင်တယ်ဆိုတာ အခုလို ထွက်ဆန္ဒပြစရာမလိုအောင် ရှင်းရှင်းလင်းလင်း ပြသထားခဲ့ပြီသား။

ပြည်သူ့အသဲကြားက မဲတစ်ပြားကို မက်အိမ်လုံးများ စောက်ဖျင်ယားပြီး လုပ်ချင်တိုင်း လုပ်လို့ရတယ် အထင်သေးခဲ့တာ။ အခု တိုင်းပြည်က ဘာဖြစ်သွားလဲ။ စောက်ကျိုးပေါင်းစုံ နည်းခဲ့ရပြီ။ မသေသင့်ဘဲ သေခဲ့ကြတဲ့ အသက်ပေါင်းများစွာ။ ပျက်စီးခဲ့ရတဲ့ အနာဂတ်ပေါင်းများစွာ။

အာဏာဆိုတာ ပြည်သူဆီက ဆင်းသက်တာ။ လက်နက်အားကိုး MaALoe များ လုံးဝအုပ်ချုပ်ခွင့်မရဆိုတဲ့ စိတ်နဲ့ ရက်ပေါင်းများစွာ ရုန်းကန်နေတဲ့ ပြည်သူ။ ငါတို့တွေ ဘယ်လောက်ပင်ပန်းနာကျင်နေပါစေ ရပ်တန့်သွားမှာ မဟုတ်ဘူး။

စနစ်ဆိုးကို အမြစ်ချိုးနေတာ။ ဒီအမြစ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တွယ်ကပ်ဖောက်ဝင်နေခဲ့တာ။ အဆုံးထိ ဖယ်ထုတ်မှာမို့ ငါတို့လက်တွေလည်း နာကျင်နေကြရမှာ။ ဒါပေမယ့် ငါတို့ ရပ်တန့်မသွားဘူး။

ဆံဖျားကနေ ခြေဖျားအထိ ငါတို့ နာကျည်းမှုဟာ နေရာမလပ်ပဲ။ ငါတို့ရဲ့ တောက်ခေါက်သံဟာ ဒီသက္ကရာဇ်တစ်ခုလုံးကို ဖုံးလွှမ်းနေဆဲပဲ။

အာဏာဆိုတာ ပြောင်းဝကလာတဲ့ဆိုတဲ့ အတွေးအခေါ်ကို ငါတို့က အပြီးတိုင် ရိုက်ချိုးပြမှာ။ ပြည်သူ့အာဏာ ပြည်သူ့ဆီကပဲ ဆင်းသက်စေရမယ်။ ပြည်သူမပေးရင် မရစေရ။

လက်သန်းမှင်စွန်းခံရုံမက လိုအပ်ရင် လက်ညှိုးကွေးပြမယ့် ပြည်သူ။ ငါတို့မဲတွေကို မျက်ကွယ်ပြုခဲ့သမျှ အိပ်မက်ဆိုးတွေပဲ ရစေရမယ်။

ဒီပြည်သူဟာ ဒီမိုကရေစီအတွက် လက်သန်းတွေကိုပဲ မှင်စွန်းခံရဲတာ မဟုတ်ဘူး။ သွေးစွန်းခံပြီး တိုက်ယူနေကြတာ။ ငါတို့အိပ်မက်တွေ၊ ဘဝတွေကို ရိုက်ချိုးခဲ့သမျှ နောင်တကောင်းကောင်း ရစေရမယ်။

ကမ္ဘာမကြေဘူး။ ကမ္ဘာကြေရင်တောင် ဥဒါန်းမကြေစေရဘူး။ ငါတို့ရဲ့ အမုန်းတရားက နင်တို့ကို အကြားမလပ် စိုက်ဝင်စေရမယ်။ ငါတို့အနာဂတ်တွေကို ဖျက်စီးခဲ့သမျှ နင်တို့ဘဝအဆက်ဆက် ပျက်ကိုပျက်စေရမယ်။

ခွင့်လွှတ်မှုကို ငါတို့ဆီက ရကို မရစေရဘူး။ ခွင့်လွှတ်မိရင် ခွင့်လွှတ်သူကိုပါ ခွင့်မလွှတ်ကြေး။ ငါတို့ အမုန်းတရားဟာ နင်တို့ကို ကြေမွအောင် ဖျက်စီးနိုင်စေရမယ်။ ငါတို့လောင်ကျွမ်းမှုတွေထဲမှာ နင်တို့ရဲ့အရာရာပါ ပါကိုပါစေရမယ်။

နာကျည်းရင် ဘာစည်းနဲ့ကာကာ ငါတို့ရောက်အောင် လာခဲ့မှာ။

———-

နာက်ည္းရင္ ဘာစည္းနဲ႔ကာကာ ငါတို႔ေရာက္ေအာင္ လာခဲ့မွာ ဆိုတဲ့ပန္ဆယ္လို

ရင္ထဲမွာ အေတာ္နာက်ည္းတယ္။ မႏွစ္က ဒီလိုေန႔မွာ တစ္ႏိုင္ငံလုံး ေမွ်ာ္လင့္ခ်က္ေတြ အျပည့္နဲ႔ မဲေပးခဲ့ၾကတဲ့ေန႔။

ျပည္သူေတြရဲ႕ ဆႏၵကို ပ်က္ပ်က္ထင္ထင္ ျပသထားၿပီးသား။ ငါတို႔ရဲ႕ ဒီမိုကေရစီ၊ ငါတို႔ရဲ႕ ဆႏၵ။ ငါတို႔က ဘာလိုခ်င္တယ္ဆိုတာ အခုလို ထြက္ဆႏၵျပစရာမလိုေအာင္ ရွင္းရွင္းလင္းလင္း ျပသထားခဲ့ၿပီသား။

ျပည္သူ႔အသဲၾကားက မဲတစ္ျပားကို မက္အိမ္လုံးမ်ား ေစာက္ဖ်င္ယားၿပီး လုပ္ခ်င္တိုင္း လုပ္လို႔ရတယ္ အထင္ေသးခဲ့တာ။ အခု တိုင္းျပည္က ဘာျဖစ္သြားလဲ။ ေစာက္က်ိဳးေပါင္းစုံ နည္းခဲ့ရၿပီ။ မေသသင့္ဘဲ ေသခဲ့ၾကတဲ့ အသက္ေပါင္းမ်ားစြာ။ ပ်က္စီးခဲ့ရတဲ့ အနာဂတ္ေပါင္းမ်ားစြာ။

အာဏာဆိုတာ ျပည္သူဆီက ဆင္းသက္တာ။ လက္နက္အားကိုး MaALoe မ်ား လုံးဝအုပ္ခ်ဳပ္ခြင့္မရဆိုတဲ့ စိတ္နဲ႔ ရက္ေပါင္းမ်ားစြာ ႐ုန္းကန္ေနတဲ့ ျပည္သူ။ ငါတို႔ေတြ ဘယ္ေလာက္ပင္ပန္းနာက်င္ေနပါေစ ရပ္တန္႔သြားမွာ မဟုတ္ဘူး။

စနစ္ဆိုးကို အျမစ္ခ်ိဳးေနတာ။ ဒီအျမစ္ဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ တြယ္ကပ္ေဖာက္ဝင္ေနခဲ့တာ။ အဆုံးထိ ဖယ္ထုတ္မွာမို႔ ငါတို႔လက္ေတြလည္း နာက်င္ေနၾကရမွာ။ ဒါေပမယ့္ ငါတို႔ ရပ္တန္႔မသြားဘူး။

ဆံဖ်ားကေန ေျခဖ်ားအထိ ငါတို႔ နာက်ည္းမႈဟာ ေနရာမလပ္ပဲ။ ငါတို႔ရဲ႕ ေတာက္ေခါက္သံဟာ ဒီသကၠရာဇ္တစ္ခုလုံးကို ဖုံးလႊမ္းေနဆဲပဲ။

အာဏာဆိုတာ ေျပာင္းဝကလာတဲ့ဆိုတဲ့ အေတြးအေခၚကို ငါတို႔က အၿပီးတိုင္ ႐ိုက္ခ်ိဳးျပမွာ။ ျပည္သူ႔အာဏာ ျပည္သူ႔ဆီကပဲ ဆင္းသက္ေစရမယ္။ ျပည္သူမေပးရင္ မရေစရ။

လက္သန္းမွင္စြန္းခံ႐ုံမက လိုအပ္ရင္ လက္ညႇိဳးေကြးျပမယ့္ ျပည္သူ။ ငါတို႔မဲေတြကို မ်က္ကြယ္ျပဳခဲ့သမွ် အိပ္မက္ဆိုးေတြပဲ ရေစရမယ္။

ဒီျပည္သူဟာ ဒီမိုကေရစီအတြက္ လက္သန္းေတြကိုပဲ မွင္စြန္းခံရဲတာ မဟုတ္ဘူး။ ေသြးစြန္းခံၿပီး တိုက္ယူေနၾကတာ။ ငါတို႔အိပ္မက္ေတြ၊ ဘဝေတြကို ႐ိုက္ခ်ိဳးခဲ့သမွ် ေနာင္တေကာင္းေကာင္း ရေစရမယ္။

ကမာၻမေၾကဘူး။ ကမာၻေၾကရင္ေတာင္ ဥဒါန္းမေၾကေစရဘူး။ ငါတို႔ရဲ႕ အမုန္းတရားက နင္တို႔ကို အၾကားမလပ္ စိုက္ဝင္ေစရမယ္။ ငါတို႔အနာဂတ္ေတြကို ဖ်က္စီးခဲ့သမွ် နင္တို႔ဘဝအဆက္ဆက္ ပ်က္ကိုပ်က္ေစရမယ္။

ခြင့္လႊတ္မႈကို ငါတို႔ဆီက ရကို မရေစရဘူး။ ခြင့္လႊတ္မိရင္ ခြင့္လႊတ္သူကိုပါ ခြင့္မလႊတ္ေၾကး။ ငါတို႔ အမုန္းတရားဟာ နင္တို႔ကို ေၾကမြေအာင္ ဖ်က္စီးႏိုင္ေစရမယ္။ ငါတို႔ေလာင္ကြၽမ္းမႈေတြထဲမွာ နင္တို႔ရဲ႕အရာရာပါ ပါကိုပါေစရမယ္။

နာက်ည္းရင္ ဘာစည္းနဲ႔ကာကာ ငါတို႔ေရာက္ေအာင္ လာခဲ့မွာ။