လွတ်မြောက်နယ်မြေသို့ရောက်ရှိနေတဲ့ MRTV-4 ဇာတ်လမ်းတွဲမင်းသား သီဟထွန်း

ပရိသတ်ကြီးရေ နွေဦးတော်လှန်ရေးကြီးမှာ အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့ အတူ ပူးပေါင်း ရပ်တည်ပြီး အရေးတော်ပုံကြီး အောင် မြင်ဖို့အတွက် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

မင်းမော်ကွန်း၊ ကိုပေါက်၊ ထားထက်ထက် ၊ဟားငါးကောင် ၊မြနှင်းရည်လွင် ၊ဟိန်းထက် စတဲ့ အနုပညာရှင်တွေလည်း လွတ်မြောက် နယ်မြေအသီးသီးကို ရောက်ရှိနေကြပြီး မော်ဒယ်လ်သရုပ်ဆောင်တစ် ဦးဖြစ်တဲ့ သီဟထွန်း လည်းရောက်ရှိနေပြီပဲဖြစ်ပါတယ်။

သီဟထွန်း ကတော့ အရေးတော် ပုံကြီးစတင်ခဲ့တဲ့ အချိန်တည်းကစတင်ကာ ရှေ့ဆုံးကနေတက်တက်ကြွကြွ ပါ၀င်ခဲ့တဲ့သူဖြစ်ပြီး ၅၀၅(က)နဲ့လည်း ၀ရမ်းထုတ်ခံ ထားရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း သီဟထွန်း ဟာ တော်လှန်ရေး နယ်မြေတစ်ခုကို ရောက်နေပြီး သူ့ရဲ့ (၂၉)နှစ်ပြည့် မွေးနေ့လေးကို တော်လှန်ရေးကိစ္စတွေပြု လုပ်ရင်း ကုန်ဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သီဟထွန်း ကတော့ MRTV.4 မှာထုတ်လွှင့်ပြသခဲ့တဲ့ အဆိပ်သွေး ဇာတ်လမ်းတွဲ‌မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို ရရှိထားတဲ့မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ရက်နေ့မှာကျရောက်ခဲ့တဲ့ သူရဲ့မွေးနေ့ကိုလည်း လွတ်မြောက်နယ်မြေမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။

သီဟထွန်း ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ မွေးနေ့မှာအလိုချင်ဆုံးအရာကတော့ တော်လှန်ရေးမှာလူတိုင်း အဘက်ဘက်ကနေအားမလျော့ကြပဲ ကြိုးစားပေးကြဖို့နဲ့ ဝေးကွာနေကြတဲ့မိသားစုတွေ မိတ်ဆွေတွေလည်း အမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ကြဖို့ပဲဖြစ်တယ်လို့ ရေးသားထားပါတယ် ။

ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပီပီပင်ပင်သရုပ်ဆောင်နိုင်တဲ့အပြင် တော်လှန်ရေးအတွက် အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ သီဟထွန်း ကို ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

ကဲ…ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ပြည်သူချစ် အနုပညာရှင် သီဟထွန်း အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။

သီဟထွန်း လဲ ရောက်တဲ့နေရာမှာ ဘေးအန္တာရယ်ကင်းဝေးပြီးတော့ လိုချင်တဲ့ ဒီမိုကရေစီကိုအမြန်ဆုံးရရှိအောင်ကြိုးစားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။