ပြည်သူများ လျှပ်စစ်ကို လျှော့သုံးကြရန် စစ်ကောင်စီလျှပ်စစ်ဌာန ပန်ကြား

ပြည်သူများ လျှပ်စစ်ကို လျှော့သုံးကြရန် စစ်ကောင်စီလျှပ်စစ်ဌာန ပန်ကြား

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလျော့နည်းကျဆင်းလာတဲ့အတွက် လျှပ်စစ်မီးသုံးစွဲတာများတဲ့ အချိန်တွေမှာ မီးပြတ်တောက်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လျှပ်စစ်ကို လျှော့သုံးဖို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။

ပုံမှန်အချိန်မှာ အမြင့်ဆုံး ၄၂၀၀ မဂ္ဂါဝပ်လောက် ဓာတ်အားထုတ်လုပ်နိုင်ပေမဲ့ လက်ရှိအချိန်မှာ ပြည်ပကနေ မှာယူတင်သွင်းရတဲ့ ဓာတ်ငွေ့ဈေးနှုန်း ၄ ဆလောက်မြင့်တက်လာလို့ LNG to Power ဓာတ်အားပေးစက်ရုံတွေကနေ ၇၅၀ မဂ္ဂါဝပ်လောက်ကို မထုတ်လုပ်ဘဲ ရပ်ထားတယ်လို့ ဆိုပါတယ်။

ပြီးတော့ ရတနာကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းမှာလည်း နှစ်စဉ် ပုံမှန်ထိန်းသိမ်းပြုပြင်တဲ့ လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကနေ အခု ဇန်နဝါရီ ၆ ရက်အထိ လုပ်ခဲ့လို့ သဘာဝ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံတွေကနေ ၅၄၀ မဂ္ဂါဝပ်လောက် မထုတ်နိုင်ဘဲ လျော့နည်းနေတယ်လို့ ဆိုပါတယ်။

သဘာဝဓာတ်ငွေ့သုံးနဲ့ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတချို့ကိုလည်း နှစ်စဉ် ထိန်းသိမ်း ပြုပြင်နေတာ၊ ပွင့်လင်းရာသီကာလ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံတွေအတွက် ရေဝင်တာနည်းလို့ ရေအားလျှပ်စစ် ထုတ်လုပ်တာကို ထိန်းသိမ်းလျှော့ချနေတာတွေကြောင့် စုစုပေါင်း ဓာတ်အား ထုတ်လုပ်နိုင်တာဟာ သုံးစွဲတာထက် ၁၄၇၀ မဂ္ဂါဝပ်လောက် လျော့နေတယ်လို့ ဆိုပါတယ်။

ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ ဓာတ်အားပို့လွှတ်ပေးနေတဲ့ ၂၃၀ ကေဗွီ တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးခံရတာကြောင့်လည်း ဓာတ်အား ၁၈၀ မဂ္ဂါဝပ်လောက် လျော့နည်းနေတယ်လို့ သူတို့က ဆိုပါတယ်။

ရတနာဓာတ်ငွေ့ စီမံကိန်းကို ထိန်းသိမ်းပြုပြင်တာတွေပြီးလို့ ဇန်နဝါရီ ၇ ရက်မှာ ပြန်ထုတ်လုပ်နိုင်ပြီး တာဝါတိုင်တွေ အမြန်ပြန်ပင်ဖို့ စီစဉ်နေပေမဲ့ ၉၃၀ မဂ္ဂါဝပ်လောက် ဆက်ပြီး လျော့နေဦးမယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်အားစနစ် တည်ငြိမ်စေဖို့ မီးသုံးတာများတဲ့ မနက် ၇ နာရီကနေ ည ၁၁ နာရီအချိန်အတွင်း၊ ညနေ ၅ နာရီကနေ ၇ နာရီအချိန်အတွင်းတို့မှာ တချို့နေရာတွေ မီးပြတ်တောက်မယ်လို့ ဆိုပါတယ်။

ဝန်အားလျှော့မဲ့ စာရင်းကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ညွှန်ကြားထားခဲ့ဖူးပေမဲ့ မြို့တွေမှာ အချိန်မှန် မီးပြတ်တောက်တာမဟုတ်ဘဲ နေ့စဉ် တချို့အချိန်တွေ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

မီးသုံးစွဲနေတဲ့ အိမ်ထောင်စုတွေအနေနဲ့ မီးလင်းအားတူပြီး ဓာတ်အားသုံးစွဲမှုနည်းတဲ့ LED မီးသီး/မီးချောင်းကို အစားထိုးသုံးစွဲဖို့၊ မီးသုံးစွဲတာများတဲ့ အိမ်ထောင်စုတွေအနေနဲ့ မလိုအပ်တဲ့ ခလုတ်တွေပိတ်ထားဖို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းပါတယ်။

ပြီးတော့ နေအား၊ ရေအားအပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံကနေ လျှပ်စစ်ဓာတ်အားပို ထုတ်လုပ်နိုင်ဖို့ စီမံကိန်းသစ်တွေကိုလည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

လတ်တလော ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ လျှပ်စစ်မီးတွေ ဆက်တိုက်ပျက်နေပေမဲ့ စစ်ကောင်စီကတော့ လျှပ်စစ်မီတာခတွေကို လက်နက်ကိုင်တပ်တွေအတူ အဓမ္မလိုက်ကောက်ခံ နေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

dvb

———–

ျပည္သူမ်ား လွ်ပ္စစ္ကို ေလွ်ာ့သုံးၾကရန္ စစ္ေကာင္စီလွ်ပ္စစ္ဌာန ပန္ၾကား

လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္မႈေလ်ာ့နည္းက်ဆင္းလာတဲ့အတြက္ လွ်ပ္စစ္မီးသုံးစြဲတာမ်ားတဲ့ အခ်ိန္ေတြမွာ မီးျပတ္ေတာက္မွာျဖစ္ၿပီး ျပည္သူေတြအေနနဲ႔ လွ်ပ္စစ္ကို ေလွ်ာ့သုံးဖို႔ စစ္ေကာင္စီလက္ေအာက္ခံ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ေၾကညာပါတယ္။

ပုံမွန္အခ်ိန္မွာ အျမင့္ဆုံး ၄၂၀၀ မဂၢါဝပ္ေလာက္ ဓာတ္အားထုတ္လုပ္ႏိုင္ေပမဲ့ လက္ရွိအခ်ိန္မွာ ျပည္ပကေန မွာယူတင္သြင္းရတဲ့ ဓာတ္ေငြ႕ေဈးႏႈန္း ၄ ဆေလာက္ျမင့္တက္လာလို႔ LNG to Power ဓာတ္အားေပးစက္႐ုံေတြကေန ၇၅၀ မဂၢါဝပ္ေလာက္ကို မထုတ္လုပ္ဘဲ ရပ္ထားတယ္လို႔ ဆိုပါတယ္။

ၿပီးေတာ့ ရတနာကမ္းလြန္ဓာတ္ေငြ႕ စီမံကိန္းမွာလည္း ႏွစ္စဥ္ ပုံမွန္ထိန္းသိမ္းျပဳျပင္တဲ့ လုပ္ငန္းစဥ္ေတြကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၇ ရက္ကေန အခု ဇန္နဝါရီ ၆ ရက္အထိ လုပ္ခဲ့လို႔ သဘာဝ ဓာတ္ေငြ႕ဓာတ္အားေပးစက္႐ုံေတြကေန ၅၄၀ မဂၢါဝပ္ေလာက္ မထုတ္ႏိုင္ဘဲ ေလ်ာ့နည္းေနတယ္လို႔ ဆိုပါတယ္။

သဘာဝဓာတ္ေငြ႕သုံးနဲ႔ ေရအားလွ်ပ္စစ္ ဓာတ္အားေပး စက္႐ုံတခ်ိဳ႕ကိုလည္း ႏွစ္စဥ္ ထိန္းသိမ္း ျပဳျပင္ေနတာ၊ ပြင့္လင္းရာသီကာလ ေရအားလွ်ပ္စစ္ဓာတ္အားစက္႐ုံေတြအတြက္ ေရဝင္တာနည္းလို႔ ေရအားလွ်ပ္စစ္ ထုတ္လုပ္တာကို ထိန္းသိမ္းေလွ်ာ့ခ်ေနတာေတြေၾကာင့္ စုစုေပါင္း ဓာတ္အား ထုတ္လုပ္ႏိုင္တာဟာ သုံးစြဲတာထက္ ၁၄၇၀ မဂၢါဝပ္ေလာက္ ေလ်ာ့ေနတယ္လို႔ ဆိုပါတယ္။

ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံေတြကေန ဓာတ္အားပို႔လႊတ္ေပးေနတဲ့ ၂၃၀ ေကဗြီ တာဝါတိုင္ေတြကို မိုင္းခြဲဖ်က္ဆီးခံရတာေၾကာင့္လည္း ဓာတ္အား ၁၈၀ မဂၢါဝပ္ေလာက္ ေလ်ာ့နည္းေနတယ္လို႔ သူတို႔က ဆိုပါတယ္။

ရတနာဓာတ္ေငြ႕ စီမံကိန္းကို ထိန္းသိမ္းျပဳျပင္တာေတြၿပီးလို႔ ဇန္နဝါရီ ၇ ရက္မွာ ျပန္ထုတ္လုပ္ႏိုင္ၿပီး တာဝါတိုင္ေတြ အျမန္ျပန္ပင္ဖို႔ စီစဥ္ေနေပမဲ့ ၉၃၀ မဂၢါဝပ္ေလာက္ ဆက္ၿပီး ေလ်ာ့ေနဦးမယ္လို႔ ထုတ္ျပန္ပါတယ္။

ဓာတ္အားစနစ္ တည္ၿငိမ္ေစဖို႔ မီးသုံးတာမ်ားတဲ့ မနက္ ၇ နာရီကေန ည ၁၁ နာရီအခ်ိန္အတြင္း၊ ညေန ၅ နာရီကေန ၇ နာရီအခ်ိန္အတြင္းတို႔မွာ တခ်ိဳ႕ေနရာေတြ မီးျပတ္ေတာက္မယ္လို႔ ဆိုပါတယ္။

ဝန္အားေလွ်ာ့မဲ့ စာရင္းကို စစ္ေကာင္စီလက္ေအာက္ခံ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ၫႊန္ၾကားထားခဲ့ဖူးေပမဲ့ ၿမိဳ႕ေတြမွာ အခ်ိန္မွန္ မီးျပတ္ေတာက္တာမဟုတ္ဘဲ ေန႔စဥ္ တခ်ိဳ႕အခ်ိန္ေတြ ျပတ္ေတာက္ေနတာ ျဖစ္ပါတယ္။

မီးသုံးစြဲေနတဲ့ အိမ္ေထာင္စုေတြအေနနဲ႔ မီးလင္းအားတူၿပီး ဓာတ္အားသုံးစြဲမႈနည္းတဲ့ LED မီးသီး/မီးေခ်ာင္းကို အစားထိုးသုံးစြဲဖို႔၊ မီးသုံးစြဲတာမ်ားတဲ့ အိမ္ေထာင္စုေတြအေနနဲ႔ မလိုအပ္တဲ့ ခလုတ္ေတြပိတ္ထားဖို႔ စစ္ေကာင္စီလက္ေအာက္ခံ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက တိုက္တြန္းပါတယ္။

ၿပီးေတာ့ ေနအား၊ ေရအားအပါအဝင္ စြမ္းအင္အရင္းအျမစ္မ်ိဳးစုံကေန လွ်ပ္စစ္ဓာတ္အားပို ထုတ္လုပ္ႏိုင္ဖို႔ စီမံကိန္းသစ္ေတြကိုလည္း ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔လည္း ဆိုပါတယ္။

လတ္တေလာ ရန္ကုန္အပါအဝင္ ျမန္မာႏိုင္ငံအႏွံ႔မွာ လွ်ပ္စစ္မီးေတြ ဆက္တိုက္ပ်က္ေနေပမဲ့ စစ္ေကာင္စီကေတာ့ လွ်ပ္စစ္မီတာခေတြကို လက္နက္ကိုင္တပ္ေတြအတူ အဓမၼလိုက္ေကာက္ခံ ေနတယ္လို႔ ေဒသခံေတြ ထံက သိရပါတယ္။

dvb