ဂျပန်နိုင်ငံလွှတ်တော်က မြန်မာ့အရေး ဆုံးဖြတ်ချက် ချပြီ

ဂျပန်နိုင်ငံလွှတ်တော်က မြန်မာ့အရေး ဆုံးဖြတ်ချက် ချပြီ

ဂျပန်အောက်လွှတ်တော် ဇွန်လ ၈ ရက် ပင်မအစည်းအဝေးတွင် မြန်မာစစ်အာဏာသိမ်းမှုကို

“ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းမှုနှင့် မျှော်လင့်ချက်များကို နင်းခြေလိုက်ခြင်း ဖြစ်သည်” ဟု ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။

ဒီမိုကရေစီစနစ်အစိုးရသို့ ဆောလျင်စွာ ပြန်လည်သက်ဝင်စေရန် တောင်းဆိုသည့် ဂျပန်လွှတ်တော်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

ဂျပန်လွှတ်တော်က ၎င်း၏အစိုးရအားလည်း “ရှိရှိသမျှ နိုင်ငံခြားရေးသယံဇာတများကို အသုံးချ၍ လက်တွေ့အကောင်အထည်ပေါ်ရေးအားကုန်စိုက်ထုတ်ကြိုးပမ်းရန်” တောင်းဆိုလိုက်သည်”

ဇွန်လ ၁၁ ရက် UK တွင်စတင်မည့် G7 summit အစည်းအဝေးမတိုင်မီ စစ်အာဏာသိမ်းကောင်စီကို လက်မခံကြောင်း ရပ်တည်ချက်ကို နိုင်ငံတကာအသိုက်အဝန်းသို့ ပြသရန်ရည်ရွယ်သည်။

အထက်လွှတ်တော်ကလည်း ၁၁ ရက်နေ့ လွှတ်တော်ပင်မအစည်းအဝေးတွင် အတည်ပြုချက်ယူရန် ပြင်ဆင်ထားသည်။

လွှတ်တော်ဆုံးဖြတ်ချက်အရ အာဏာသိမ်းစစ်ကောင်စီအား “တရားဝင်မှုကို လုံးဝအသိအမှတ် မပြုနိုင်” ဟု သတ်မှတ်သည်။

၏ CDM လှုပ်ရှားမှုကိုလည်း “မြန်မာပြည်သူများနှင့်အတူ ရှိနေမည်” ဟု လက်တွဲဆောင်ရွက်သွားမည့် ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

———–



“ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းမှုနှင့် မျှော်လင့်ချက်များကို နင်းခြေလိုက်ခြင်း ဖြစ်သည်” ဟြု ပင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။







(ဂျပန်ဘာသာမူရင်း)

衆院は8日の本会議で、ミャンマー国軍によるクーデターを「民主化への努力と期待を踏みにじるもの」として強く非難し、民主的な政治体制への早期回復を求める決議を採択した。日本政府に対しても「あらゆる外交資源を駆使し、これらの実現に全力を尽くすことを強く要請する」と注文した。
11日に英国で始まるG7サミットを前に、軍事政権を認めない立場を国際社会に示す狙いがある。参院も11日の本会議で採択する予定だ。
決議は、国軍による政権について「正当性は全く認められない」と断定。市民による抗議活動に触れ「ミャンマー国民と共にある」と連帯する姿勢を表明した。

Kyodo News

Source : Daw Cho Cho’s Facebook