
နှာခေါင်းပိုက်တန်းလန်းကြီးနဲ့ စား၀တ်နေရေးအတွက် Taxiမောင်းနေရတဲ့အဘိုး
တစ်ဘဝလုံးအတွက်ကို သုံးနိုင် ၊ ဖြုန်းနိုင်ဖို့ မကုန်ဆုံးနိုင်တဲ့အသုံးစရိတ်တွေ ရှာဖွေနေရတာကတော့ တစ်ကယ်တမ်းလုံးဝမလွယ်ပါဘူး ။အတည်တကျအလုပ် ၊ ကိုယ့်အတွက်လုံလောက်တဲ့အတည်တကျ ဝင်ငွေတွေနဲ့အဆင်ပြေနေပေမဲ့ တစ်ချို့သောသူတွေဟာ အသုံးစရိတ်တွေအတွက်စိုးရိမ်နေရတုန်းပါဘဲနော်။ပိုဆိုးတာက ကျန်းမာ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်မျိုးနဲ့မဟုတ်ပဲ အလုပ်လုပ်နေကြရတဲ့သူတွေပါဘဲ။
မကြာသေးခင်က Niramon Shicam အမည်ရှိသောထိုင်နိုင်ငံကမိန်းကလေးက သူမရဲ့ Facebook စာမျက်နှာမှာ မျက်တွင်းချောင်ကျနေပြီးတော့ ဖျားနာနေသောအမျိုးသားတစ်ဦးဟာ သူရဲ့ စားဝတ်နေရေးအတွက် Taxi မောင်းနေရတဲ့အဖြစ်အပျက်တစ်ခုကို ဖော်ပြခဲ့တာပါ။
ထို အမျိုးသားက mask တပ်ထားတယ်လို့မြင်နေရပေမဲ့ သေချာကြည့်လိုက်မယ်ဆိုရင်တော့ သူ၏နှာခေါင်းထဲမှာ ပိုက်ထိုးထည့်ထားတာကိုမြင်နေရပြီးတော့ သူ၏ခန္ဓာကိုယ်မှာလည်းအတော်လေးအားနည်းနေတဲ့ပုံစံဖြစ်နေပြီး သူ၏အရေးပြားမှာ အရိုးတွေထင်းနေရလောက်တဲ့အထိ ပိန်ရှုံးနေခဲ့တာပါတဲ့ ။Niramon ၏ပြောပြချက်အရတော့ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာ မကောင်းမွန်သည့်အပြင်ကို လိုအပ်နေသည့်ဆေးကုသမှုအတွက် ငွေမလုံလောက်သောကြောင့်ဖြစ်ကြောင်း သိရှိရတာပါနော် ။
နောက်ဆုံးမှာ ကျန်မာရေးအခြေအနေမကောင်းပေမဲ့လည်း ဆေးကုသမှုစရိတ်အတွက် Taxi မောင်းပြီးငွေရှာဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်တဲ့။
ထို အမျိုးသားရဲ့ အကြောင်းကို ကြားသိရပြီးနောက်ကားခပြန်အမ်းငွေ 100 Baht ပြန်မယူတော့ဘဲ ထားခဲ့ပေးလိုက်ပြီး Facebook အသုံးပြုသူများကိုလည်း အဆိုပါအမျိုးသား၏ဆေးဝါးကုသမှုစရိတ်ကိုလှူ ဒါန်းပြီးတော့အကူအညီပေးနိုင်ရန်အတွက် တိုက်တွန်းခဲ့တာပါ။လူအများစု၏ အားရုံစိုက်မှုကိုခံရပြီးနောက်မှာတော့ Facebook အသုံးပြုသူများက နေမကောင်းတဲ့ လူတစ်ယောက်ကားမောင်းတာကို အနောက်ကနေ လိုက်ပါစီးနှင်းလာကြတဲ့ခရီးသည်တွေအတွက်အတော်လေး အန္တရာယ်များလွန်းပြီး လမ်းပေါ်တွင်ယာဉ်မတော်တဆမှုများလည်းဖြစ်ပွားနိုင်ကြောင်း ထောက်ပြခဲ့ကြတာပါ။
တချို့ဆသာ Facebook အသုံးပြုသူများကလည်းအဆိုပါအမျိုးသား၏တကယ့်ကျန်းမားရေးအခြေအနေ အသေးစိတ်ကို Facebook post တွင်ဖော်ပြထားခြင်းမျိုးမရှိသောကြောင့် အယုံမလွယ်ဖို့လည်း သတိပေးပြောဆိုခဲ့တာပါနော်။
credit
Zawgyi ;
credit