အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ဖို့ စစ်ကောင်စီကို ဟွန်ဆန် မဖိတ်တော့

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ဖို့ စစ်ကောင်စီကို ဟွန်ဆန် မဖိတ်တော့

မကြာခင်ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာမဟုတ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ထုတ်ပြန်ပြောလိုက်ပါတယ်။

စစ်ကောင်စီကို မဖိတ်တော့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောလိုက်တာလို့ ဗီအိုအေခမာသတင်းဌာနက ဖော်ပြထားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်တာနည်းနေသမျှ စစ်ကောင်စီကိုဖိတ်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေထဲ သဘောတူညီချက် ရဖို့ခက်ခဲတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအရ ကိုယ်စားမပြုသူပဲ အစည်းအဝေးကိုစေလွှတ်ဖို့ စစ်ကောင်စီကို ကမ္ဘောဒီးယားဘက်ကအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖနွမ်းပင်မှာကျင်းပမှာဖြစ်ပါတယ်။

Zawgyi

အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝး တက္ဖို႔ စစ္ေကာင္စီကို ဟြန္ဆန္ မဖိတ္ေတာ့

မၾကာခင္က်င္းပမယ့္ အာဆီယံ အစည္းအေဝးမွာ စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးကို ဖိတ္ၾကားမွာမဟုတ္ေၾကာင္း အာဆီယံအလွည့္က် ဥကၠ႒ ကေမ႓ာဒီးယားက ထုတ္ျပန္ေျပာလိုက္ပါတယ္။

စစ္ေကာင္စီကို မဖိတ္ေတာ့ေၾကာင္း ကေမ႓ာဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္႐ွိသူက ဒီေန႔မွာ ေျပာလိုက္တာလို႔ ဗီအိုေအခမာသတင္းဌာနက ေဖာ္ျပထားပါတယ္။

အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ကိုအေကာင္အထည္ေဖာ္တာနည္းေနသမွ် စစ္ေကာင္စီကိုဖိတ္ဖို႔အတြက္ အဖြဲ႕ဝင္ႏိုင္ငံေတြထဲ သေဘာတူညီခ်က္ ရဖို႔ခက္ခဲတယ္လို႔ ကေမ႓ာဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္႐ွိသူကေျပာပါတယ္။

ဒါေၾကာင့္ ႏိုင္ငံေရးအရ ကိုယ္စားမျပဳသူပဲ အစည္းအေဝးကိုေစလႊတ္ဖို႔ စစ္ေကာင္စီကို ကေမ႓ာဒီးယားဘက္ကအေၾကာင္းၾကားခဲ့တယ္လို႔သိရပါတယ္။

အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအဆင့္အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၁၆ ရက္နဲ႔ ၁၇ ရက္ေတြမွာ ဖႏြမ္းပင္မွာက်င္းပမွာျဖစ္ပါတယ္။