သစ်ပင်အောက်မှာ တစ်ယောက်တည်း ထမင်းထိုင်စားနေတဲ့ ကျောင်းသားငယ်လေးရဲ့စိတ်မကောင်းစရာ ဖြစ်ရပ်

ကလေးတွေအတွက် ကျောင်း နေ့လည်စာလေး ကောင်းနေရင် သူတို့စိတ်ထဲအလိုလိုပျော်ပါတယ်။ အရသာရှိတဲ့ နေ့လည်စာဟာကလေးတိုင်းအတွက်တော့မဟုတ်ဘူး။ ပိုက်ဆံရှိသားသမီးတွေအတွက် နေ့လည်စာကောင်းကို စားသုံးနိုင်ပေမယ့် နေ့လည်စာအတွက်တောင် မတတ်နိုင်တဲ့ ကလေးတွေဟာသိမ်ငယ်ရပါတယ်။

ဖေ့စ်ဘွတ်သုံးစွဲသူ Jennifer Bahaghari Paje ရဲ့ပို့စ်မှာ ကျောင်းသားငယ်လေးတစ်ဦး သစ်ပင်အောက်မှာတစ်ယောက် ထမင်းစားနေတာတွေ့ရပါတယ်။ ပိုပြီး စိတ်မကောင်းစရာကောင်းတာက ကလေးစားတဲ့ ထမင်းချိုင့်မှာ ဟင်းကောင်းကောင်းတစ်ခုမှ မပါတာပါပဲ။သူ့မှာ သူငယ်ချင်းမရှိလို့ သစ်ပင်အောက်မှာ ဒီလိုလာစားနေရတာဖြစ်ပါတယ်။

ဒီကျောင်းသားဟာ ဖိလစ်ပိုင်နိုင်ငံရှိ Butuan မြို့က မူလတန်းကျောင်းမှဖြစ်ပြီး သူ့ရဲ့ထမင်းဘူးကြောင့် အခြား ကျောင်းသားတွေနဲ့ထမင်းအတူစားရမှာရှက်တယ်တဲ့။ လူလူချင်း အတူတူ ဒီလိုမျိုး အစားသောက်ကြောင့် ခွဲခြားဆက်ဆံရတာမျိုးမလိုလားတဲ့အတွက် အခုပို့စ်ကို Jenniferက တင်ရတာဖြစ်ပါတယ်။ ဒီကလေးမှာလည်း အခြားကလေးတွေနဲ့ သူငယ်ချင်းတွေဖြစ်ပိုင်ခွင့်ရှိသလို ၊ ကစားနိုင်မှာပေါ့။ ဟင်းမကောင်းရင်တောင် အနည်းဆုံး ကလေးဘဝကိုတော့ သူပျော်ပျော်ပါးပါးဖြတ်သန်းသင့်တယ်။

Jennifer ရဲ့ ပို့စ်လေးကြောင့် အင်တာနက်သုံးစွဲတွေကြား ပျံနှံ့သွားပြီး ဒီကလေးနဲ့ ထမင်းအတူတူလာစားပေးတဲ့ ကျောင်းသာလေးတွေလည်း ရှိလာပြီလို့သိရပါတယ်။ ဝမ်းသာစရာပါပဲနော် ။

———-

ကေလးေတြအတြက္ ေက်ာင္း ေန႔လည္စာေလး ေကာင္းေနရင္ သူတို႔စိတ္ထဲအလိုလိုေပ်ာ္ပါတယ္။ အရသာရွိတဲ့ ေန႔လည္စာဟာကေလးတိုင္းအတြက္ေတာ့မဟုတ္ဘူး။ ပိုက္ဆံရွိသားသမီးေတြအတြက္ ေန႔လည္စာေကာင္းကို စားသုံးႏိုင္ေပမယ့္ ေန႔လည္စာအတြက္ေတာင္ မတတ္ႏိုင္တဲ့ ကေလးေတြဟာသိမ္ငယ္ရပါတယ္။

ေဖ့စ္ဘြတ္သုံးစြဲသူ Jennifer Bahaghari Paje ရဲ႕ပို႔စ္မွာ ေက်ာင္းသားငယ္ေလးတစ္ဦး သစ္ပင္ေအာက္မွာတစ္ေယာက္ ထမင္းစားေနတာေတြ႕ရပါတယ္။ ပိုၿပီး စိတ္မေကာင္းစရာေကာင္းတာက ကေလးစားတဲ့ ထမင္းခ်ိဳင့္မွာ ဟင္းေကာင္းေကာင္းတစ္ခုမွ မပါတာပါပဲ။သူ႔မွာ သူငယ္ခ်င္းမရွိလို႔ သစ္ပင္ေအာက္မွာ ဒီလိုလာစားေနရတာျဖစ္ပါတယ္။

ဒီေက်ာင္းသားဟာ ဖိလစ္ပိုင္ႏိုင္ငံရွိ Butuan ၿမိဳ႕က မူလတန္းေက်ာင္းမွျဖစ္ၿပီး သူ႔ရဲ႕ထမင္းဘူးေၾကာင့္ အျခား ေက်ာင္းသားေတြနဲ႔ထမင္းအတူစားရမွာရွက္တယ္တဲ့။ လူလူခ်င္း အတူတူ ဒီလိုမ်ိဳး အစားေသာက္ေၾကာင့္ ခြဲျခားဆက္ဆံရတာမ်ိဳးမလိုလားတဲ့အတြက္ အခုပို႔စ္ကို Jenniferက တင္ရတာျဖစ္ပါတယ္။ ဒီကေလးမွာလည္း အျခားကေလးေတြနဲ႔ သူငယ္ခ်င္းေတြျဖစ္ပိုင္ခြင့္ရွိသလို ၊ ကစားႏိုင္မွာေပါ့။ ဟင္းမေကာင္းရင္ေတာင္ အနည္းဆုံး ကေလးဘဝကိုေတာ့ သူေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းသင့္တယ္။

Jennifer ရဲ႕ ပို႔စ္ေလးေၾကာင့္ အင္တာနက္သုံးစြဲေတြၾကား ပ်ံႏွံ႔သြားၿပီး ဒီကေလးနဲ႔ ထမင္းအတူတူလာစားေပးတဲ့ ေက်ာင္းသာေလးေတြလည္း ရွိလာၿပီလို႔သိရပါတယ္။ ဝမ္းသာစရာပါပဲေနာ္ ။

Credit