ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KPICT နဲ့ CRPH တို့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်ချက်များ ဆွေးနွေး

ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KPICT နဲ့ CRPH တို့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်ချက်တွေ ဆွေးနွေး

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ပါဝင်တဲ့ ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

(CRPH) တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်ချက်တွေကို နိုဝင်ဘာ ၁၃ ရက် မနေ့က ဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိရေး အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ပြီး ဆက်ပြီးတော့ ပုံမှန်တွေ့ဆုံသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြ ကြောင်း ဖော်ပြထားပါတယ်။

ဒီကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) မှာ ဥက္ကဋ္ဌ ကျန်မကြားတူးရှန်၊ အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊ တွဲဖက်အတွင်းရေးမှူး ဦးခွန်းအောင် နဲ့ ဗိုလ်ချုပ် ဂွမ်မော် တို့ ပါဝင်နေတယ်လို့လည်း ရေးသားထားပါတယ်။

CRPH ဘက်ကတော့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးထွန်းမြင့်၊ ဒေါ်ဖြူဖြူသင်း၊ မိုင်းလမင်းထွန်း တို့လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

KPICT ကို ပြည်တွင်း၊ ပြည်ပရှိ ကချင်အဖွဲ့အစည်း ငါးခုက ကိုယ်စားလှယ် ၁၅ ယောက်နဲ့ မတ်လ ၁၅ ရက်နေ့မှာ စုဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မတ်လ ၂၂ ရက်နေ့မှာတော့ CRPH နဲ့ ဆွေးနွေးမှု စတင်လုပ်လာပြီး မေလ ၂၇ ရက်နေ့မှာ ကြားကာလ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပုံစာ- KPICT နဲ့ CRPH ဆို့ အစည်းအဝေးပြုလုပ်စဉ်။

Mercury_Media

————- 

ဗိုလ္ခ်ဳပ္ဂြမ္ေမာ္ ဦးေဆာင္တဲ့ KPICT နဲ႔ CRPH တို႔ ဖက္ဒရယ္ဒီမိုကေရစီရရွိေရး ေဆာင္႐ြက္ခ်က္ေတြ ေဆြးေႏြး

KIA ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ဂြမ္ေမာ္ပါဝင္တဲ့ ၾကားကာလ ကခ်င္ႏိုင္ငံေရး ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (KPICT) နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ

(CRPH) တို႔ဟာ ဖက္ဒရယ္ဒီမိုကေရစီရရွိေရး ေဆာင္႐ြက္ခ်က္ေတြကို ႏိုဝင္ဘာ ၁၃ ရက္ မေန႔က ေဆြးေႏြးခဲ့တယ္လို႔ CRPH က ထုတ္ျပန္ပါတယ္။

ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္တဲ့ အေျခအေန၊ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီရရွိေရး အေျခအေနေတြကိုလည္း ေဆြးေႏြးခဲ့ၿပီး ဆက္ၿပီးေတာ့ ပုံမွန္ေတြ႕ဆုံသြားမယ္လို႔ ဆုံးျဖတ္ခဲ့ၾက ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီၾကားကာလ ကခ်င္ႏိုင္ငံေရး ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (KPICT) မွာ ဥကၠ႒ က်န္မၾကားတူးရွန္၊ အတြင္းေရးမႉး ဦးအင္ဆန္ဂြမ္ဆန္၊ တြဲဖက္အတြင္းေရးမႉး ဦးခြန္းေအာင္ နဲ႔ ဗိုလ္ခ်ဳပ္ ဂြမ္ေမာ္ တို႔ ပါဝင္ေနတယ္လို႔လည္း ေရးသားထားပါတယ္။

CRPH ဘက္ကေတာ့ ဥကၠ႒ ဦးေအာင္ၾကည္ၫြန႔္၊ အတြင္းေရးမႉး အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ ဦးထြန္းျမင့္၊ ေဒၚျဖဴျဖဴသင္း၊ မိုင္းလမင္းထြန္း တို႔လည္း ပါဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။

KPICT ကို ျပည္တြင္း၊ ျပည္ပရွိ ကခ်င္အဖြဲ႕အစည္း ငါးခုက ကိုယ္စားလွယ္ ၁၅ ေယာက္နဲ႔ မတ္လ ၁၅ ရက္ေန႔မွာ စုဖြဲ႕ထားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ မတ္လ ၂၂ ရက္ေန႔မွာေတာ့ CRPH နဲ႔ ေဆြးေႏြးမႈ စတင္လုပ္လာၿပီး ေမလ ၂၇ ရက္ေန႔မွာ ၾကားကာလ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ပုံစာ- KPICT နဲ႔ CRPH ဆို႔ အစည္းအေဝးျပဳလုပ္စဥ္။

Mercury_Media