တော်လှန်ရေးမှာ ပါဝင်ဖို့ ကိုယ်တတ်နိုင်တဲ့ ဘက်က ဘယ်လိုပါဝင်နိုင်လဲ ပြောပြလာတဲ့ ပန်ဆယ်လို

Myanmar Plaza ကိစ္စက ပြည်သူတိုင်းဟာ တော်လှန်ရေးမှာ ပါဝင်နိုင်တယ်ဆိုတဲ့ သက်သေပဲ။

ကောမန့်လေး ဝင်ရေးလို့၊ Boycott ပိုစ့်လေးပဲ တင်လို့ အသုံးမဝင်ဘူး မထင်လိုက်နဲ့။ နာရီပိုင်းအတွင်း လုပ်ငန်းရှင်တွေ ကိုယ်တိုင်က ဆိုင်ပိတ်ပါတယ်၊ Boycott လုပ်ပါတယ် ထတင်ရတာ မတရားမှုကို ကြည့်မနေနိုင်စိတ်အပြင် ပြည်သူ့ဆန္ဒကို မလွန်ဆန်ရဲတာလည်း ပါတယ်။

ဒါဟာ ညီညွတ်မှုရဲ့ အင်အား။ ပြည်သူကမွေး၊ ပြည်သူ့ကလေးတွေ ထိရင် မီးပွင့်သွားမယ်ဆိုတာ ပြသနိုင်လိုက်တာပဲ။

Boycott တိုက်ပွဲဆိုတာ ကျည်တစ်ချက်မဖောက်၊ သွေးတစ်စက် မထွက်ဘဲ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းနဲ့ ထောက်တိုင်တွေကို တွန်းလှဲနိုင်တဲ့ တိုက်ပွဲပဲ။

Myanmar Plaza မသွားလို့၊ ဈေးမဝယ်လို့ ခင်ဗျားတို့ကို ဖမ်းလို့မရဘူး။

Myanmar Beer မသောက်လို့ ခင်ဗျားတို့ကို ဖမ်းလို့မရဘူး။ Ruby မသောက်လို့ ခင်ဗျားတို့ကို ဖမ်းလို့ မရဘူး။ MyTel မသုံးလို့ ခင်ဗျားတို့ကို ဖမ်းလို့ မရဘူး။

အားလုံးညီမယ်ဆိုရင် လူငယ်တွေ အသက်နဲ့ရင်းပြီး MyTel Tower တွေ ဖျက်ဆီးနေစရာမလိုဘူး။ စက်ရုံတွေ ဖျက်ဆီးနေစရာမလိုဘူး။ အသတ်ခံ အဖမ်းခံ ရင်းနေစရာ မလိုဘူး။

ဖိနှိပ်ခံရမှုတစ်ခုဖြစ်လာမှ ဝုန်းဒိုင်းကျဲ Boycott ပြီး ခဏနေ သွေးအေးသွားတာမျိုးထက် သွေးအေးအေးနဲ့ အဆုံးထိ Boycott ရမှာမျိုးပါ။

အသက်တွေ ရင်းတဲ့သူတွေက အသက်တွေ ရင်းထားကြပြီ။ ဘဝတွေ ရင်းတဲ့ သူတွေက ဘဝတွေ ရင်းထားကြပြီ။ သွေးနဲ့ ရင်းစရာမလိုတဲ့ Boycott တိုက်ပွဲမှာ အားလုံးပါဝင်ပေးကြဖို့ အလေးအနက် တောင်းဆိုပါတယ်။

ထောင်ခဲ့တဲ့ လက်သုံးချောင်းဟာ လိပ်ပြာလုံစိတ်နဲ့ တန်ဖိုးရှိနေစေရအောင်။ငါတို့ဟာ ကောက်ရိုးမီး မဟုတ်ဘူး။

တမြေ့မြေ့ တောက်လောင်နေစေရမယ်။

Myanmar Plaza ကိစ္စ သွေးပူနေချိန် မေးရဦးမယ်။ ငါတို့ရဲ့ လူငယ်တွေကို ထိရင် အရမ်းနာတာမလား။

၄၄ လမ်းမှာ တိုက်ပေါ်က ခုန်ချစတေးခဲ့ရတဲ့ လူငယ်တွေကို အတိအကျသတင်းပေး တိုင်ခဲ့တဲ့ ဒလန်ကောင်က ၄၄လမ်းက သူ့အိမ်မှာ သာသာယာယာ ပြန်နေနေပြီတဲ့။
ငါတို့ရဲ့ လူငယ်တွေကို ထိရင် အရမ်းနာတာမလား။

ပန်ဆယ်လို

—————-

Myanmar Plaza ကိစၥက ျပည္သူတိုင္းဟာ ေတာ္လွန္ေရးမွာ ပါဝင္ႏိုင္တယ္ဆိုတဲ့ သက္ေသပဲ။

ေကာမန႔္ေလး ဝင္ေရးလို႔၊ Boycott ပိုစ့္ေလးပဲ တင္လို႔ အသုံးမဝင္ဘူး မထင္လိုက္နဲ႔။ နာရီပိုင္းအတြင္း လုပ္ငန္းရွင္ေတြ ကိုယ္တိုင္က ဆိုင္ပိတ္ပါတယ္၊ Boycott လုပ္ပါတယ္ ထတင္ရတာ မတရားမႈကို ၾကည့္မေနႏိုင္စိတ္အျပင္ ျပည္သူ႔ဆႏၵကို မလြန္ဆန္ရဲတာလည္း ပါတယ္။

ဒါဟာ ညီၫြတ္မႈရဲ႕ အင္အား။ ျပည္သူကေမြး၊ ျပည္သူ႔ကေလးေတြ ထိရင္ မီးပြင့္သြားမယ္ဆိုတာ ျပသႏိုင္လိုက္တာပဲ။

Boycott တိုက္ပြဲဆိုတာ က်ည္တစ္ခ်က္မေဖာက္၊ ေသြးတစ္စက္ မထြက္ဘဲ စစ္ေကာင္စီရဲ႕ ဝင္ေငြရလမ္းနဲ႔ ေထာက္တိုင္ေတြကို တြန္းလွဲႏိုင္တဲ့ တိုက္ပြဲပဲ။

Myanmar Plaza မသြားလို႔၊ ေဈးမဝယ္လို႔ ခင္ဗ်ားတို႔ကို ဖမ္းလို႔မရဘူး။

Myanmar Beer မေသာက္လို႔ ခင္ဗ်ားတို႔ကို ဖမ္းလို႔မရဘူး။ Ruby မေသာက္လို႔ ခင္ဗ်ားတို႔ကို ဖမ္းလို႔ မရဘူး။ MyTel မသုံးလို႔ ခင္ဗ်ားတို႔ကို ဖမ္းလို႔ မရဘူး။

အားလုံးညီမယ္ဆိုရင္ လူငယ္ေတြ အသက္နဲ႔ရင္းၿပီး MyTel Tower ေတြ ဖ်က္ဆီးေနစရာမလိုဘူး။ စက္႐ုံေတြ ဖ်က္ဆီးေနစရာမလိုဘူး။ အသတ္ခံ အဖမ္းခံ ရင္းေနစရာ မလိုဘူး။

ဖိႏွိပ္ခံရမႈတစ္ခုျဖစ္လာမွ ဝုန္းဒိုင္းက်ဲ Boycott ၿပီး ခဏေန ေသြးေအးသြားတာမ်ိဳးထက္ ေသြးေအးေအးနဲ႔ အဆုံးထိ Boycott ရမွာမ်ိဳးပါ။

အသက္ေတြ ရင္းတဲ့သူေတြက အသက္ေတြ ရင္းထားၾကၿပီ။ ဘဝေတြ ရင္းတဲ့ သူေတြက ဘဝေတြ ရင္းထားၾကၿပီ။ ေသြးနဲ႔ ရင္းစရာမလိုတဲ့ Boycott တိုက္ပြဲမွာ အားလုံးပါဝင္ေပးၾကဖို႔ အေလးအနက္ ေတာင္းဆိုပါတယ္။

ေထာင္ခဲ့တဲ့ လက္သုံးေခ်ာင္းဟာ လိပ္ျပာလုံစိတ္နဲ႔ တန္ဖိုးရွိေနေစရေအာင္။ ငါတို႔ဟာ ေကာက္႐ိုးမီး မဟုတ္ဘူး။

တေျမ့ေျမ့ ေတာက္ေလာင္ေနေစရမယ္။

Myanmar Plaza ကိစၥ ေသြးပူေနခ်ိန္ ေမးရဦးမယ္။ ငါတို႔ရဲ႕ လူငယ္ေတြကို ထိရင္ အရမ္းနာတာမလား။

၄၄ လမ္းမွာ တိုက္ေပၚက ခုန္ခ်စေတးခဲ့ရတဲ့ လူငယ္ေတြကို အတိအက်သတင္းေပး တိုင္ခဲ့တဲ့ ဒလန္ေကာင္က ၄၄လမ္းက သူ႔အိမ္မွာ သာသာယာယာ ျပန္ေနေနၿပီတဲ့။
ငါတို႔ရဲ႕ လူငယ္ေတြကို ထိရင္ အရမ္းနာတာမလား။

ပန္ဆယ္လို