
CDM ဗိုလ်မှူးတစ်ဦး ဦးဆောင်ပြီး SAC ကို တိုက်ခိုက်ဖို့ PSDF ဖွဲ့စည်း
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ထားတဲ့ တပ်မတော်သားတွေ ပါဝင်တဲ့ People Soldiers’ Defense Forceကို CDM တပ်မတော်သားဗိုလ်မှူးတစ်ဦးက ဦးဆောင်ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၄ ရက် မနေ့က ကြေညာပါတယ်။
CDM တပ်မတော်သားတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးညီသုတရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း အဲ့ဒီအကြောင်းအရာကို မျှဝေခဲ့ပါတယ်။
“CDM တပ်မတော်သား ဗိုလ်မှူးဦးဆောင်တဲ့ People Soldiers’ Defense Force။ ပြည်သူတွေအတွက် အင်အားတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ PSDF အောင်မြင်ပါစေ “လို့ ၎င်းက ရေးသားထားပါတယ်။
PSDF ဟာ အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် CDM တပ်မတော်သားတွေပါဝင်တဲ့ တိုက်ခိုက်ရေး အင်အားစုတွေ ဖွဲ့စည်းဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးတွေလုပ်ဆောင်ဖို့နဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ် တပ်မတော်တည်ဆောက်ရေးမှာ ပါဝင်အားဖြည့်မယ်လို့ အသိပေးထားပါတယ်။
Mercury_Media
———
CDM ဗိုလ္မႉးတစ္ဦး ဦးေဆာင္ၿပီး SAC ကို တိုက္ခိုက္ဖို႔ PSDF ဖြဲ႕စည္း
ရန္ကုန္၊ ႏိုဝင္ဘာ ၁၅
ျပည္သူ႔အာဏာဖီဆန္ေရးလႈပ္ရွားမႈ(CDM)လုပ္ထားတဲ့ တပ္မေတာ္သားေတြ ပါဝင္တဲ့ People Soldiers’ Defense Forceကို CDM တပ္မေတာ္သားဗိုလ္မႉးတစ္ဦးက ဦးေဆာင္ဖြဲ႕စည္းေၾကာင္း ႏိုဝင္ဘာ ၁၄ ရက္ မေန႔က ေၾကညာပါတယ္။
CDM တပ္မေတာ္သားတစ္ဦးျဖစ္တဲ့ ဗိုလ္ႀကီးညီသုတရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာလည္း အဲ့ဒီအေၾကာင္းအရာကို မွ်ေဝခဲ့ပါတယ္။
“CDM တပ္မေတာ္သား ဗိုလ္မႉးဦးေဆာင္တဲ့ People Soldiers’ Defense Force။ ျပည္သူေတြအတြက္ အင္အားတစ္ရပ္ျဖစ္လာမယ္လို႔ ယုံၾကည္ပါတယ္။ PSDF ေအာင္ျမင္ပါေစ “လို႔ ၎က ေရးသားထားပါတယ္။
PSDF ဟာ အာဏာရွင္ကို တိုက္ထုတ္ဖို႔အတြက္ CDM တပ္မေတာ္သားေတြပါဝင္တဲ့ တိုက္ခိုက္ေရး အင္အားစုေတြ ဖြဲ႕စည္းဖို႔၊ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ လက္တြဲၿပီး စစ္ဆင္ေရးေတြလုပ္ေဆာင္ဖို႔နဲ႔ အနာဂတ္ ဖယ္ဒရယ္ျပည္ေထာင္စုနဲ႔ ဖက္ဒရယ္ တပ္မေတာ္တည္ေဆာက္ေရးမွာ ပါဝင္အားျဖည့္မယ္လို႔ အသိေပးထားပါတယ္။
Mercury_Media