ဒီမိုကရေစီဖျက်ဆီးတဲ့ မြန်မာစစ်တပ်ကို ပြင်းထန်ထိရောက်တဲ့ အရေးယူမှုလုပ်နိုင်ဖို့ အချိန်ယူခဲ့ရတာပါ

ဒီမိုကရေစီဖျက်ဆီးတဲ့ မြန်မာစစ်တပ်ကို ပြင်းထန်ထိရောက်တဲ့ အရေးယူမှုလုပ်နိုင်ဖို့ အချိန်ယူခဲ့ရတာပါ

(Mitch McConnell ရဲ့ ဆောင်းပါးကောက်နုတ်ချက်)

၁၉ ဒီဇင်ဘာ ၂၀၂၁

ကျနော့်ရဲ့လွှတ်တော်အမတ်သက်တမ်း တလျှောက်မှာ ကမ္ဘာတဝှမ်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ပဲ အဓိက အားစိုက်ခဲ့ရာမှာ မြန်မာနိုင်ငံဟာ ကျနော့်အတွေးထဲမှာ ထိပ်ဆုံးမှာရှိနေပါတယ်။

၂၀၀၃ ခုနှစ်က the Burmese Freedom and Democracy Act of 2003 ကို ပြဌာန်းအတည်ပြုဖို့ ကျနော်ကျိုးစားခဲ့တာပါ။ အဲဒီဥပဒေဟာ အဲဒီအချိန်က တရားမဝင်အာဏာရယူထားတဲ့ စစ်အစိုးရကို ဖိအားပေးနိုင်ခဲ့ပါတယ်။

နေအိမ်အကျဉ်းချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်​အောင်ဆန်းစုကြည်နဲ့ ၂၀၀၂ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေမသိအောင် လျှို့ဝှက်ဆက်သွယ်ခဲ့တဲ့အထိ မြန်မာ့အရေးကို ကျနော် စိတ်ဝင်တစားထောက်ခံခဲ့တာပါ။

၂၀၁၂ ခုနှစ်မှာ မြန်မာစစ်တပ်က ဒေါ်​အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲဝင်ခွင့်ပြုခဲ့လို့ ဖိအားပေးတာတွေလျှော့ပေးခဲ့တာပါ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရပြီး NLD အရပ်သားအစိုးရတက်လာချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖူးပွင့်လာပြီဆိုပြီး မြန်မာပြည်သူတွေအတွက် ကျနော်တို့ ပျော်ရွှင်ခဲ့ရဘူးပါတယ်။

ဒါပေမယ့် စစ်တပ်ဟာ အရပ်သားအစိုးရကို ဒီမိုကရေစီအပြည့်အဝကျင့်သုံးလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချပြီး ဘေးကနေ ကန့်လန့်တိုက်လာတာတွေကျနော်တို့မြင်လာရပါတယ်။ အစိုးရက ဆုံးဖြတ်ချက်တွေကို လွတ်လပ်စွာ ချလို့မရအောင် အကျပ်ကိုင်နေတာတွေတွေ့လာရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကပဲအပြတ်အသတ်အနိုင်ရချိန်မှာ မြန်မာစစ်တပ်က ပွင့်လင်းစဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့လွတ်လပ်ခွင့်အားလုံးကို ဖျက်ဆီးဖို့ အာဏာသိမ်းဖို့ လုပ်ခဲ့တာပါပဲ။

ဒီလို ဆိုးဝါးတဲ့ စစ်တပ်ရဲ့ အပြုအမူကို ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေကလက်မခံသလို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေလို့မရပါဘူး။

ကျနော့်ရဲ့မဲဆန္ဒနယ်မှာ မြန်မာတိုင်းရင်းသားမဲဆန္ဒရှင် (၁) သောင်းကျော်လောက်ရှိပါတယ်။ သူတို့အားလုံးက စစ်တပ်ရဲ့အပြုအမူတွေကို လုံးဝလက်မခံပါဘူး။ သူတို့ရဲ့ ပြင်းပြတဲ့ ခံစားချက်နဲ့ ဆန္ဒတွေကို ကျနော် အချိန်ယူလေ့လာနားထောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူရွေးချယ်တဲ့အရပ်သားအစိုးရကိုပဲသူတို့ပြန်မြင်ချင်သလို သူတို့နဲ့အတူ ထပ်တူရှိကြောင်း ကျနော် အသေအချာ အာမခံခဲ့ပါတယ်။ မြန်မာစစ်တပ်ကို အမေရိကန်အနေနဲ့ရော နိုင်ငံတကာကပါ တကယ်ကိုထိရောက်တဲ့အရေးယူမှုတွေလုပ်နိုင်မယ့်နည်းလမ်းကို ကျနော်တို့သေချာစဉ်းစားပြီး

”၂၀၂၂ ခုနှစ် အမေရိကန်ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေမှာ” စစ်အာဏာရှင်စနစ်ကို မမြင်ချင်တော့တဲ့ မခံစားနိုင်တော့တဲ့ မြန်မာပြည်သူတွေအတွက် ပြင်ဆင်ထဲ့သွင်းဖို့ ကျနော်လုပ်ခဲ့တာပဲဖြစ်တယ်။

မြန်မာပြည်သူတွေအတွက် အရင်ကထက်တောင် ပိုပြီး အချိန်ပေး အာရုံစိုက်လုပ်နေပါတယ်။
တခုထပ်ပြောပြချင်တာက ၂၀၀၃ ခုနှစ်က ပြဌာန်းနိုင်ခဲ့ တဲ့ the Burmese Freedom and Democracy Act of 2003 ကို ကျနော်နဲ့အတူ လက်တွဲလုပ်ခဲ့သူကတော့ အခု အမေရိကန်ပြည်ထောင်စု သမ္မတကြီး ဘိုင်ဒန်ပါပဲ။

Via; Burma News Network
Sa J MM