
လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေ အသုံးပြုနိုင်ဖို့ SAC ဆွေးနွေး
မြို့ပြတွေမှာ လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေ တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်နေမှုအခြေအနတွေကို အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ အထူးအစည်းအဝေးတစ်ခုမှာ SAC လက်အောက်ခံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာလ ၁၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များရဲ့ အထူးအစည်းအဝေးမှာ SAC လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက တက်ရောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ SAC အနေနဲ့ မြို့ပြတွေမှာ လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေ တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်နေမှုအပါအဝင် ကိုယ်ပိုင်ယာဉ်တွေအစား အများပြည်သူပို့ဆောင်ရေးစနစ်ကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်နေမှုတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပြင်ဆင်နေမှုတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျော့ချရေးနဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဆိုးကျိုးတွေလျော့ပါးစေရေးကို ရည်မှန်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့လည်း ပြီးခဲ့တဲ့လပိုင်းကပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေမှာ တစ်နိုင်ငံလုံး လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့နဲ့ မြို့ပြတွေမှာ သုံးတဲ့ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်လို့ ပြောဆိုခဲ့တာတွေ ရှိပါတယ်။
ပုံစာ- ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ အထူးအစည်းအဝေး တက်ရောက်စဉ်။
Mercury_Media
————
လွ်ပ္စစ္ရထား၊ လွ်ပ္စစ္ကားေတြ အသုံးျပဳႏိုင္ဖို႔ SAC ေဆြးေႏြး
ၿမိဳ႕ျပေတြမွာ လွ်ပ္စစ္ရထား၊ လွ်ပ္စစ္ကားေတြ တိုးျမႇင့္အသုံးျပဳႏိုင္ေရး ျပင္ဆင္ေနမႈအေျခအနေတြကို အာဆီယံႏွင့္ ေဆြးေႏြးဖက္ႏိုင္ငံမ်ား အထူးအစည္းအေဝးတစ္ခုမွာ SAC လက္ေအာက္ခံပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးက ထည့္သြင္းေဆြးေႏြးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။
ႏိုဝင္ဘာလ ၁၂ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ အာဆီယံႏွင့္ ေဆြးေႏြးဖက္ႏိုင္ငံမ်ား၊ ဖြံ႕ၿဖိဳးမႈမိတ္ဖက္မ်ားရဲ႕ အထူးအစည္းအေဝးမွာ SAC လက္ေအာက္ခံ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္ဆန္းက တက္ေရာက္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဒီအစည္းအေဝးမွာ SAC အေနနဲ႔ ၿမိဳ႕ျပေတြမွာ လွ်ပ္စစ္ရထား၊ လွ်ပ္စစ္ကားေတြ တိုးျမႇင့္အသုံးျပဳႏိုင္ေရး ျပင္ဆင္ေနမႈအပါအဝင္ ကိုယ္ပိုင္ယာဥ္ေတြအစား အမ်ားျပည္သူပို႔ေဆာင္ေရးစနစ္ကို တိုးျမႇင့္အသုံးျပဳႏိုင္ေရး ျပင္ဆင္ေနမႈေတြကို ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။
အခုလို ျပင္ဆင္ေနမႈေတြဟာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ထုတ္လႊတ္မႈ ေလ်ာ့ခ်ေရးနဲ႔ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ေၾကာင့္ ျပည္သူေတြရဲ႕ လူမႈစီးပြားဆိုးက်ိဳးေတြေလ်ာ့ပါးေစေရးကို ရည္မွန္းေဆာင္႐ြက္ျခင္းျဖစ္တယ္လို႔ ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနနဲ႔လည္း ၿပီးခဲ့တဲ့လပိုင္းကျပဳလုပ္ခဲ့တဲ့ အစည္းအေဝးေတြမွာ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ရထားေတြ ေျပးဆြဲဖို႔နဲ႔ ၿမိဳ႕ျပေတြမွာ သုံးတဲ့ကားေတြက လွ်ပ္စစ္ကားေတြျဖစ္ရမယ္လို႔ ေျပာဆိုခဲ့တာေတြ ရွိပါတယ္။
ပုံစာ- ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္ဆန္း အာဆီယံႏွင့္ ေဆြးေႏြးဖက္ႏိုင္ငံမ်ား အထူးအစည္းအေဝး တက္ေရာက္စဥ္။
Mercury_Media