NUG သတိထားရမယ့် တမီလ်ကျားတွေကပေးတဲ့ သင်ခန်းစာ

သီဟိုဠ် ကျွန်းက တမီလ်ကျား သူပုန်တွေ ဆိုတာ နယ်နယ်ရရတော့ မဟုတ်။ သူတို့မှာ ကမ္ဘာအနှံ့ ကွန်ယက် ဆောက်ပြီး ဘဏ္ဍာငွေ ရှာ နိုင်တယ်။

နိုင်ငံရပ်ခြားရောက် တမီးလ်တွေ ဆီက အခွန်ကောက်တယ် အလှူခံတယ်။ ဆက်ဆံရေး ရုံးတွေကိုပုံဖျက် တည်ထောင်ထား နိုင်တယ်။

လူမျိုးစု အခြေခံ အမာခံနယ်မြေ ကိုခြေကုပ်ယူထား နိုင်တဲ့ အတွက် အစိုးရ ငယ် တစ်ခုပါ တည်ထောင် ထားနိုင်တယ်။ သူတို့မှာ အသံလွှင့်ဌာန ရှိတယ်၊ ရုပ်သံလွှင့်ရုံရှိတယ်၊

ယာယီ လေတပ် ရှိတယ်၊ ယာယီ ရေတပ် တည်ထောင်ဖို့ လုပ်နေတယ်။ လက်နက် မှောင်ခိုကို စက်လှေတွေ နဲ့ ပေါ်တင် သွင်းတယ်။

အချုပ်အချာ ပိုင် နယ်မြေ လေးဖြစ်နေပြီ။ သီဟိုကျွန်းရဲ့ လေးပုံ တစ်ပုံကို သိမ်းထားနိုင်တယ်။ အစိုးရတပ် တွေ တက်ထိုး တိုင်း လန်တာပဲ။ အဲ့ဒိမှာ အစိုးရတပ်တွေ စစ်ရာဇဝတ်မှု့ ကျူးလွန် တယ် ဆိုတာတွေ ဖြစ်တယ်။

သို့သော် အဲ့ဒိလောက် အင်အားကောင်းတဲ့ တမီလ်ကျား တွေ ဟာ နိုင်ငံတစ်ခု မထူထောင်နိုင်ဘဲ ဘာ့ကြောင့် နှစ်ပိုင်း လပိုင်း အတွင်း ကျဆုံးသွားတယ်။

အဲ့ဒိတမီလ် သူပုန်တွေ ဘာ့ကြောင့် ကျဆုံးရတာလဲ သိလား။ နိုင်ငံတကာက အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ် ပြီး ဝိုင်း ပိတ်ဆို့ လိုက် လို့။

ဘာ့ကြောင့် အကြမ်းဖက် အဖွဲ့ ဖြစ်ရတာလဲ။ ဗုံးခွဲ တိုက်ခိုက်မှု့ တွေ နဲ့ လုပ်ကြံမှု့တွေကို လက်လွန်ခြေလွန် လုပ်ရာ က စတယ်။

အစိုးရကို လက်တုန့်ပြန် တိုက်ရာမှာ အရပ်ဘက် ပြစ်မှတ် တွေ ကို ပါ သိမ်းကျုံး တိုက်ခိုက် တယ်။ လက်ရဲ ဇက်ရဲ ရှိလာတော့ ရာဂျစ် ဂန္ဓီ ကို ဗုံးခွဲ လုပ်ကြံ ပလိုက်တယ်။

သမ္မတ ကုမာရတွန်ဂါကို လုပ်ကြံတယ်။ ငါတို့ အင်အား ရှိတာပဲ ဆိုပြီး ဒေါသနဲ့ ထင်ရာစိုင်းတယ်။ အဲ့ဒိနောက် ပိုင်းမှာ သူတို့ကို အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံတွေ က တင်းပြီး ငွေကြေး လမ်းကြောင်း ကို ဖြတ်တယ်။

လက်နက် အဝင်လမ်းကြောင်း ကိုဖြတ်တယ်။ အဲ့ဒိမှာ လုံးပါး ပါးတော့တာပဲ။ ဒါက အတိုချုပ်ပြောတာ။

စကစ ဟာ NUG ကို အကြမ်းဖက် အဖွဲ့ ဖြစ်အောင် ထိုးချ ဖို့က သူ့ရည်မှန်းချက်ပဲ။ ဒီအတိုင်း တစိုက်မတ်မတ် လုပ်နေတယ်။

NUG MOD က code of conduct တွေ အော်နေတာ အလုပ်မရှိ အားနေလို့ တော့ မဟုတ်ဘူး။ regular army တစ်ခု တည်ထောင်ဖို့ဟာ NUG ရဲ့ တာဝန်ပဲ။ command chain မရှိဘဲ့ regular army မရှိနိုင်ဘူး။

command chain အောက် မဝင်တဲ့ အဖွဲ့ အစည်း ကို ယုံကြည်လို့ မရဘူး။ ဒီအဖွဲ့တွေဟာ ဒေါသ အလျောက် တိုက်ခိုက်မယ်၊ (သို့) စကစ လက်ပါးစေ အသွင်ယူ ထားတဲ့ အဖွဲ့ ဖြစ်မယ် ဆိုရင် တစ်နိုင်ငံလုံးအတွက် ခဲလေသမျှ သဲရေကျ မှာ။ ဒေါက်တာ တူးခေါင်က ဒီ အချက် ကို ရည်ညွှန်းတာပဲ။

NUG ဟာ EAO တွေ မပါဘဲ တော်လှန်ရေး ကို မလုပ်နိုင်ဘူး။ EAO တွေဟာ နိုင်ငံတကာမှာ လက်ခံတဲ့ အဖွဲ့ အစည်းတွေ မဟုတ်သေး ဘူး။

အချို့ဆို အမေရိကန် လိုနိုင်ငံ ရဲ့ terrorist စာရင်း တို့ခံထားရတဲ့ အထဲမှာ ပါတယ်။ ဒါ့ကြောင့် EAO ခေါင်းဆောင်တွေဟာ နိုင်ငံရပ်ခြား ခရီး ကို အလွယ် သွားလို့မရဘူး။

မတော်တဆ NUG အထောက်ပံ့ခံ အဖွဲ့ အစည်းက လက်လွန်ခြေလွန် လုပ်ပြီး နိုင်ငံတကာ ကို သက်သေ တွေ တက်သွားရင် သွားပြီ။

တလောက LPDF အချို့ ဒလန် တွေကို ရှင်းတာကို စကစ လုပ်ကြံစာရင်းအတု နဲ့ အမှု့တွဲ မေးလို့ မနည်းဖြေရှင်း ယူရတာ။ ဒါတောင် သတင်းဌာနတွေ က လိုက်အမှု့ တွဲတာပဲ ရှိသေးတယ်။

အကြမ်းဖက်် အဖွဲ့ အစည်း အဖြစ် သတ်မှတ် လျစ်လျူ အရှု့ ခံရရင် အခု ပြည်သူလူထုက လုပ်ပေး နေတဲ့ C2D တွေ၊ အလှူလမ်းကြောင်း တွေ၊ နွေဦး ငွေချေးစာချုပ် ဘွန်း တွေ ၊ ဘဏ် အကောင့်တွေ၊ အကုန် အနှိပ် ကွပ်ခံရခံရ လိမ့်မယ်။

ပြည်နှင်တာတွေ ဘာတွေ ဖြစ်ကုန်မယ်။ ထောက်ပံ့ လမ်းကြောင်းပြတ်ရင် စကစ အတွက် အောင်ပွဲ ပဲ။ တစ်နိုင်ငံ လုံး စစ်ကျွန် တကယ်ဖြစ်မှာ။ ဒါ့ကြောင့် အသေးစိတ်က အစ အမြော်အမြင် ရှိရှိ ကရုစိုက်ကြရမယ်။

ကိုယ်က ပြည်သူတစ်ယောက် အနေနဲ့ လိုအပ်တာကို ထောက်ပြ ပြောဆိုရမှာ ဖြစ်ပေမယ့် ထောက်ပြတာထက် အီမိုးရှင်းတွေ ပါပြီး ကျွံသွားရင်

အစဆွဲပြီး ရန်တိုက်ပေးမယ့် ဒလန် တွေက အွန်လိုင်းမှာ ထုနဲ့ဒေး။ ငါမသိသေးတာ အများကြီးပါလား ဆိုတာ သတိ ပြုမိရင် နားလည် ပါလိမ့်မယ်။

ကြည့်ယုံ ကြည့်ပြော ချင့်ချိန် ကြတာပေါ့။ နိုင်ငံ တစ်ခု တည်ထောင်ဖို့ တော်လှန်ရေး ကို တာဝန်ခံရတဲ့ အလုပ်ဟာ ယောက္ခမ အိမ်ပေါ် မယားငယ် ခေါ်တင် ရတာထက် အဆများစွာ ခက်ပါလိမ့်မယ်။

Z Tint Wai