ဆိုဖာခုံပေါ်ကနေ မိန့်မိန့်ကြီး ထိုင်ပြီး လူ့အခွင့်အရေး..ဆိုပြီး အော်မနေနဲ့…

အခုအချိန်မှာ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ မတရားဖျင်ယားတဲ့ စောက်ဆရာကြီးများကိုလည်း ….

အခုအချိန်မှာ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ မတရားဖျင်ယားတဲ့ စောက်ဆရာကြီးများကိုလည်း ယီးပဲနော်။

ခိုင်(၁၄)ခါ ကိစ္စမှာ မလှောင်ပြောင်သင့်ဘူး၊ ဘာဘူး၊ ညာဘူးက တစ်မျိုး။ ဖမ်းမိတဲ့စစ်ခွေးတွေကို မလှောင်ပြောင်သင့်ဘူးတို့။ သတင်းပေးတွေကို မလျှော့သင့်ဘူး ဘာဘူး ညာဘူး။ ပက်ကေ့ချ်လိုက်ကို ယားတာနော်။
အေး… ပြောမယ်။

အသတ်ခံလိုက်ရတဲ့ ပြည်သူတစ်ထောင်ကျော်မှာ (၁၄)ခါ မကတဲ့ Miss Call တွေ ရှိနေလိမ့်မယ်။ တစ်ဘဝလုံးစာ မကိုင်တော့တဲ့ဖုန်းကို ခေါ်မိနေဦးမယ့် နှောင်ကြိုးတွေ ရှိနေဦးမယ်။

ဖမ်းခံလိုက်ရတဲ့ ပြည်သူတွေကို ရက်ရက်စက်စက်နှိပ်စက်တယ်။ သေသွားတဲ့အထိ နှိပ်စက်တယ်။ သေဖို့တောင်းဆိုရတဲ့အထိ နှိပ်စက်တယ်။ နင်တို့ပြောနေတဲ့ လူ့အခွင့်အရေးကြီးကို ဒီကောင်တွေရှေ့ သွားအော်။ အာလူးဇကာကွက်ကြော်ပါ ဖြစ်သွားဦးမယ်။

သတင်းပေးတွေကြောင့် ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရသူတွေကလည်း ဒဗလယ်ကော့ပြနေတယ်။ မြင်ရလား။

အေး… လူ့အခွင့်အရေးဆိုတာ လူ၊ လူချင်း အပြန်အလှန်ပေးရတာ။ အခုရင်ဆိုင်နေရတာ လူတွေ ဟုတ်သေးရဲ့လား။ လူ့အသိစိတ်ရှိသေးရဲ့လား။ လက်နက်ပါရင် မိစ္ဆာစိတ်ပေါက်နေတဲ့ မကောင်းဆိုးဝါးတွေလား ပြန်စဉ်းစား။

ဒါဆို နင်တို့က လူ့အခွင့်အရေးကို မယုံကြည်တာလား။ မလေးစားတာလား မေးစရာရှိတယ်။ ယုံကြည်တာပေါ့။ လူကို လူလိုဆက်ဆံခံရတဲ့ ခေတ်မျိုးမှာ နင်တို့အခုပြောနေတဲ့ အလုံးတွေထက််မက ငါတို့က ပြောခဲ့တယ်။

လေးစားခဲ့တယ်။ လိုက်နာခဲ့တယ်။ ရပ်တည်ခဲ့တယ်။ အခု တော်လှန်နေရတာက ဒီတိုင်းပြည်မှာ ဆိတ်သုဉ်းသွားတဲ့ လူ့အခွင့်အရေးကို ပြန်ရယူဖို့ပဲ။

စစ်ပွဲမှာ ပထမဆုံး ကျဆုံးတာက အမှန်တရားပဲတဲ့။

အေး…. လူ့အခွင့်အရေးဆိုတဲ့ အမှန်တရားဟာလည်း စစ်နဲ့အတူ ကျဆုံးသွားပြီ။

လူ့အခွင့်အရေးကို ပြန်ရဖို့ ငါတို့ဟာ အချိန်တစ်ခုထိ ငါတို့ရဲ့ စံနှုန်းတွေကို ဖယ်ထုတ်ထားဖို့ လိုအပ်နေဦးမယ်။

ဒါဟာ လက်နက်ကိုင်တော်လှန်ရေး။ တော်လှန်ရေးမှာ ကူနိုင်တာ ဝင်ကူ။ မကူနိုင်ရင် စောက်ပေါက်ပိတ်နေ။ တရားရလို့ တောထွက်ရင်တောင် PDF တွေပဲ တွေ့လိမ့်မယ်။

ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ဟိုလိုမလုပ်သင့်ဘူး၊ ဒီလိုမဟုတ်ဘူး လိလိလားလားတွေ ဝေဖန်နေတာကို တော်လှန်ရေး မိခင်ကြီး ဖခင်ကြီး အထင်ရောက်နေတဲ့ မိန်လုံးတွေ စောက်ရမ်း အာရုံနောက်တယ်။

လူ့အခွင့်အရေးကြောင်း သိပ်ပြောတဲ့ကောင်တွေ ကြည့်လိုက်ရင် ကိုယ့်အိမ်ကိုယ်နေ၊ အိပ်ရင်းစားရင်း Wifi လေးနဲ့ ဆိုဖာပေါ်ပက်လက်လှန် တဖျောက်ဖျောက်ပွါးနေတဲ့ ကောင်တွေချည်းပဲ။

သည်းခံတယ်ဆိုတာ ကိုယ့်ပါးကို လာမရိုက်ခင်အထိပဲ။ မေတ္တာတရားဆိုတာ ကိုယ့်အသားကို ထိပါးမလာခင်ထိပဲ။ လူ့အခွင့်အရေးဆိုတာ လူ့အခွင့်အရေးအားလုံး လုယူမခံလိုက်ရခင်ထိပဲ။

ခင်ဗျားတို့မှာ အမာရွတ်တွေ မရှိသေးသရွေ့ ဒဏ်ရာတွေနဲ့လူတွေကို နားလည်နိုင်မှာ မဟုတ်ဘူးဆိုတာပဲ။

ပန်ဆယ်လို