စိနဟာ အနိုင်ကျင့်ခံနေရတယ်လို့ ရှီကျင့်ဖင်မှ ပြောကြား
တရုတ်ဟာ အနိုင်ကျင့်ခံနေရတယ်လို့ ရှီကျင့်ဖင်ပြောကြား😱
အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို နိုင်ထက်စီးနင်းလွှမ်းမိုးဖို့ ကြိုးပမ်းနေပါတယ်။ အခြားနိုင်ငံတွေရဲ့ကိစ္စတွေမှာ အဟန့်အတားလုပ်တယ်။ ဖိနှိပ်ချုပ်ခြယ်တယ်။ ထိပ်တိုက်ရင်ဆိုင်‌တယ်။
အနောက်နိုင်ငံရဲ့လုပ်ရပ်က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိခိုက်စေတယ်။ ကပ်ဘေးတွေကျရောက်လာနိုင်တယ်။ ဒီလိုဆက်လုပ်နေရင် ကမ္ဘာကြီးသွေးကွဲသွားနိုင်တယ်။
အမုန်းတရားတွေ ပြည့်နှက်နေတဲ့ စကားလုံးတွေသာ မြင်တွေ့နေရတယ်။ လက်ရှိကမ္ဘာကြီးဟာဆိုရင် ငြိမ်းချမ်းတဲ့အခြေအနေရောက်ဖို့ အများကြီးလိုအပ်သေးတယ်။
တစ်စုံတစ်ယောက်ကောင်းစားဖို့အတွက် အခြားသူတွေပေးဆပ်လိုက်ရတာ၊ တစ်ဦးတစ်ယောက်တည်းရဲ့သဘောနဲ့ ကာကွယ်ရေးသတ်မှတ်ချက်တွေ လုပ်ဆောင်‌နေတာ၊ ကမ္ဘာ့နိုင်ငံတွေအချင်းချင်း သွေးကွဲသွားစေမယ့် အဖွဲ့တွေခွဲခြမ်းသတ်မှတ်နေတာ၊
လုံခြုံရေးဖြန့်ကျက်ဖို့ အကြောင်းပြချက်နဲ့ အခြားနိုင်ငံတွေရဲ့ စီးပွားရေးနဲ့နည်းပညာတိုးတက်မှုကို ကန့်သတ်ထိန်းချုပ်‌နေတာတွေဟာ ကမ္ဘာ့နိုင်ငံတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်မှုကို ထိခိုက်စေတယ်ဟုတရုတ်သမ္မတ ရှီကျင့်ဖင်က ဇန္နဝါရီ ၁၈ ရက်နေ့တွင်ပြောကြားလိုက်ပါတယ်။
Crd..The Strait Time
Zawgyi
Crd..The Strait Time