
ပြည်တွင်း ဖောက်ခွဲမှုတွေအပေါ် အာဆီယံ နှုတ်ဆိတ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေအပေါ်မှာ အာဆီယံအပါအဝင် နိုင်ငံတကာက နှုတ်ဆိတ်နေတယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က အာဆီယံ အထူးကိုယ်စားလှယ် ၂ ဦး နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၇ ရက် မနေ့က ကျင်းပခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးအတွင်း ကောင်စီအဖွဲ့ဝင်တွေကို ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ နေ့စဉ်ဖြစ်နေတဲ့ ဒီပေါက်ကွဲမှုတွေကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တို့နဲ့ ဆက်စပ်သူတွေက လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲနေတာပါ။
CRPH နဲ့ NUG ကတော့ ဒီ အကြမ်းဖောက်ခွဲမှုတွေဟာ သူတို့နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ကြေညာထားပါတယ်။
ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် ဘုံသဘောတူညီချက် ငါးချက် ရရှိထားတာ ဖြစ်ပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလကုန်ပိုင်းအထိ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှု အကြိမ်ပေါင်း ၃၀၀ ကျော် ရှိခဲ့ပါတယ်။
Zawgyi
ျပည္တြင္း ေဖာက္ခြဲမႈေတြအေပၚ အာဆီယံ ႏႈတ္ဆိတ္ေနတယ္လို႔ စစ္ေခါင္းေဆာင္ေျပာ
ျမန္မာႏိုင္ငံအတြင္း ျဖစ္ေပၚေနတဲ့ ေဖာက္ခြဲဖ်က္ဆီးမႈေတြအေပၚမွာ အာဆီယံအပါအဝင္ ႏိုင္ငံတကာက ႏႈတ္ဆိတ္ေနတယ္လို႔ ျမန္မာစစ္တပ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာလိုက္ပါတယ္။
ၿပီးခဲ့တဲ့ ဇြန္ ၄ ရက္ေန႔က အာဆီယံ အထူးကိုယ္စားလွယ္ ၂ ဦး နဲ႔ သီးသန႔္ေတြ႕ဆုံစဥ္မွာ ေျပာဆိုခဲ့တာလို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇြန္လ ၇ ရက္ မေန႔က က်င္းပခဲ့တဲ့ စစ္ေကာင္စီ အစည္းအေဝးအတြင္း ေကာင္စီအဖြဲ႕ဝင္ေတြကို ျပန္ေျပာျပခဲ့တာ ျဖစ္ပါတယ္။
ျပည္တြင္းမွာ ေန႔စဥ္ျဖစ္ေနတဲ့ ဒီေပါက္ကြဲမႈေတြကို အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG)၊ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ (CRPH) တို႔နဲ႔ ဆက္စပ္သူေတြက လုပ္ေဆာင္ေနတယ္လို႔ စစ္ေကာင္စီက စြပ္စြဲေနတာပါ။
CRPH နဲ႔ NUG ကေတာ့ ဒီ အၾကမ္းေဖာက္ခြဲမႈေတြဟာ သူတို႔နဲ႔ သက္ဆိုင္ျခင္း မရွိဘူးလို႔ ေၾကညာထားပါတယ္။
ဧၿပီလ ၂၄ ရက္ေန႔က အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေဝးမွာ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔ အပါအဝင္ ဘုံသေဘာတူညီခ်က္ ငါးခ်က္ ရရွိထားတာ ျဖစ္ပါတယ္။
RFA က ေကာက္ယူထားတဲ့ စာရင္းအရ စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ေမလကုန္ပိုင္းအထိ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးေတြမွာ ဗုံးေပါက္ကြဲမႈ အႀကိမ္ေပါင္း ၃၀၀ ေက်ာ္ ရွိခဲ့ပါတယ္။