ဆေးပေါင်းခတဲ့ညမှာ ဆေးအဖြစ်စားသုံးလေ့ရှိကြတဲ့ မဲဇလီဖူးရဲ့ အစွမ်း (ဖတ်ပြီးရင် ထလုပ်ပြီး စားချင်စိတ် ပေါက်သွားမှာ သေချာတယ်)

ဆေးပေါင်းခတဲ့ညမှာ ဆေးအဖြစ်စားသုံးလေ့ရှိကြတဲ့ မဲဇလီဖူး အစွမ်း

မြန်မာတို့ရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့တန်ဆောင်တိုင်ပွဲတော်မှာ မပါမဖြစ်ပါဝင်ကာ ဆေးအဖြစ်စားသုံးလေ့ရှိကြတဲ့ မဲဇလီဖူးရဲ့ဆေးဘက်ဝင်အစွမ်းထက်ပုံတို့ကိုပြန်လည်မျှဝေလိုက်ရပါတယ်။

သွေးတွင်းကိုလက်စထရော ကျစေတယ်။

မယ်ဇလီဖူးကသွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီးကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ဝိတ်ကျချင်သူတိုင်းစားပေးသင့်ပါတယ်။အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်းရပါတယ်။

အရေပြားကျန်းမာစေတယ်။

မယ်ဇလီဖူးကအရေပြားပေါ်ကအမာရွတ်တွေ၊အမဲစက်တွေကိလည်းသက်သာစေနိုင်ပါတယ်။ အခြောက်ခံ အမှုန့်လုပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်လို့ အရေပြားပေါ်မှာလိမ်းပေးလို့ရသလို စားပေးလို့လည်းရပါတယ်။

ကိုယ်နံ့ကင်းစေတယ်။

ကိုယ်နံ့ပြင်းတာကြောင့်စိတ်ညစ်နေတယ်ဆိုရင်သဘာဝဆေးနည်းလေးဖြစ်တဲ့ မယ်ဇလီဖူးကို စားပေးပါ။ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေမှာပါ။

သဘာဝဝမ်းနှုတ်ဆေးဖြစ်တာကြောင့်လိပ်ခေါင်းသမားတွေအတွက်ဓာတ်စာဖြစ်တဲ့ မဲဇလီဖူးဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။

မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင်တစ်ခုကလေဒီလေးတွေရဲ့ဆီးလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာပါ။ဘက်တီးရီးယား ပေါက်ဖွားမှုကိုဟန့်တားပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်းအထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ဝမ်းမှန်စေတယ်။

မယ်ဇလီဖူးက သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပါ။အစာခြေစနစ်ကိုကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကိုကောင်းစေတာကြောင့်ဝမ်းချုပ်တတ်သူတွေအတွက်အထူးသင့်တော်ပါတယ်။

ရာသီလာစဉ်နာကျင်ကိုက်ခဲတာကိုသက်သာစေတယ်။

မယ်ဇလီဖူးရဲ့နောက်ထပ် အာနိသင်တစ်ခုက လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေတာပါ။ရာသီသွေးကို မှန်စေပြီး သွေးတွေ အများကြီးဆင်းတာမျိုးမဖြစ်စေဖို့လည်းကာကွယ်ပေးပါတယ်။

ဆေးဖက်ဝင်တယ်ဆိုလို့ စားနေကြပေမဲ့ အကျိုးအာနိသင် မသိသေးသူများအတွက် ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။

————— 

ေဆးေပါင္းခတဲ့ညမွာ ေဆးအျဖစ္စားသုံးေလ့ရွိၾကတဲ့ မဲဇလီဖူး အစြမ္း

ျမန္မာတို႔ရဲ႕ ႐ိုးရာပြဲေတာ္တစ္ခုျဖစ္တဲ့တန္ေဆာင္တိုင္ပြဲေတာ္မွာ မပါမျဖစ္ပါဝင္ကာ ေဆးအျဖစ္စားသုံးေလ့ရွိၾကတဲ့ မဲဇလီဖူးရဲ႕ေဆးဘက္ဝင္အစြမ္းထက္ပုံတို႔ကိုျပန္လည္မွ်ေဝလိုက္ရပါတယ္။

ေသြးတြင္းကိုလက္စထေရာ က်ေစတယ္။

မယ္ဇလီဖူးကေသြးတြင္းကိုလက္စထေရာကိုက်ဆင္းေစၿပီးကိုယ္အေလးခ်ိန္ကို အေကာင္းဆုံး ထိန္းညႇိေပးႏိုင္ပါတယ္။ဝိတ္က်ခ်င္သူတိုင္းစားေပးသင့္ပါတယ္။အေျခာက္ခံၿပီး ေရေႏြးနဲ႔ စိမ္ေသာက္ေပးလို႔လည္းရပါတယ္။

အေရျပားက်န္းမာေစတယ္။

မယ္ဇလီဖူးကအေရျပားေပၚကအမာ႐ြတ္ေတြ၊အမဲစက္ေတြကိလည္းသက္သာေစႏိုင္ပါတယ္။ အေျခာက္ခံ အမႈန႔္လုပ္ၿပီး ေရနဲ႔ ခပ္ပ်စ္ပ်စ္ေဖ်ာ္လို႔ အေရျပားေပၚမွာလိမ္းေပးလို႔ရသလို စားေပးလို႔လည္းရပါတယ္။

ကိုယ္နံ႔ကင္းေစတယ္။

ကိုယ္နံ႔ျပင္းတာေၾကာင့္စိတ္ညစ္ေနတယ္ဆိုရင္သဘာဝေဆးနည္းေလးျဖစ္တဲ့ မယ္ဇလီဖူးကို စားေပးပါ။ကိုယ္တြင္းကအဆိပ္အေတာက္ေတြကိုဖယ္ရွားေပးၿပီး ကိုယ္နံ႔ျပင္းတာကို သက္သာေစမွာပါ။

သဘာဝဝမ္းႏႈတ္ေဆးျဖစ္တာေၾကာင့္လိပ္ေခါင္းသမားေတြအတြက္ဓာတ္စာျဖစ္တဲ့ မဲဇလီဖူးဆီးလမ္းေၾကာင္း ပိုးဝင္တာကို သက္သာေစႏိုင္တယ္။

မယ္ဇလီဖူးရဲ႕ ေနာက္ထပ္အာနိသင္တစ္ခုကေလဒီေလးေတြရဲ႕ဆီးလမ္းေၾကာင္းပိုးဝင္တာကို အထိေရာက္ဆုံး သက္သာေစႏိုင္တာပါ။ဘက္တီးရီးယား ေပါက္ဖြားမႈကိုဟန႔္တားေပးၿပီး ကိုယ္တြင္းက အဆိပ္အေတာက္ေတြကိုလည္းအထိေရာက္ဆုံးဖယ္ရွားေပးႏိုင္ပါတယ္။

ဝမ္းမွန္ေစတယ္။

မယ္ဇလီဖူးက သဘာဝဝမ္းႏုတ္ေဆးတစ္မ်ိဳးပါ။အစာေျခစနစ္ကိုက်န္းမာေစၿပီး အူေတြရဲ႕ လႈပ္ရွားမႈကိုေကာင္းေစတာေၾကာင့္ဝမ္းခ်ဳပ္တတ္သူေတြအတြက္အထူးသင့္ေတာ္ပါတယ္။

ရာသီလာစဥ္နာက်င္ကိုက္ခဲတာကိုသက္သာေစတယ္။

မယ္ဇလီဖူးရဲ႕ေနာက္ထပ္ အာနိသင္တစ္ခုက ေလဒီေလးေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ ရာသီလာစဥ္နာက်င္ကိုက္ခဲမႈကို သက္သာေစတာပါ။ရာသီေသြးကို မွန္ေစၿပီး ေသြးေတြ အမ်ားႀကီးဆင္းတာမ်ိဳးမျဖစ္ေစဖို႔လည္းကာကြယ္ေပးပါတယ္။

ေဆးဖက္ဝင္တယ္ဆိုလို႔ စားေနၾကေပမဲ့ အက်ိဳးအာနိသင္ မသိေသးသူမ်ားအတြက္ ဗဟုသုတအျဖစ္ျပန္လည္မွ်ေဝေပးျခင္းျဖစ္ပါတယ္။