တပ်ရင်းမှူးရဲ့ဆိုင်က ပစ္စည်းတွေခိုးယူမိတဲ့ စစ်ကောင်စီအဖွဲ့တွေ ပစ္စည်းဖိုးပြန်လျော်ပေးရ

နိုဝင်ဘာ ၂၆၊၂၀၂၁။ ရေစကြို

‌ရေစကြိုမြို့၊ မြို့မစျေးမှာ ဆိုင်ခန်းတွေဖောက်ထွင်းပြီး ပစ္စည်း‌တွေခိုးယူခဲ့တဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းမှူးမိန်းမရဲ့ စျေးဆိုင်ကပါ ခိုးယူမိခဲ့တာကြောင့် ပစ္စည်းဖိုးတွေ တစ်ခုမကျန်ပြန်လျော်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီး၊ ရဲနဲ့ စစ်သားတွေက ရေစကြိုမြို့မစျေး အပြင်ဘက်တန်း စျေးဆိုင်ခန်းမှာရှိတဲ့ အကယ်ဒမီဇင် ရောင်းဝယ်ရေးဆိုတဲ့ ဗိုလ်ကြီးတစ်ယောက်ရဲ့ အမလည်းဖြစ်သလို တပ်ရင်းမှူးရဲ့မိန်းမ ပိုင်တဲ့ ‌စျေးဆိုင်က ၁၀ပိဿာဆီးပုံး ၂၀ကျော်ကို ဖောက်ထွင်းခိုးယူခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ည ၁၁ နာရီ ဝန်းကျင်လောက်မှာ အဲဒီဆိုင်နားဆီက သေနတ်ဖောက်သံတွေ အရင်ကြားရတယ်၊ ကျနော်သိရတာကတော့ သေနတ်ဖောက်ပြီး ပျူကောင်တွေက ဖောက်ပြီးခိုးကြတာ၊ ပြီးမှ စစ်သား၊ ရဲသားတွေနဲ့ လက်ဝါးရိုက် ခွဲယူကြတာပဲ၊ ဂိန်သွားတာက ဆိုင်ပိုင်ရှင်အမရဲ့ ယောင်္ကျားက တပ်ရင်းမှူး၊ မောင်က ဗိုလ်ကြီးဖြစ်နေတော့ သူခိုးတွေအကုန် နားကားကုန်ရော” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲသားတွေ အပါအဝင် ပျူစောထီးတွေက ပစ္စည်းခွဲယူပြီး စခန်းတွေထဲမှာ သိမ်းထားကြပြီးဖြစ်သလို တချို့က သုံးစွဲပြီးနေပြီဖြစ်တာကြောင့် ဆီးပုံးတွေအပြင် လျော်ကြေးပါ ပေးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

“စစ်သား ရဲသားတွေက ပစ္စည်းတွေ‌သယ်ယူတာ မသင်္ကာလို့ ဖမ်းရတာပါ၊ ဖမ်းပြီးစခန်းမှာ သိမ်းထားရတာပါလို့ စစ်သား ရဲသားတွေက ဖြေရှင်းချက်ပေးရတယ်၊ သူတို့အကုန်ပြန်ရအောင် လုပ်ပေးပါမယ်ဆိုပြီး တောင်းပန်ရတယ်လို့ သိရတာပဲ၊ မြို့ကတော့ ကြိတ်ပြီးပီတိဖြစ်နေကြတာ၊ သူခိုးတွေ ပေါ်ကုန်လို့၊ ဆီက ၁၀ ပုံးပြန်ရတယ်၊ ကျန်တာကတော့ ခွဲယူပြီး သုံးထားကြလို့ ငွေလျော်ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်က ခိုးယူခဲ့တာဖြစ်ပြီး အဲ့ဒီခိုးယူမှုနဲ့ ပက်သတ်လို့ ရေစကြိုမြို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ခိုးယူသူတွေကို သတိပေးခဲ့ပြီး
မလိုက်နာရင် ပစ်သတ်မယ်လို့လည်း သတိပေးပြောခဲ့တာမျိုးရှိခဲ့ပါတယ်။

မြေလတ်အသံ

———–

တပ္ရင္းမႉးရဲ႕ဆိုင္က ပစၥည္းေတြခိုးယူမိတဲ့ စစ္ေကာင္စီအဖြဲ႕ေတြ ပစၥည္းဖိုးျပန္ေလ်ာ္ေပးရ၊

ႏိုဝင္ဘာ ၂၆၊၂၀၂၁။ ေရစႀကိဳ

‌ေရစႀကိဳၿမိဳ႕၊ ၿမိဳ႕မေစ်းမွာ ဆိုင္ခန္းေတြေဖာက္ထြင္းၿပီး ပစၥည္း‌ေတြခိုးယူခဲ့တဲ့ ပ်ဴေစာထီးအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ တပ္ရင္းမႉးမိန္းမရဲ႕ ေစ်းဆိုင္ကပါ ခိုးယူမိခဲ့တာေၾကာင့္ ပစၥည္းဖိုးေတြ တစ္ခုမက်န္ျပန္ေလ်ာ္ခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ပ်ဴေစာထီး၊ ရဲနဲ႔ စစ္သားေတြက ေရစႀကိဳၿမိဳ႕မေစ်း အျပင္ဘက္တန္း ေစ်းဆိုင္ခန္းမွာရွိတဲ့ အကယ္ဒမီဇင္ ေရာင္းဝယ္ေရးဆိုတဲ့ ဗိုလ္ႀကီးတစ္ေယာက္ရဲ႕ အမလည္းျဖစ္သလို တပ္ရင္းမႉးရဲ႕မိန္းမ ပိုင္တဲ့ ‌ေစ်းဆိုင္က ၁၀ပိႆာဆီးပုံး ၂၀ေက်ာ္ကို ေဖာက္ထြင္းခိုးယူခဲ့ၾကတာျဖစ္တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ည ၁၁ နာရီ ဝန္းက်င္ေလာက္မွာ အဲဒီဆိုင္နားဆီက ေသနတ္ေဖာက္သံေတြ အရင္ၾကားရတယ္၊ က်ေနာ္သိရတာကေတာ့ ေသနတ္ေဖာက္ၿပီး ပ်ဴေကာင္ေတြက ေဖာက္ၿပီးခိုးၾကတာ၊ ၿပီးမွ စစ္သား၊ ရဲသားေတြနဲ႔ လက္ဝါး႐ိုက္ ခြဲယူၾကတာပဲ၊ ဂိန္သြားတာက ဆိုင္ပိုင္ရွင္အမရဲ႕ ေယာက်ၤားက တပ္ရင္းမႉး၊ ေမာင္က ဗိုလ္ႀကီးျဖစ္ေနေတာ့ သူခိုးေတြအကုန္ နားကားကုန္ေရာ” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ စစ္သားနဲ႔ ရဲသားေတြ အပါအဝင္ ပ်ဴေစာထီးေတြက ပစၥည္းခြဲယူၿပီး စခန္းေတြထဲမွာ သိမ္းထားၾကၿပီးျဖစ္သလို တခ်ိဳ႕က သုံးစြဲၿပီးေနၿပီျဖစ္တာေၾကာင့္ ဆီးပုံးေတြအျပင္ ေလ်ာ္ေၾကးပါ ေပးခဲ့ရတာျဖစ္တယ္လို႔ ေျပာပါတယ္။

“စစ္သား ရဲသားေတြက ပစၥည္းေတြ‌သယ္ယူတာ မသကၤာလို႔ ဖမ္းရတာပါ၊ ဖမ္းၿပီးစခန္းမွာ သိမ္းထားရတာပါလို႔ စစ္သား ရဲသားေတြက ေျဖရွင္းခ်က္ေပးရတယ္၊ သူတို႔အကုန္ျပန္ရေအာင္ လုပ္ေပးပါမယ္ဆိုၿပီး ေတာင္းပန္ရတယ္လို႔ သိရတာပဲ၊ ၿမိဳ႕ကေတာ့ ႀကိတ္ၿပီးပီတိျဖစ္ေနၾကတာ၊ သူခိုးေတြ ေပၚကုန္လို႔၊ ဆီက ၁၀ ပုံးျပန္ရတယ္၊ က်န္တာကေတာ့ ခြဲယူၿပီး သုံးထားၾကလို႔ ေငြေလ်ာ္ရတယ္” လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၂ရက္က ခိုးယူခဲ့တာျဖစ္ၿပီး အဲ့ဒီခိုးယူမႈနဲ႔ ပက္သတ္လို႔ ေရစႀကိဳၿမိဳ႕ သိန္းငွက္ေျပာက္က်ားတပ္ဖြဲ႕က ခိုးယူသူေတြကို သတိေပးခဲ့ၿပီး
မလိုက္နာရင္ ပစ္သတ္မယ္လို႔လည္း သတိေပးေျပာခဲ့တာမ်ိဳးရွိခဲ့ပါတယ္။

ေျမလတ္အသံ