အလှမယ်လေး မေသစ္စာမောင် ယနေ့ ဇွန်လ ၇ ရက်နေ့ညမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရ

မော်ဒယ်လ် မေသစ္စာမောင်ကွယ်လွန်

​မော်ဒယ်လ် မေသစ္စာမောင် ဟာ ယနေ့ ဇွန်လ ၇ ရက်နေ့ညမှာ ကား Accident ဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ထင်ရှားတဲ့LGBT တစ်ဦး ဖြစ်ပြီး ငယ်ရွယ်လှပပြီး အနုပညာလောကမှာ အောင်မြင်မှုတွေ ရလာသူလေး တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ကွယ်လွန်ခြင်းအတွက် သူငယ်ချင်း မိတ်ဆွေများကလည်း ဝမ်းနည်း မယုံနိုင် ဖြစ်နေကြရပါတယ်။

မေသစ္စာမောင် ရုတ်တရက်ကွယ်လွန်သွား‌ကြောင်း ကြားသိရသည့်အတွက် မိသားစုနဲ့အထူ ထပ်တူ ဝမ်းနည်းရပါတယ်။ကောင်းရာသုဂတိ ရောက်ရှိပါစေ…။

Source : Thinkayta Media

———




