အာဏာသိမ်းစစ်ကောင်စီကို တရားဝင်ဖြစ်အောင် တရုတ် ကြိုးစားပေးနေ

အာဏာသိမ်းစစ်ကောင်စီကို တရားဝင်ဖြစ်အောင် တရုတ် ကြိုးစားပေးနေ

ဇွန် ၉

တရုတ်နိုင်ငံ ချုံချင့်မြို့မှာ ပြုလုပ်နေတဲ့ လန်ချန်း–မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မှာ စစ်ကောင်စီက ဝဏ္ဏမောင်လွင် နှင့် တရုတ်နိုင်ငံကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ကပူးတွဲ သဘာပတိအဖြစ်ပြုလုပ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံနဲ့အာဆီယံနိုင်ငံ တွေက စစ်ကောင်စီကို တရားဝင်ဖြစ်အောင်ကြိုစားဆောင်ရွက်ပေးနေတယ်လို့ပြည်တွင်း ပြည်ပ နိုင်ငံတကာအသိုင်း အဝိုင်းက သုံးသပ်ထားကြပါတယ်။

ဒီအစည်းအဝေးကို သက်ဆိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊ တရုတ် ၊ လာအို ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား နဲ့ထိုင်းနိုင်ငံတို့ကတက်ရောက်ခဲ့ကြပါတယ်။

လန်ချန်း–မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ ၅ နှစ်တာကာလအတွင်း အတွေ့အကြုံတွေကို ခြုံငုံသုံးသပ်ပြီး နောက်တစ်ဆင့် အဓိကပူးပေါင်းဆောင်ရွက်ဖို့ စီမံချက်များ ချမှတ်ခဲ့တယ်လို့သိရပါတယ်။

——-

အာဏာသိမ္းစစ္ေကာင္စီကို တရားဝင္ျဖစ္ေအာင္ တ႐ုတ္ ႀကိဳးစားေပးေန

ဇြန္ ၉

တ႐ုတ္ႏိုင္ငံ ခ်ဳံခ်င့္ၿမိဳ႕မွာ ျပဳလုပ္ေနတဲ့ လန္ခ်န္း–မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈ (၆) ႀကိမ္ေျမာက္ ႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝး မွာ စစ္ေကာင္စီက ဝဏၰေမာင္လြင္ ႏွင့္ တ႐ုတ္ႏိုင္ငံေကာင္စီဝင္ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ရိတို႔ကပူးတြဲ သဘာပတိအျဖစ္ျပဳလုပ္ခဲ့ၾကပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔အာဆီယံႏိုင္ငံ ေတြက စစ္ေကာင္စီကို တရားဝင္ျဖစ္ေအာင္ႀကိဳစားေဆာင္႐ြက္ေပးေနတယ္လို႔ျပည္တြင္း ျပည္ပ ႏိုင္ငံတကာအသိုင္း အဝိုင္းက သုံးသပ္ထားၾကပါတယ္။

ဒီအစည္းအေဝးကို သက္ဆိုင္တဲ့ ႏိုင္ငံေတြျဖစ္တဲ့ ျမန္မာ ၊ တ႐ုတ္ ၊ လာအို ၊ ဗီယက္နမ္ ၊ ကေမာၻဒီးယား နဲ႔ထိုင္းႏိုင္ငံတို႔ကတက္ေရာက္ခဲ့ၾကပါတယ္။

လန္ခ်န္း–မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈမွာ ၅ ႏွစ္တာကာလအတြင္း အေတြ႕အႀကဳံေတြကို ၿခဳံငုံသုံးသပ္ၿပီး ေနာက္တစ္ဆင့္ အဓိကပူးေပါင္းေဆာင္႐ြက္ဖို႔ စီမံခ်က္မ်ား ခ်မွတ္ခဲ့တယ္လို႔သိရပါတယ္။