မြန်မာပြည် တရုတ်နယ်စပ်မှာ တရုတ်ယွမ်ငွေ တိုက်ရိုက် သုံးစွဲခွင့်ပြုခြင်း နောက်ကွယ်

မြန်မာပြည် တရုတ်နယ်စပ်မှာ တရုတ်ယွမ်ငွေ တိုက်ရိုက် သုံးစွဲခွင့်ပြုခြင်း နောက်ကွယ်…

တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူဖြစ်ဖို့ တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေ ကုန်သွယ်မှုပြုလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

သဘောကတော့ တရုတ်က စကစကို ငွေထောက်ပေးတာပဲ.. ယွမ်/ကျပ် တိုက်ရိုက်သုံးစွဲခွင့်ကို ဗဟိုဘဏ်ကထုတ်တယ်.. ဒီ့နောက် တရုတ်က အစမ်းကာလ ယွမ်ငွေ ၂ ဘီလျံ ဒေါ်လာ သန်း ၃၀၀ ကျော်ကို မြန်မာထဲ မြှပ်နှံပေးလိုက်တယ်..

ပြောရမယ်ဆိုရင် မြန်မာကျပ်ငွေနေရာမှာ ယွမ်ကို အစားထိုးကျားကန်ပေးပြီး စကစကို ငွေကူလိုက်တာပဲ.. ဒီ့အတွက် တရုတ်ရလိုက်တာက မြန်မာမှာ ယွမ်ငွေရဲ့ ကြီးစိုးမှုပဲ..

နောက်တစ်ဆင့်ထပ်ချဲ့လာရင် ကျပ်ငွေတန်ဖိုးအပေါ် လူထုယုံကြည်မှုကျလာတာနဲ့အမျှ ကျပ်ငွေတန်ဖိုးကျဆင်းလာတာနဲ့အမျှ ယွမ်သည် အစားထိုးငွေကြေးအဖြစ် နေရာယူလာမယ်.. နောက်ဆို ယွမ်နဲ့ရောင်းတဲ့ နေရာတွေထိ ပေါ်လာနိုင်တယ်..

ပြောရမယ်ဆိုရင် ငွေကြေးစနစ်ကို ဒီလိုဝင်စီးပိုးလာပြီဆိုရင် မကြာခင် သူ့လက်အောက်ရောက်မဲ့သဘောပဲ.. နိုင်ငံတစ်ခုရဲ့ ငွေကြေးစနစ်ကို ဝင်အစီးခံရတာက ဒေါ်လာ သန်း ၃၀၀ ကျော်လေးဆိုတော့ စျေးပေါလွန်းတယ်..

ဒီပုံစံအတိုင်းဆို နောက် ဆယ်စုနှစ်တစ်ခုဆို မြန်မာမှာ ကျပ်ငွေကိုင် သုံးတာထက် ယွမ်ကိုင်သုံးတဲ့သူ ပိုများလာလိမ့်မယ်..

ရှင်းရင် အရှည်ကြီးရှင်းရမှာမလို့ မြင်သာအောင် ပြောရရင် လက်ရှိတရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေရဲ့ အခြေအနေကိုပဲ ကြည့်ပါ..

နောက် ဆယ်စုနှစ်တစ်ခုဆို တရုတ်ယွမ်ငွေက မြန်မာကျပ်ငွေကို ဝါးမြိုသွားလိမ့်မယ်.. မှားချင် မှားမယ် မှန်ချင်မှလည်း မှန်မယ် ယုံချင်မှလည်း ယုံပါ..

———–

ျမန္မာျပည္ တ႐ုတ္နယ္စပ္မွာ တ႐ုတ္ယြမ္ေငြ တိုက္႐ိုက္ သုံးစြဲခြင့္ျပဳျခင္း ေနာက္ကြယ္…

တ႐ုတ္ ျမန္မာနယ္စပ္ကုန္သြယ္ေရးအတြက္ အေထာက္အကူျဖစ္ဖို႔ တ႐ုတ္ယြမ္ေငြႏွင့္ ျမန္မာက်ပ္ေငြ တိုက္႐ိုက္အသုံးျပဳေပးေခ် ကုန္သြယ္မႈျပဳလုပ္ႏိုင္ေၾကာင္း ဒီဇင္ဘာလ ၁၄ ရက္ေန႔က ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္ပါတယ္။

သေဘာကေတာ့ တ႐ုတ္က စကစကို ေငြေထာက္ေပးတာပဲ.. ယြမ္/က်ပ္ တိုက္႐ိုက္သုံးစြဲခြင့္ကို ဗဟိုဘဏ္ကထုတ္တယ္.. ဒီ့ေနာက္ တ႐ုတ္က အစမ္းကာလ ယြမ္ေငြ ၂ ဘီလ်ံ ေဒၚလာ သန္း ၃၀၀ ေက်ာ္ကို ျမန္မာထဲ ျမႇပ္ႏွံေပးလိုက္တယ္..

ေျပာရမယ္ဆိုရင္ ျမန္မာက်ပ္ေငြေနရာမွာ ယြမ္ကို အစားထိုးက်ားကန္ေပးၿပီး စကစကို ေငြကူလိုက္တာပဲ.. ဒီ့အတြက္ တ႐ုတ္ရလိုက္တာက ျမန္မာမွာ ယြမ္ေငြရဲ႕ ႀကီးစိုးမႈပဲ..

ေနာက္တစ္ဆင့္ထပ္ခ်ဲ႕လာရင္ က်ပ္ေငြတန္ဖိုးအေပၚ လူထုယုံၾကည္မႈက်လာတာနဲ႔အမွ် က်ပ္ေငြတန္ဖိုးက်ဆင္းလာတာနဲ႔အမွ် ယြမ္သည္ အစားထိုးေငြေၾကးအျဖစ္ ေနရာယူလာမယ္.. ေနာက္ဆို ယြမ္နဲ႔ေရာင္းတဲ့ ေနရာေတြထိ ေပၚလာႏိုင္တယ္..

ေျပာရမယ္ဆိုရင္ ေငြေၾကးစနစ္ကို ဒီလိုဝင္စီးပိုးလာၿပီဆိုရင္ မၾကာခင္ သူ႔လက္ေအာက္ေရာက္မဲ့သေဘာပဲ.. ႏိုင္ငံတစ္ခုရဲ႕ ေငြေၾကးစနစ္ကို ဝင္အစီးခံရတာက ေဒၚလာ သန္း ၃၀၀ ေက်ာ္ေလးဆိုေတာ့ ေစ်းေပါလြန္းတယ္..

ဒီပုံစံအတိုင္းဆို ေနာက္ ဆယ္စုႏွစ္တစ္ခုဆို ျမန္မာမွာ က်ပ္ေငြကိုင္ သုံးတာထက္ ယြမ္ကိုင္သုံးတဲ့သူ ပိုမ်ားလာလိမ့္မယ္..

ရွင္းရင္ အရွည္ႀကီးရွင္းရမွာမလို႔ ျမင္သာေအာင္ ေျပာရရင္ လက္ရွိတ႐ုတ္နဲ႔ ထိစပ္ေနတဲ့ နယ္စပ္ေဒသေတြရဲ႕ အေျခအေနကိုပဲ ၾကည့္ပါ..

ေနာက္ ဆယ္စုႏွစ္တစ္ခုဆို တ႐ုတ္ယြမ္ေငြက ျမန္မာက်ပ္ေငြကို ဝါးၿမိဳသြားလိမ့္မယ္.. မွားခ်င္ မွားမယ္ မွန္ခ်င္မွလည္း မွန္မယ္ ယုံခ်င္မွလည္း ယုံပါ..

Crd – Original