လာမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့်ကျင်းပတော့မည့် အခြေခံပညာအဆင့် နှစ်ဝက်စာမေးပွဲများအကြောင်း

လာမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့်ကျင်းပတော့မည့် အခြေခံပညာအဆင့် နှစ်ဝက်စာမေးပွဲများအကြောင်း

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာအဆင့်နှစ်ဝက်စာမေးပွဲများကို လာမယ့်ဇန်နဝါရီ ၅ ရက်မှစ၍ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့် ကျင်းပမည်ဖြစ်တယ်လို့အသိပေးကြေညာထားပါတယ်။

တာဝန်ရှိသူတစ်ဦးက “ဇန်နဝါရီလ ၅၊ ၆၊ ၇ ရက်မှာစစ်ဖို့စာထွက်ခဲ့ပြီးပြီပေါ့နော်။ဒီနှစ်ဝက်စာမေးပွဲကို ပေါ့နော်။ အဲဒါကဘယ်လတွေအထိလဲဆိုတော့ကျောင်းဖွင့်တဲ့ရက်ကစပြီး ဒီဇင်ဘာအထိသင်ထားတဲ့သင်ရိုးတွေထဲကနေ တစ်နေ့ကို နှစ်ဘာသာနှုန်းနဲ့ စစ်သွားဖို့အကြောင်းကြားထားပြီးပြီပေါ့နော်”လို့ပြောဆိုထားပါတယ်။

ကြေညာချက်အရ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာအဆင့်နှစ်ဝက်စာမေးပွဲများကို ဇန်နဝါရီ ၅ရက်တွင်စတင်ပြုလုပ်မည်ဖြစ်ကြောင်း၊နှစ်ဝက်စာမေးပွဲစစ်ဆေးရာတွင်ကျောင်းစတင်ဖွင့်လှစ် သည့်လမှစတင်ပြီးဒီဇင်ဘာအထိသင်ကြားခဲ့သည့် သင်ရိုးများထဲမှသင်ခန်းစာများကို စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီးနှစ်ဝက်စာမေးပွဲကိုစစ်ဆေးရာတွင်သူငယ်တန်း၊KG, Grade 1,2,3 တွင်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများဖြေဆိုရန်မလိုဘဲ အခန်းတွင်းစစ်ဆေးကန့်သတ်ခြင်းသာလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက“အတန်းအားလုံးဆိုတဲ့ နေရာမှာတော့ နှစ်ဝက်တို့ နှစ်ဆုံးတို့စစ်ဆေးစရာမလိုတဲ့ အခန်းတွင်းပဲစစ်ဆေးဖို့လိုတဲ့ အတန်းတွေဖြစ်တဲ့ မူလတန်းအောက်ဆင့်လို့ခေါ်တဲ့သူငယ်တန်းပါမယ်။ပြီးရင် KG, Grade 1,2,3 အတန်းတွေကိုတော့ နှစ်ဝက်စစ်တယ်လို့တော့မဟုတ်ဘူး။

အခန်းတွင်းစစ်ဆေးခြင်းနဲ့ပဲ စစ်သွားမှာပါ။မူလတန်းမှာ စနစ်သစ်ရဲ့အကောင်အထည်ဖော်မှုအရတော့ Grade 4 ပေါ့။ ပြီးရင်တော့ အလယ်တန်းရယ်၊အထက်တန်းရယ်ပေါ့။

ဒါတွေကိုတော့နှစ်ဝက်စစ်ဆေးခြင်းအနေနဲ့ ဇန်နဝါရီ ၅၊ ၆၊ ၇ ရက်တွေ မှာတစ်နေ့ နှစ်ဘာသာနဲ့ စစ်ဆေးသွားမှာပါ”လို့ဆိုပါတယ်။