ရာခိုင်နှုန်း ပိုမိုကောက်ခံပါက Wave Money ဘက်က ဖြေရှင်းပေးမယ်လို့ ထုတ်ပြန်

ငွေထုတ်တဲ့အခါ ရာခိုင်နှုန်း ပိုမိုကောက်ခံခြင်းကို ကြုံတွေ့လာရပါက Wave Money ဘက်က လိုအပ်သည်များကို ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ Wave Money က သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်ရှိတွင် ငွေထုတ်တဲ့အခါ ရာခိုင်နှုန်း ပိုတောင်းတဲ့ Wave money ကိုယ်စားလှယ် ၈၀၀ ကျော်ကို ကိုယ်စားလှယ်အဖြစ်ကရပ်ဆိုင်းလိုက်ပြီး ၉၀၀၀ ခန့်ကို သတိပေးလိုက်တယ်လို့ ဆိုပါတယ်။

Wave Money မှ တာဝန်ရှိသူတစ်ဦးက “ လူကြီးမင်းအနေနဲ့ ဝန်ဆောင်ခ ပိုမိုကောက်ခံ ခြင်းကို ကြုံတွေ့လာရပါက Wave Money ဘက်က လိုအပ်သည်များကို ဖြေရှင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အချက်အလက်ပြည့်စုံစွာဖြင့် အသိပေး အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ဆိုပါတယ်။

Wave money ကို အသုံးပြု သူများအနေဖြင့် ငွေတစ်သိန်းထုတ်ယူလျှင်ငွေကျပ် တစ် သောင်း ထပ်ဆောင်းဝန်ဆောင်မှုများကောက်ခံနေသည့် Wave Money ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ်(၈၁၂)ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းဖြင့် အရေးယူ ဆောင်ရွက်ခဲ့ တယ်လို့ဆိုပါတယ်။

ယင်းအပြင် ပထမအကြိမ်ငွေပိုကောက်ခံသည့် ကိုယ်စားလှယ်(၈,၉၆၅)ဦးအား သတိပေး မှတ်တမ်းတင်ခြင်းအဖြစ်လည်းကောင်း၊

ဒုတိယအကြိမ်ငွေပိုကောက်ခံသည့် ကိုယ်စား လှယ်(၆၅၆)ဦးအားပြင်းထန်းစွာသတိပေးမှတ်တမ်းတင်ခြင်းအဖြစ်လည်းကောင်း၊

တတိ ယ အကြိမ်ငွေပိုကောက်ခံသည့်ကိုယ်စားလှယ်(၅၉)ဦးအား ကိုယ်စားလှယ် အဖြစ်မှ ခေတ္တ ရပ်ဆိုင်းခြင်းအဖြစ်လည်းကောင်း၊

စတုတ္ထအကြိမ်ငွေပိုကောက်ခံသည့် ကိုယ်စားလှယ် (၈၁၂)ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းအဖြစ်လည်းကောင်း အရေးယူဆောင်ရွက် ခဲ့တယ်လို့ဆိုပါတယ်။

———-

ေငြထုတ္တဲ့အခါ ရာခိုင္ႏႈန္း ပိုမိုေကာက္ခံျခင္းကို ႀကဳံေတြ႕လာရပါက Wave Money ဘက္က လိုအပ္သည္မ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးသြားမယ္လို႔ Wave Money က သတင္းထုတ္ျပန္လိုက္ပါတယ္။

လက္ရွိတြင္ ေငြထုတ္တဲ့အခါ ရာခိုင္ႏႈန္း ပိုေတာင္းတဲ့ Wave money ကိုယ္စားလွယ္ ၈၀၀ ေက်ာ္ကို ကိုယ္စားလွယ္အျဖစ္ကရပ္ဆိုင္းလိုက္ၿပီး ၉၀၀၀ ခန႔္ကို သတိေပးလိုက္တယ္လို႔ ဆိုပါတယ္။

Wave Money မွ တာဝန္ရွိသူတစ္ဦးက “ လူႀကီးမင္းအေနနဲ႔ ဝန္ေဆာင္ခ ပိုမိုေကာက္ခံ ျခင္းကို ႀကဳံေတြ႕လာရပါက Wave Money ဘက္က လိုအပ္သည္မ်ားကို ေျဖရွင္း ေဆာင္႐ြက္ေပးသြားမွာ ျဖစ္တဲ့အတြက္ အခ်က္အလက္ျပည့္စုံစြာျဖင့္ အသိေပး အေၾကာင္းၾကားေပးဖို႔ ေမတၱာရပ္ခံအပ္ပါတယ္” လို႔ ဆိုပါတယ္။

Wave money ကို အသုံးျပဳ သူမ်ားအေနျဖင့္ ေငြတစ္သိန္းထုတ္ယူလွ်င္ေငြက်ပ္ တစ္ ေသာင္း ထပ္ေဆာင္းဝန္ေဆာင္မႈမ်ားေကာက္ခံေနသည့္ Wave Money ၏ ေဒသဆိုင္ရာ ကိုယ္စားလွယ္(၈၁၂)ဦးအား ကိုယ္စားလွယ္အျဖစ္မွ ရပ္စဲျခင္းျဖင့္ အေရးယူ ေဆာင္႐ြက္ခဲ့ တယ္လို႔ဆိုပါတယ္။

ယင္းအျပင္ ပထမအႀကိမ္ေငြပိုေကာက္ခံသည့္ ကိုယ္စားလွယ္(၈,၉၆၅)ဦးအား သတိေပး မွတ္တမ္းတင္ျခင္းအျဖစ္လည္းေကာင္း၊

ဒုတိယအႀကိမ္ေငြပိုေကာက္ခံသည့္ ကိုယ္စား လွယ္(၆၅၆)ဦးအားျပင္းထန္းစြာသတိေပးမွတ္တမ္းတင္ျခင္းအျဖစ္လည္းေကာင္း၊

တတိ ယ အႀကိမ္ေငြပိုေကာက္ခံသည့္ကိုယ္စားလွယ္(၅၉)ဦးအား ကိုယ္စားလွယ္ အျဖစ္မွ ေခတၱ ရပ္ဆိုင္းျခင္းအျဖစ္လည္းေကာင္း၊

စတုတၳအႀကိမ္ေငြပိုေကာက္ခံသည့္ ကိုယ္စားလွယ္ (၈၁၂)ဦးအား ကိုယ္စားလွယ္အျဖစ္မွ ရပ္စဲျခင္းအျဖစ္လည္းေကာင္း အေရးယူေဆာင္႐ြက္ ခဲ့တယ္လို႔ဆိုပါတယ္။