
သရုပ်ဆောင် ယဉ်လက်အိမ် ဗုံးခွဲခံရ
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ထဲက သရုပ်ဆောင်ယဉ်လက်အိမ်ဟာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်းမှာရှိတဲ့ မင်းသမီးယဉ်လက်ရဲ့ နေအိမ်ဟာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာပါ။
ကျိုက္ကဆံရပ်ကွက်က နာမည်ကြီး တပ်သတင်းပေးတစ်ဦးပစ်သတ်ခံရပြီး လက်နက်ကိုင် SAC တပ်သားတွေ ရောက်လာချိန်မှာပဲ တပ်ထောက်ခံသူ မင်းသမီးယဉ်လက်ရဲ့အိမ် ဗုံးခွဲခံလိုက်ရတာပါ။
လတ်တလောမှာ ကျိုက္ကဆံရပ်ကွက်အတွင်း လက်နက်ကိုင် SAC တပ်သားတွေက လမ်းကို ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
သရုပ်ဆောင်ယဉ်လတ်ဟာ SAC ရဲ့ဝါဒဖြန့်အစီအစဉ်တွေမှာ အနုပညာနဲ့တတ်အားသမျှ ပါဝင်နေတဲ့သူလည်းဖြစ်ပါတယ်။
Mercury_Media
———-
ရန်ကုန်၊ နိုဝင်ဘာ ၁၅
Mercury_Media