
စေ့စပ်ဆွေးနွေးရေး လမ်းစဉ်ကို ဦးတည်လျှောက်လှမ်းမည် မဟုတ်ကြောင်း ဦမင်းကိုနိုင်က ပြော
စစ်အာဏာရှင်များ စိတ်တိုင်းကျ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်သွားမည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( NUCC )တွင် ပါဝင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။
ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အရေးပါသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကို ပြန်သွားမှာ မဟုတ်ဘူး။ ဒါကတော့ သေချာတယ်။ ဒီလောက်ဆို တော်တော်ကြီးကို သဘောပေါက်မယ်လို့ ထင်တယ်” ဟု ဦးမင်းကိုနိုင်က ပြောသည်။
လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် မူကြမ်းလည်း ရေးဆွဲထားပြီး ယင်းလမ်းစဉ်အတိုင်း ဆက်သွားနေခြင်းဖြစ်သည့်အတွက် NUCC အပါအဝင် တော်လှန်ရေး အင်အားစုများသည် အာဏာသိမ်း စစ်ကောင်စီနှင့် စေ့စပ်ဆွေးနွေးရေး လမ်းစဉ်ကို ဦးတည်လျှောက်လှမ်းမည် မဟုတ်ကြောင်း ဦမင်းကိုနိုင်က ပြောသည်။
NUCC ကို အဖွဲ့ဝင် အစုအဖွဲ့ ၂၈ ခုဖြင့် ဖွဲ့စည်းထားပြီး ယင်းအထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ(ကယား) ပြည်နယ်အတိုင်ပင်ခံ ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ ပါဝင်သည်။
ယင်းအပြင် စစ်အာဏာရှင် ဖြုတ်ချရေးကာလအတွက် ရေးဆွဲပြီးဖြစ်သော ကြားကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ပြည်သူ့ညီလာခံတွင် အတည်ပြုပြဌာန်းသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC တာဝန်ရှိသူများက ပြောသည်။
Ref မဇ္ဈိမ
———–
ေစ့စပ္ေဆြးေႏြးေရး လမ္းစဥ္ကို ဦးတည္ေလွ်ာက္လွမ္းမည္ မဟုတ္ေၾကာင္း ဦမင္းကိုႏိုင္က ေျပာ
စစ္အာဏာရွင္မ်ား စိတ္တိုင္းက် ေရးဆြဲခဲ့ေသာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေအာက္ကို ျပန္သြားမည္ မဟုတ္ေၾကာင္း အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ( NUCC )တြင္ ပါဝင္သည့္ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္း ေခါင္းေဆာင္ ဦးမင္းကိုႏိုင္က ေျပာသည္။
ယေန႔ ႏိုဝင္ဘာလ ၁၆ ရက္ နံနက္ပိုင္းက က်င္းပျပဳလုပ္သည့္ ဖက္ဒရယ္ ဒီမိုကေရစီ တည္ေဆာက္ေရးအတြက္ အေရးပါေသာ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ (NUCC) သတင္းစာ ရွင္းလင္းပြဲတြင္ ထိုသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒေအာက္ကို ျပန္သြားမွာ မဟုတ္ဘူး။ ဒါကေတာ့ ေသခ်ာတယ္။ ဒီေလာက္ဆို ေတာ္ေတာ္ႀကီးကို သေဘာေပါက္မယ္လို႔ ထင္တယ္” ဟု ဦးမင္းကိုႏိုင္က ေျပာသည္။
လက္ရွိတြင္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ မူၾကမ္းလည္း ေရးဆြဲထားၿပီး ယင္းလမ္းစဥ္အတိုင္း ဆက္သြားေနျခင္းျဖစ္သည့္အတြက္ NUCC အပါအဝင္ ေတာ္လွန္ေရး အင္အားစုမ်ားသည္ အာဏာသိမ္း စစ္ေကာင္စီႏွင့္ ေစ့စပ္ေဆြးေႏြးေရး လမ္းစဥ္ကို ဦးတည္ေလွ်ာက္လွမ္းမည္ မဟုတ္ေၾကာင္း ဦမင္းကိုႏိုင္က ေျပာသည္။
NUCC ကို အဖြဲ႕ဝင္ အစုအဖြဲ႕ ၂၈ ခုျဖင့္ ဖြဲ႕စည္းထားၿပီး ယင္းအထဲတြင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ၊ ကရင္နီ(ကယား) ျပည္နယ္အတိုင္ပင္ခံ ေကာင္စီႏွင့္ ၾကားကာလ ခ်င္းအမ်ိဳးသား အတိုင္ပင္ခံေကာင္စီအပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ ရွစ္ဖြဲ႕ ပါဝင္သည္။
ယင္းအျပင္ စစ္အာဏာရွင္ ျဖဳတ္ခ်ေရးကာလအတြက္ ေရးဆြဲၿပီးျဖစ္ေသာ ၾကားကာလ ဖက္ဒရယ္ဒီမိုကေရစီ ဖြဲ႕စည္းပုံ အေျခခံဥပေဒကိုလည္း လာမည့္ ဒီဇင္ဘာလတြင္ က်င္းပမည့္ ျပည္သူ႔ညီလာခံတြင္ အတည္ျပဳျပဌာန္းသြားမည္ျဖစ္ေၾကာင္း ယေန႔ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ NUCC တာဝန္ရွိသူမ်ားက ေျပာသည္။
Ref မဇၩိမ