
စနိုက်ပါနဲ့ စက်သေနတ် တပ်ဆင်နိုင်တဲ့ ဒရုန်းကို အစ္စရေး ကုမ္ပဏီ တီထွင်
အစ္စရေး လက်နက် ထုတ်လုပ်တဲ့ ကုမ္ပဏီ ၁ ခုက ဒရုန်းမှာ တပ်ဆင်နိုင်တဲ့ လက်နက်တွေကို တီထွင်လိုက်ပြီး ဒရုန်း ပျံသန်းနေချိန်မှာ တည်ငြိမ်နေ၊ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။ အစ္စရေး ကုမ္ပဏီ Smart Shooter က တီထွင်လိုက်တဲ့ Smash Dragon ကို ဒရုန်းလို ယာဉ်ပျံ အမျိုးအစား များစွာမှာ တပ်ဆင်နိုင်ပါတယ်။
ဒရုန်းမှာ စနိုက်ပါ ရိုင်ဖယ်နဲ့ စက်သေနတ်တွေကို တပ်ဆင်နိုင်ပြီး အဝေးကနေ လူက ထိန်းချုပ်ခိုင်းစေနိုင်ပါတယ်။ လက်နက်ဟာ အရမ်းကို ပေါ့ပါးပြီး ထူးခြားဆန်းသစ်တဲ့ Stabilization နည်းပညာ အသစ်ကို အသုံးပြုထားပါတယ်။ အဲဒီအတွက် ဒရုန်းဟာ ဘယ်လောက် မြန်မြန် မောင်းနှင်နေပါစေ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အဲဒီ နည်းပညာမှာ ကွန်ပြူတာ အမြင် စွမ်းရည် ထည့်သွင်းထားပြီး နေ့ရော ညပါ အလုပ်လုပ်နိုင်ပါတယ်။ Smash Dragon နဲ့ ပစ်ခတ် စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်ပြီးပြီ ဖြစ်ပြီး ရောင်းချနိုင်တဲ့ အနေအထား ရောက်အောင် ဆက်လက် တီထွင်နေပါတယ်။
အဲဒီ စနစ်မှာ ကုမ္ပဏီရဲ့ Smash 2000 နည်းပညာကို အသုံးပြုထားပြီး ပစ်မှတ်တွေကို တိကျစွာ တိုက်ခိုက်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို Michal Mor က အဲဒီ နည်းပညာကို တတ်နိုင်သလောက် ပေါ့ပါးအောင် ဆက်လက် ဖန်တီးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
စနိုက္ပါနဲ႔ စက္ေသနတ္ တပ္ဆင္နိုင္တဲ့ ဒ႐ုန္းကို အစၥေရး ကုမၸဏီ တီထြင္
အစၥေရး လက္နက္ ထုတ္လုပ္တဲ့ ကုမၸဏီ ၁ ခုက ဒ႐ုန္းမွာ တပ္ဆင္နိုင္တဲ့ လက္နက္ေတြကို တီထြင္လိုက္ၿပီး ဒ႐ုန္း ပ်ံသန္းေနခ်ိန္မွာ တည္ၿငိမ္ေန၊ လႈပ္ရွားေနတဲ့ ပစ္မွတ္ေတြကို တိုက္ခိုက္နိုင္ပါတယ္။ အစၥေရး ကုမၸဏီ Smart Shooter က တီထြင္လိုက္တဲ့ Smash Dragon ကို ဒ႐ုန္းလို ယာဥ္ပ်ံ အမ်ိဳးအစား မ်ားစြာမွာ တပ္ဆင္နိုင္ပါတယ္။
ဒ႐ုန္းမွာ စနိုက္ပါ ရိုင္ဖယ္နဲ႔ စက္ေသနတ္ေတြကို တပ္ဆင္နိုင္ၿပီး အေဝးကေန လူက ထိန္းခ်ဳပ္ခိုင္းေစနိုင္ပါတယ္။ လက္နက္ဟာ အရမ္းကို ေပါ့ပါးၿပီး ထူးျခားဆန္းသစ္တဲ့ Stabilization နည္းပညာ အသစ္ကို အသုံးျပဳထားပါတယ္။ အဲဒီအတြက္ ဒ႐ုန္းဟာ ဘယ္ေလာက္ ျမန္ျမန္ ေမာင္းႏွင္ေနပါေစ ပစ္မွတ္ကို တိက်စြာ ပစ္ခတ္နိုင္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။
အဲဒီ နည္းပညာမွာ ကြန္ျပဴတာ အျမင္ စြမ္းရည္ ထည့္သြင္းထားၿပီး ေန႔ေရာ ညပါ အလုပ္လုပ္နိုင္ပါတယ္။ Smash Dragon နဲ႔ ပစ္ခတ္ စမ္းသပ္မႈကို ေအာင္ျမင္စြာ ျပဳလုပ္ၿပီးၿပီ ျဖစ္ၿပီး ေရာင္းခ်နိုင္တဲ့ အေနအထား ေရာက္ေအာင္ ဆက္လက္ တီထြင္ေနပါတယ္။
အဲဒီ စနစ္မွာ ကုမၸဏီရဲ့ Smash 2000 နည္းပညာကို အသုံးျပဳထားၿပီး ပစ္မွတ္ေတြကို တိက်စြာ တိုက္ခိုက္နိုင္ပါတယ္။ ကုမၸဏီရဲ့ စီအီးအို Michal Mor က အဲဒီ နည္းပညာကို တတ္နိုင္သေလာက္ ေပါ့ပါးေအာင္ ဆက္လက္ ဖန္တီးသြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။
Crd..digitaltime