ဒီဇင်ဘာ ၂၉ ရက် အ​နောက်အရပ်တွင် ​သောကြာဂြိုဟ် (ဗီးနပ်စ်)နှင့် ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ)တို့စစ်ထိုးမည်

ဒီဇင်ဘာ ၂၉ ရက် အ​နောက်အရပ်တွင် ​သောကြာဂြိုဟ် (ဗီးနပ်စ်)နှင့် ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ)တို့စစ်ထိုးမည်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်​နေ့ ည​နေခင်းမှာ​တော့ အ​နောက်ဘက်မိုးကုတ်စက်ဝိုင်းအနီးက ဓနုရာသီကြယ်စုများအတွင်းမှာ ​သောကြာဂြိုဟ်(ဗီးနပ်စ်)၊ ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ) နဲ့ ဂြိုဟ်သိမ်ဂြိုဟ်ပဲ့​လေး ပလူတိုတို့တွေ့ဆုံကြမှာဖြစ်ပါတယ်။

​နေဝင်ပြီးစအချိန် အ​နောက်ဘက်မိုးကုတ်စက်ဝိုင်းရဲ့ ၁၂ ဒီဂရီအမြင့်​လောက်မှာသာမန်မျက်စိဖြင့်ရှာ​ဖွေကြည့်ရှုနိုင်ပါတယ်။

ဗီးနပ်စ်(​သောကြာဂြိုဟ်)ဟာ ဒီဇင်ဘာလဆန်းပိုင်းက အ​တောက်ပဆုံးလင်းလက်ခဲ့ပြီး ယခုအချိန်မှာ​တော့ အ​နောက်ဘက်မိုးကုတ်စက်ဝိုင်းဆီသို့နိမ့်ဆင်းသွား​နေပြီ ဖြစ်ပါတယ်။

မကြာမီ(၂၀၂၂ ဇန်နဝါရီ ၉ ရက်) မှာ ​နေ နှင့် ကမ္ဘာအကြားဖြတ်သန်းမှုပြုမှာဖြစ်ပြီး ​ဖေ​ဖော်ဝါရီ မတ်လ​လောက်မှာအ​ရှေ့အရပ်မှ(​နေမထွက်မီအချိန်)ပြန်လည်​ပေါ်ထွက်လာမှာဖြစ်ပါတယ်။အလင်းအား ၄.၄ မဂ္ဂနီကျူ့နဲ့လင်းလက်​တောက်ပလျက်ရှိပါတယ်။

မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ်က​တော့ ​နေကို ၈၈ရက်လျှင်တပတ်နှုန်းနဲ့လျှင်မြန်စွာလှည့်ပါတ်​နေရတဲ့အတွက် ရံဖန်ရံခါလမ်းကြောင်းရှည်ထွက်လာမှသာမိုးကုတ်စက်ဝိုင်းအထက်သို့တက်လာတတ်ပါတယ်။

အ​ရှေ့ဘက်လမ်း​ကြောင်းရှည်ထွက်လာလျှင်နေဝင်ပြီးစအချိန်မှာအ​နောက်အရပ်၌ ပေါ်ထွက်လာတတ်ပြီး အ​နောက်ဘက်လမ်း​ကြောင်းရှည်ထွက်ချိန်မှာ​တော့ ​နေမထွက်မီ အ​ရှေ့အရပ်မိုးကုတ်စက်ဝိုင်းအနီး တွေ့ရတတ်ပါတယ်။

ဗုဒ္ဓဟူးဂြိုဟ်ဟာ ဇန်နဝါရီလ ၇ ရက်​နေ့မှာ မကာရရာသီအထိတက်လှမ်းလာမှာ(တနည်း) အ​ရှေ့ဘက်လမ်း​ကြောင်းရှည်ထွက်လာမှာဖြစ်ပါတယ်။

ဆိုလိုတာက​တော့ သောကြာဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ်တို့ အထက် အောက် ​နေရာ​ပြောင်းကြမှာဖြစ်ပါတယ်။ မြန်မာ့နက္ခတ္တ​ဗေဒမှာ​တော့ ဂြိုဟ်စစ်ထိုးတယ်လို့ခေါ်ဆိုကြမှာပါ။

၄င်းဂြိုဟ်နှစ်ခု နီးကပ်မှုဖြစ်စဥ်အနီးမှာ ပလူတိုဂြိုဟ်သိမ်​လေးလည်းကပ်ရှိ​နေဦးမှာပါ။ ပလူတိုဟာ ယခင်က ဂြိုဟ်ကြီး ၉ လုံးမှာ ပါဝင်ခဲ့​ပေမဲ့ ၂၀၀၆ ခုနှစ်မှာ ဂြိုဟ်သိမ်တစ်ခုအဖြစ် ​ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ပလူတိုဆိုတဲ့အမည်က​တော့ ရောမနတ်ဘုရားပုံပြင်ထဲမှယမမင်း (Hades)အမည်ကို မှည့်ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဗီးနပ်စ်က​တော့လှပတဲ့ နတ်သမီးအမည်ဖြစ်ပြီး၊ မာကျူရီက​တော့ခြေမြန်​တော်တပ်သားနတ်ဘုရားအမည်ကိုပေးထားခြင်းသာဖြစ်ပါ​တော့တယ်။

သန့်ဦး(အာကာသနှင့်စကြဝဠာသင်​ထောက်ကူ)