ပုသိမ်တွင် ရေကြောင်းရဲတပ်ဖွဲ့စခန်း တိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက ယနေ့ည ၇ နာရီ ၄၀ လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၆ ရပ်ကွက် ကမ်းနားမှာရှိတဲ့ ယခင်က အသည်းကြီးရဲစခန်း ဟောင်းက ရေကြောင်းရဲတပ်ဖွဲ့ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကို သေနတ်သံတွေကြားနေရပေမယ့် အိမ်တွေမီးပိတ်ပြီးနေနေရလို့ မည်သည့်အဖွဲ့အစည်းက လာပြီး ပစ်တယ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

ပုသိမ်မြို့နယ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဝန်ကြီးချုပ်လမ်းကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ချောင်းသာ ကမ်းခြေဖွင့်ပွဲက ပြန်လာတဲ့ ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ယာဥ်တန်းဟာ ပုသိမ်မြို့နဲ့ ၁၅ မိုင်လောင်ဝေးတဲ့ ရှောပြာရွာအနီး တိုက်ခိုက်ခံရတာဖြစ်ပြီးတော့ ကားတွေဟာ မှန်တွေကွဲပြီးထိခိုက်မှု အချို့ရှိခဲ့တယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီယာဉ်တန်းက ကား ၇ စီးဟာ မီးခိုးတွေထွက်နေခဲ့ပြီး ပုသိမ်ဘက်ကို အတင်း ပြန်မောင်းပြီးပြန်ဝင်လာခဲ့တာကိုတွေ့ရကြောင်းလည်း ပုသိမ်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီးယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက်မှာတော့ ပုသိမ်က စစ်ကြောင်းတစ်ကြောင်း နာရီပိုင်းအတွင်းရောက်လာပြီး အနီးတစ်ဝိုက်ကို လာရောက်ရှာဖွေမှုတွေလုပ်ခဲ့ကြောင်း ဒီကနေ့မှာ အဲ့ဒီစစ်ကြောင်းပြန်သွားပြီလို့ လည်းဒေသခံတွေက ပြောပါတယ်။

ထိုယာဉ်တန်းတွင် ချောင်းသာကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနားမှ ပြန်လာသော ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် ဧရာဝတီ တိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ လိုက်ပါလာသည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်မှုအပြီး ၁၀ ဦးဖမ်းဆီးထားပြီးတော့ ဆက်လက်စစ်မေးမှုတွေ ရှိနေလို့ ဒေသခံတွေက စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းကျဆုံးသွားသည်ဟု ပုသိမ်အနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PWDF)တာဝန်ရှိသူက ပြောကြောင်း Mizzima သတင်းမှာဖော်ပြထားပါတယ်။

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်း စသည့် တိုင်းသုံးတိုင်းတွင် ပြည်သူ့ခုခံစစ် စတင်ကြောင်းကြေညာသည့် စက်တင်ဘာ ၇ မှစ၍ စစ်ဆင်ရေးအသွင်ဖြင့် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်တွင် တိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့သည်ဟု NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

ဓာတ်ပုံ – ရေကြောင်းရဲတပ်ဖွဲ့

———–

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္မွာရွိတဲ့ ေရေၾကာင္းရဲတပ္ဖြဲ႕စခန္းကို ေဒသခံ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြက ယေန႔ည ၇ နာရီ ၄၀ ေလာက္မွာ ဝင္ေရာက္ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။

အမွတ္ ၆ ရပ္ကြက္ ကမ္းနားမွာရွိတဲ့ ယခင္က အသည္းႀကီးရဲစခန္း ေဟာင္းက ေရေၾကာင္းရဲတပ္ဖြဲ႕ကို ေဒသခံေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြက ဝင္ေရာက္ပစ္ခတ္ခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။

အျပန္အလွန္ပစ္ခတ္မႈေတြကို ေသနတ္သံေတြၾကားေနရေပမယ့္ အိမ္ေတြမီးပိတ္ၿပီးေနေနရလို႔ မည္သည့္အဖြဲ႕အစည္းက လာၿပီး ပစ္တယ္ဆိုတာနဲ႔ ထိခိုက္ဒဏ္ရာရရွိမႈေတြကိုေတာ့ အတည္က်မသိရေသးဘူးလို႔ ဆိုပါတယ္။

ပုသိမ္ၿမိဳ႕နယ္မွာ ႏိုဝင္ဘာလ ၁၅ ရက္ေန႔ကလည္း ဝန္ႀကီးခ်ဳပ္လမ္းေၾကာင္းကို ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြက ဝိုင္းၿပီး ပစ္ခတ္တိုက္ခိုက္ခဲ့ပါေသးတယ္။

ေခ်ာင္းသာ ကမ္းေျခဖြင့္ပြဲက ျပန္လာတဲ့ ဟိုတယ္ခရီး ျပည္ေထာင္စုဝန္ႀကီး ယာဥ္တန္းဟာ ပုသိမ္ၿမိဳ႕နဲ႔ ၁၅ မိုင္ေလာင္ေဝးတဲ့ ေရွာျပာ႐ြာအနီး တိုက္ခိုက္ခံရတာျဖစ္ၿပီးေတာ့ ကားေတြဟာ မွန္ေတြကြဲၿပီးထိခိုက္မႈ အခ်ိဳ႕ရွိခဲ့တယ္လို႔ ေျပာပါတယ္။

ပစ္ခတ္မႈေၾကာင့္ စစ္ေကာင္စီယာဥ္တန္းက ကား ၇ စီးဟာ မီးခိုးေတြထြက္ေနခဲ့ၿပီး ပုသိမ္ဘက္ကို အတင္း ျပန္ေမာင္းၿပီးျပန္ဝင္လာခဲ့တာကိုေတြ႕ရေၾကာင္းလည္း ပုသိမ္ေဒသခံေတြက ေျပာပါတယ္။

စစ္ေကာင္စီဝန္ႀကီးယာဥ္တန္း တိုက္ခိုက္ခံရၿပီးေနာက္မွာေတာ့ ပုသိမ္က စစ္ေၾကာင္းတစ္ေၾကာင္း နာရီပိုင္းအတြင္းေရာက္လာၿပီး အနီးတစ္ဝိုက္ကို လာေရာက္ရွာေဖြမႈေတြလုပ္ခဲ့ေၾကာင္း ဒီကေန႔မွာ အဲ့ဒီစစ္ေၾကာင္းျပန္သြားၿပီလို႔ လည္းေဒသခံေတြက ေျပာပါတယ္။

ထိုယာဥ္တန္းတြင္ ေခ်ာင္းသာကမ္းေျခ ခရီးသြားရာသီဖြင့္ပြဲ အခမ္းအနားမွ ျပန္လာေသာ ဟိုတယ္ႏွင့္ခရီးသြား ဝန္ႀကီး ေဒါက္တာ ေဌးေအာင္ႏွင့္ ဧရာဝတီ တိုင္း ဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္းတို႔ လိုက္ပါလာသည္ဟု ေဒသခံမ်ားက ေျပာသည္။

ပစ္ခတ္မႈအၿပီး ၁၀ ဦးဖမ္းဆီးထားၿပီးေတာ့ ဆက္လက္စစ္ေမးမႈေတြ ရွိေနလို႔ ေဒသခံေတြက စိုးရိမ္မႈေတြရွိေနတယ္လို႔ ေျပာပါတယ္။

ယင္းျဖစ္စဥ္ေၾကာင့္ စစ္ေကာင္စီတပ္သား ၁၀ ဦးထက္ မနည္းက်ဆုံးသြားသည္ဟု ပုသိမ္အေနာက္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PWDF)တာဝန္ရွိသူက ေျပာေၾကာင္း Mizzima သတင္းမွာေဖာ္ျပထားပါတယ္။

ရန္ကုန္၊ ပဲခူးႏွင့္ ဧရာဝတီတိုင္း စသည့္ တိုင္းသုံးတိုင္းတြင္ ျပည္သူ႔ခုခံစစ္ စတင္ေၾကာင္းေၾကညာသည့္ စက္တင္ဘာ ၇ မွစ၍ စစ္ဆင္ေရးအသြင္ျဖင့္ စစ္ေကာင္စီပစ္မွတ္မ်ားကို တိုက္ခိုက္လ်က္ရွိရာ ႏိုဝင္ဘာ ၁၅ ရက္တြင္ တိုက္ခိုက္မႈအမ်ားဆုံးျပဳလုပ္ခဲ့သည္ဟု NUG ၏ ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ဆိုသည္။

ဓာတ္ပုံ – ေရေၾကာင္းရဲတပ္ဖြဲ႕