တာချီလိတ် နစက ထောက်ခံပွဲ အပြန်

တာချီလိတ် နစက ထောက်ခံပွဲ အပြန် ဗုံးကွဲမှုကြောင့် ၂ ဦးသေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရရှိ
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၂

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း အထက ကျောင်းရှေ့ အကျော်မှာ ဖေဖော်ဝါရီလ ၁ ရက် နေ့လယ် ၁၂ နာရီ ကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားလို့ လူ ၂ ဦး သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာ ရရှိကြောင်း ကနဦး သတင်း ရရှိပါတယ်။

မနက်ပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ပြုလုပ်တဲ့ နစက ထောက်ခံပွဲ ကျင်းပပြီး အပြန်မှာ ဗုံးကွဲခြင်း ဖြစ်ကြောင်း၊ ကျား ၃၂ ဦး၊ မ ၆ ဦးခန့် ဒဏ်ရာ ရရှိပြီး ကျား ၂ ဦး သေဆုံးကြောင်း မျက်မြင် ဒေသခံ ၁ ဦးက ပြောပါတယ်။

“ဒီနေ့ မနက်က ရှမ်းရိုးမကွင်းမှာ နစက ထောက်ခံပွဲ လုပ်ပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၁) အဝိုင်း ပတ်ပြီး အပြန်မှာ ဗုံးကွဲတာ။ ဆန်ဆိုင်း အထက ကျောင်းရှေ့ အကျော် ဗိုလ်ချုပ် လမ်းမပေါ်မှာ ဖြစ်တာ”လို့လည်း ၎င်းက ပြောပြပါတယ်။

ပစ်ခတ်မှုများ၊ ဖမ်းဆီး အရေးယူမှုများလည်း ရှိပြီး ဒဏ်ရာရ သေဆုံးသူများကို လူနာတင်ယာဉ်နဲ့ ဆေးရုံသို့ သယ်ဆောင် သွားတယ် လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း ရှမ်းရိုးမကွင်း အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) ထောက်ခံပွဲ ကျင်းပရာ အာခါ၊ လားဟူ၊ ဗမာ စတဲ့ တိုင်းရင်းသားများ ပါဝင်တဲ့ လူ ၁၀၀၀ ခန့် တက်ရောက်ပြီး စီတန်း လှည့်လည်မှုပါ ပြုလုပ်ကြောင်းလည်း သိရပါတယ်။

သတင်း/ဓာတ်ပုံ – ရွှေတြိဂံဒေသ သတင်းဌာန
ပုံစာ – ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြင်ကွင်း။ တာချီလိတ် ရှမ်းရိုးမကွင်းမှာ ပြုလုပ်တဲ့ နစက ထောက်ခံပွဲ။ ဇန်နဝါရီ ၃၁ ရက်က တာချီလိတ်မှာ ပြုလုပ်တဲ့ နစက ထောက်ခံသူများ စီတန်းလှည့်လည်မှု။
#ရွှေတြိဂံဒေသ သတင်းလွှာ
တာခ်ီလိတ္ နစက ေထာက္ခံပြဲ အျပန္ ဗုံးကြဲမႈေၾကာင့္ ၂ ဦးေသဆုံးၿပီး ၄၀ ခန့္ ဒဏ္ရာရရွိ
တာခ်ီလိတ္၊ ေဖေဖာ္ဝါရီ ၁၊ ၂၀၂၂

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း အထက ေက်ာင္းေရွ႕ အေက်ာ္မွာ ေဖေဖာ္ဝါရီလ ၁ ရက္ ေန႕လယ္ ၁၂ နာရီ ေက်ာ္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားလို႔ လူ ၂ ဦး ေသဆုံးၿပီး ၄၀ ခန့္ ဒဏ္ရာ ရရွိေၾကာင္း ကနဦး သတင္း ရရွိပါတယ္။

မနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းမွာ ျပဳလုပ္တဲ့ နစက ေထာက္ခံပြဲ က်င္းပၿပီး အျပန္မွာ ဗုံးကြဲျခင္း ျဖစ္ေၾကာင္း၊ က်ား ၃၂ ဦး၊ မ ၆ ဦးခန့္ ဒဏ္ရာ ရရွိၿပီး က်ား ၂ ဦး ေသဆုံးေၾကာင္း မ်က္ျမင္ ေဒသခံ ၁ ဦးက ေျပာပါတယ္။

ဒီေန႕ မနက္က ရွမ္းရိုးမကြင္းမွာ နစက ေထာက္ခံပြဲ လုပ္ၿပီး ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရး တံတား အမွတ္ (၁) အဝိုင္း ပတ္ၿပီး အျပန္မွာ ဗုံးကြဲတာ။ ဆန္ဆိုင္း အထက ေက်ာင္းေရွ႕ အေက်ာ္ ဗိုလ္ခ်ဳပ္ လမ္းမေပၚမွာ ျဖစ္တာလို႔လည္း ၎က ေျပာျပပါတယ္။

ပစ္ခတ္မႈမ်ား၊ ဖမ္းဆီး အေရးယူမႈမ်ားလည္း ရွိၿပီး ဒဏ္ရာရ ေသဆုံးသူမ်ားကို လူနာတင္ယာဥ္နဲ႕ ေဆး႐ုံသို႔ သယ္ေဆာင္ သြားတယ္ လို႔လည္း ဆိုပါတယ္။

ဇန္နဝါရီလ ၃၁ ရက္ေန႕ မြန္းလြဲပိုင္းကလည္း ရွမ္းရိုးမကြင္း အတြင္း နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ (နစက) ေထာက္ခံပြဲ က်င္းပရာ အာခါ၊ လားဟူ၊ ဗမာ စတဲ့ တိုင္းရင္းသားမ်ား ပါဝင္တဲ့ လူ ၁၀၀၀ ခန့္ တက္ေရာက္ၿပီး စီတန္း လွည့္လည္မႈပါ ျပဳလုပ္ေၾကာင္းလည္း သိရပါတယ္။

သတင္း/ဓာတ္ပုံ – ေ႐ႊႀတိဂံေဒသ သတင္းဌာန
ပုံစာ – ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ျမင္ကြင္း။ တာခ်ီလိတ္ ရွမ္းရိုးမကြင္းမွာ ျပဳလုပ္တဲ့ နစက ေထာက္ခံပြဲ။ ဇန္နဝါရီ ၃၁ ရက္က တာခ်ီလိတ္မွာ ျပဳလုပ္တဲ့ နစက ေထာက္ခံသူမ်ား စီတန္းလွည့္လည္မႈ။