
ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ ရဲ့ ၀င်ငွေအကောင်းဆုံး အမျိုးသမီး စာရေးဆရာမတယောက်ဖြစ်ပါတယ်။
သူမ ရေးသားထားတဲ့ စာအုပ်တွေဟာ ကမ္ဘာ့စာပေ လောကမှာအကြိမ်ကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်တွေဖြစ်ကြပါတယ်။
– Letters from Burma (၅) ကြိမ်မြောက်
– Freedom from Fear (၉) ကြိမ်မြောက်
– The voice of Hope (၁၅) ကြိမ်မြောက် ထုတ်ဝေခဲ့ ကြတာပါ။
ဒီစာရင်းဟာ Amazon.com လိုမျိုး အွန်လိုင်းမှာ ရောင်းချတဲ့ အွန်လိုင်းစျေးကွက်မပါဝင်သေးပါဘူး။
ပြည်ပ Printed Media တွေဟာ တစ်ခါထုတ်ရင် အုပ်ရေ (၅) သောင်း ၊ (၁) သိန်း ထုတ်လေ့ရှိကြပါတယ်။
စာမူခကို ပထမဦးဆုံးအကြိမ် ဒေါ်လာ ၄,၀၀၀ မှ ဒေါ်လာ ၁၀,၀၀၀ ပတ်ဝန်းကျင် ပေးလေ့ရှိပြီး၊စာအုပ်တစ်အုပ် ကို royalties ၁၀% ထပ်ပေးပါတယ်။
စာအုပ်ရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၀ ဖြစ်မယ်ဆိုရင် တစ်အုပ်ရောင်းရတိုင်း ၂ ဒေါ်လာ ရရှိမှာပါ။
နမူနာ အနေနဲ့ တွက်ချက်ပြရမယ် ဆိုရင် Freedom from Fear၂ ဒေါ်လာ x ၅၀,၀၀၀ အုပ်ရေ x ၉ ကြိမ်
= ဒေါ်လာ ၉၀၀,၀၀၀ (၉ သိန်း) ၀င်ငွေရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရေးသားတည်းဖြတ်ခဲ့သော စာအုပ် စာရင်းမှာ
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး၊ မျှော်လင့်ခြင်း၏ အသံများ၊ မြန်မာပြည်မှ ပေးစာများ၊ ဗမာ့ အောင်ဆန်း၊
အောင်ဆန်း၊ အာရှနိုင်ငံမှ ခေါင်းဆောင်များ၊ ဘူတန်သို့ သွားလည်ကြစို့၊ မြန်မာပြည်သို့ အလည်တစ်ခေါက်၊ နီပေါသို့ သွားလည်ကြစို့၊
မျက်နှာဖုံး နောက်ကွယ်ရှိ မြန်မာပြည်၊ မြန်မာနှင့် အိန္ဒိယ ကိုလိုနီလက်အောက်ဘ၀များ၏ ရှုထောင့်များ၊ စစ်မှန်သော ခိုကိုးရာ ဆီသို့ တို့ဖြစ်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုဆုငွေဒေါ်လာ ၁.၃ သန်း၏ ငွေကြေးအားလုံးကိုမြန်မာနိုင်ငံ ကျန်းမာရေးနှင့် ပညာရေးများအတွက်ရံပုံငွေ အဖြစ် ထူထောင်ခဲ့ပါတယ်။
Credit Original Post
ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
———
ဒီစာရင်းဟာ Amazon.com လိုမျိုး အွန်လိုင်းမှာ ရောင်းချတဲ့ အွန်လိုင်းဈေးကွက်မပါဝင်သေးပါဘူး။
Credit Original Post