မုံရွာမြို့ပေါ် စစ်ဌာနချုပ်ထိ ခြိမ်းခြောက်လာနိုင်ပြီဖြစ်တဲ့ PDF

စစ်ကိုင်းတိုင်းမြို့တော်မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းကို ယနေ့ညနေ ၃ နာရီဝန်းကျင်တွင် လက်နက်ဖြင့် ပစ်ခတ်ခံရကြောင်း RNA မှာ ဖော်ပြထားချက်အရ သိရှိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းတွင် ယမ်းငွေ့များ ထနေပြီး လက်နက်ကြီးကျည်ပါ ကျရောက်ကြောင်း ဒေသခံတချို့က ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် အထိအခိုက်အကျအဆုံးအခြေအနေ သတင်းကိုမူ မရရှိသေးပေ။ လက်ရှိတွင် စစ်တပ်က ပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

မုံရွာမြို့တစ်ဖက်ကမ်းက ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ယင်းမာပင်နယ်ထဲမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြောင်း ဘီဘီစီ သတင်းမှာဖော်ပြထားပါသေးတယ်။

စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြိုပေါ်မှာ တပ်စွဲထားပြီးတော့ အခုလို ယမားချောင်း မြောက်ပိုင်းက ရွာတွေကို လာရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ နုံးကြီးကျေးရွာနဲ့ မြို့ကြီးကျေးရွာကြားက တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ယင်းမာပင်ခရိုင် ပူးပေါင်း PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဘက်က အင်အားအလုံးအရင်းသုံးသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေဟာ ရဟတ်ယာဥ်တွေကို ပါသုံးပြီးနယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာလည်း ရှိပါတယ်။

ဒီဇင်ဘာလဆန်းကစတင်ပြီး ယင်းမာပင်ခရိုင် အတွင်းရှိ ယင်းမာပင်၊ ပုလဲ ၊ ဆားလင်းကြီးနဲ့ကနီမြို့နယ်များကို စစ်ကောင်စီတပ်တွေက လက်နက်အင်အား လူအင်အား အများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီးတွေသုံးတဲ့ ယမားတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကရော ဒေသကာကွယ်ရေးတပ်တွေကပါ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

————

စစ္ကိုင္းတိုင္းၿမိဳ႕ေတာ္မုံ႐ြာအေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ဝင္းကို ယေန႔ညေန ၃ နာရီဝန္းက်င္တြင္ လက္နက္ျဖင့္ ပစ္ခတ္ခံရေၾကာင္း RNA မွာ ေဖာ္ျပထားခ်က္အရ သိရွိရသည္။

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ဝင္းအတြင္းတြင္ ယမ္းေငြ႕မ်ား ထေနၿပီး လက္နက္ႀကီးက်ည္ပါ က်ေရာက္ေၾကာင္း ေဒသခံတခ်ိဳ႕က ဆိုပါတယ္။

ပစ္ခတ္မႈေၾကာင့္ အထိအခိုက္အက်အဆုံးအေျခအေန သတင္းကိုမူ မရရွိေသးေပ။ လက္ရွိတြင္ စစ္တပ္က ပိတ္ဆို႔ၿပီး စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။

မုံ႐ြာၿမိဳ႕တစ္ဖက္ကမ္းက ခ်င္းတြင္းျမစ္အေနာက္ဘက္ျခမ္း ယင္းမာပင္နယ္ထဲမွာ ဒီဇင္ဘာလ ၂၂ ရက္ေန႔ မနက္ပိုင္းကစၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာဆိုေၾကာင္း ဘီဘီစီ သတင္းမွာေဖာ္ျပထားပါေသးတယ္။

စစ္ေကာင္စီတပ္ေတြဟာ ယင္းမာပင္ၿမိဳေပၚမွာ တပ္စြဲထားၿပီးေတာ့ အခုလို ယမားေခ်ာင္း ေျမာက္ပိုင္းက ႐ြာေတြကို လာေရာက္ တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ ၂၂ ရက္ေန႔ မနက္ပိုင္းမွာ ျဖစ္ခဲ့တဲ့ ႏုံးႀကီးေက်း႐ြာနဲ႔ ၿမိဳ႕ႀကီးေက်း႐ြာၾကားက တိုက္ပြဲမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ ယင္းမာပင္ခ႐ိုင္ ပူးေပါင္း PDF အဖြဲ႕ေတြ တိုက္ပြဲျဖစ္ခဲ့တာလို႔လည္း ေဒသခံေတြက ဆိုပါတယ္။

စစ္ေကာင္စီတပ္ေတြဘက္က အင္အားအလုံးအရင္းသုံးသလို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာရွိတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။

အခုရက္ပိုင္း စစ္ကိုင္းတိုင္းထဲမွာ စစ္ေကာင္စီတပ္ေတြဟာ ရဟတ္ယာဥ္ေတြကို ပါသုံးၿပီးနယ္ေျမခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြကို တိုက္ခိုက္ေနတာလည္း ရွိပါတယ္။

ဒီဇင္ဘာလဆန္းကစတင္ၿပီး ယင္းမာပင္ခ႐ိုင္ အတြင္းရွိ ယင္းမာပင္၊ ပုလဲ ၊ ဆားလင္းႀကီးနဲ႔ကနီၿမိဳ႕နယ္မ်ားကို စစ္ေကာင္စီတပ္ေတြက လက္နက္အင္အား လူအင္အား အမ်ားအျပားနဲ႔ စစ္ေၾကာင္းထိုးလာတာေၾကာင့္ အခုလို တိုက္ပြဲေတြ ျဖစ္ပြားေနခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

လက္နက္ႀကီးေတြသုံးတဲ့ ယမားတိုက္ပြဲမွာ ႏွစ္ဖက္ထိခိုက္ေသဆုံးမႈနဲ႔ ပတ္သက္ၿပီးေတာ့ စစ္ေကာင္စီဘက္ကေရာ ေဒသကာကြယ္ေရးတပ္ေတြကပါ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။