ဒေါ်အောင်ဆန်းစုကြည်၏ မွေ့နေ့ အကြိုပွဲ ကျင်းပမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် မွေးနေ့အကြိုပွဲကို ဇွန်လ ၁၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပဖို့ နော်ဝေနိုင်ငံ Froland မြို့ရှိ Aung San Suu Kyi Park Committee က စီစဉ်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနဲ့ နွေဦးတော်လှန်ရေးအရေးတော်ပုံကို ပိုမိုအာရုံစိုက်လာစေဖို့နဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် တကမ္ဘာလုံးက စာနာထောက်ထားမှုနဲ့ အလေးအနက် တောင်းဆိုကြဖို့ရှိတယ်လို့ နော်ဝေနိုင်ငံမှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ထာဝရက မိန့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုပြုလုပ်မယ့်ပွဲကို NUG နိုင်ငံတော်ဒုသမ္မတက သဝဏ်လွှာပေးပို့သွားမှာဖြစ်ပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

Crd – Myanmar Celebrity TV Club

——–

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္ ၇၆ ႏွစ္ ျပည့္ေမြးေန႔ အထိမ္းအမွတ္ ေမြးေန႔အႀကိဳပြဲကို ဇြန္လ ၁၆ ရက္ေန႔မွာ အြန္လိုင္းကေန က်င္းပဖို႔ ေနာ္ေဝႏိုင္ငံ Froland ၿမိဳ႕ရွိ Aung San Suu Kyi Park Committee က စီစဥ္ေနပါတယ္။

ျမန္မာျပည္ ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံ တည္ေဆာက္ေရးနဲ႔ ေႏြဦးေတာ္လွန္ေရးအေရးေတာ္ပုံကို ပိုမိုအာ႐ုံစိုက္လာေစဖို႔နဲ႔ ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္နဲ႔တကြအားလုံး အျမန္ဆုံး လြတ္ေျမာက္ေရးအတြက္ တကမာၻလုံးက စာနာေထာက္ထားမႈနဲ႔ အေလးအနက္ ေတာင္းဆိုၾကဖို႔ရွိတယ္လို႔ ေနာ္ေဝႏိုင္ငံမွာ သီတင္းသုံးေနတဲ့ ဆရာေတာ္ အရွင္ထာဝရက မိန႔္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ အႀကိဳျပဳလုပ္မယ့္ပြဲကို NUG ႏိုင္ငံေတာ္ဒုသမၼတက သဝဏ္လႊာေပးပို႔သြားမွာျဖစ္ၿပီး ေနာ္ေဝႏိုင္ငံ ဝန္ႀကီးခ်ဳပ္ေဟာင္းလည္း တက္ေရာက္ဖို႔ ရွိေနပါတယ္။

Crd – Myanmar Celebrity TV Club