သူငယ်ချင်းဖြစ်သူ မေသစ္စာမောင် ဆုံးပါးသွားရတဲ့အကြောင်းကို ဆို့နင့်စွာပြောပြာလာတဲ့ ဘေဘီမောင်

မော်ဒယ်လ် မေသစ္စာမောင် ဟာ ယနေ့ ဇွန်လ ၇ ရက်နေ့ညမှာ ကား Accident ဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ထင်ရှားတဲ့LGBT တစ်ဦး ဖြစ်ပြီး ငယ်ရွယ်လှပပြီး အနုပညာလောကမှာ အောင်မြင်မှုတွေ ရလာသူလေး တစ်ဦးဖြစ်ပါတယ်။

သူမရဲ့ကွယ်လွန်ခြင်းအတွက် သူငယ်ချင်း မိတ်ဆွေများကလည်း ဝမ်းနည်း မယုံနိုင် ဖြစ်နေကြရပါတယ်။သရုပ်ဆောင်ဘေဘီမောင် တစ်ယောက်ကလည်း သူငယ်ချင်းဖြစ်သူ ဆုံးပါးသွားရတဲ့အပေါ် သူ့အနေနဲ့ အတော်လေးခံစားရပြီး နှမြောတမ်းတဖြစ်ကာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာခဲ့ပါတယ်။

သူငယ်ချင်းဖြစ်သူ မေသစ္စာမောင် ကားAccidentဖြစ်ရတဲ့အကြောင်းအရင်းကိုလည်း သူမရဲ့ post commentမှာ ယခုလိုပြောပြလာခဲ့ပါတယ်။”Taxi ကအတိုက္ခံရတာပါ ဖြစ်စဉ်က မီးပွိုင့်မှာ Probox ကို Lexus ကဝင်တိုက်တာပါ Taxi ထဲမှာပါတာက taxi လင်မယားနှစ်ယောက်ရယ် မေသစ္စာမောင်တိူ့သူငယ်ချင်း ၄ယောက်ရယ်ပါတာပါ အခု မေသစ္စာမောင်ရယ် Taxi လင်မယားရယ် ဆုံးသွားတာပါ ဟိုဘက်က ကိုယ်ပိုင်ကားပါတဲ့ အခုအဲ့တစ်ယောက်က အချုပ်ထဲမှာပါတဲ့ မေသစ္စာမောင် သူငယ်ချင်းသုံးယောက်ကလဲ တစ်ယောက်ပဲကောင်းတယ်တဲ့ ကျန်တဲ့နှစ်ယောက်က စိုးရိမ်ရတုန်းတဲ့လို့သိရ”

ငယ်ရွယ်ချောမောပြီး အောင်မြင်နေတဲ့ LGBTတစ်ယောက်ဖြစ်တဲ့ မေသစ္စာမောင် ဆုံးပါးခဲ့ရတဲ့အတွက် သူငယ်ချင်းဖြစ်သူတွေနဲ့ အနုပညာရှင်းညီကိုမောင်နှမများလည်း ယူကျုံးမရဖြစ်ကာ ကောင်းရာမွန်ရာရောက်စေဖို့ ဝိုင်းဝန်းဆုတောင်းပေးနေကြတာကိုလည်း တွေ့ရပါတယ်။

LGBT တွေထဲမှာ ထင်ရှားပြီး ပရိတ်သတ်အားပေးမှုမြောက်များစွာရရှိထားတဲ့ မေသစ္စာမောင် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အလှမယ်လေး မေသစ္စာမောင်ရဲ့ အရင်က အမှတ်တရပုံရိပ်(ဓာတ်ပုံ)အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

Crd – YaungChi