ကုလဆိုင်ရာ အမေရိကန်နှင့် မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

ကုလဆိုင်ရာ အမေရိကန်နှင့် မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

ဒီမိုကရေစီရရှိရေး မြန်မာပြည်သူများကိုပေးထားသည့် ကတိကဝတ်ကို မဆုတ်မနစ်ဆက်လက် လုပ်ဆောင်မည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ပြောသည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့သည် ဖေဖော်ဝါရီ ၃ ရက်တွင် နယူးယောက်၌ တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ကြိုးပမ်းမှုနှင့် မြန်မာပြည်သူများအတွက် အမေရိကန်၏ မဆုတ်မနစ်သော ကတိကဝတ်တို့ကို ဆွေးနွေးခဲ့သည်ဟု သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တွင်လည်း အမေရိကန်သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများခံစားနေရခြင်းအဆုံးသတ် ရေး၊

မြန်မာကို စစ်လက်နက်စီးဆင်းမှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရေး နှင့် နိုင်ငံရေးဖြစ်စဉ်ဆီပြန်သွားရေးတို့အတွက် လက်တွေ့ကျကျ အရေးယူလုပ်ဆောင်ရန် တိုက် တွန်းခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်များသည် လုံလောက်မှုမရှိဘဲ ယခုထက်ပိုမိုအရေး ယူလုပ်ဆောင်ရန် လိုအပ်ကြောင်း သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထောက်ပြခဲ့ သည်။

zawgyi
ကုလဆိုင္ရာ အေမရိကန္ႏွင့္ ျမန္မာသံအမတ္ႀကီးတို႔ ေတြ႕ဆုံကာ ျမန္မာ့အေရးေဆြးႏြေး

ဒီမိုကေရစီရရွိေရး ျမန္မာျပည္သူမ်ားကိုေပးထားသည့္ ကတိကဝတ္ကို မဆုတ္မနစ္ဆက္လက္ လုပ္ေဆာင္မည္ဟု ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး လင္ဒါဂရင္းဖီးလ္က ေျပာသည္။

ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီးႏွင့္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးဦးေက်ာ္မိုးထြန္းတို႔သည္ ေဖေဖာ္ဝါရီ ၃ ရက္တြင္ နယူးေယာက္၌ ေတြ႕ဆုံခဲ့ရာ ျမန္မာနိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚေရာက္ရွိေရး ႀကိဳးပမ္းမႈႏွင့္ ျမန္မာျပည္သူမ်ားအတြက္ အေမရိကန္၏ မဆုတ္မနစ္ေသာ ကတိကဝတ္တို႔ကို ေဆြးႏြေးခဲ့သည္ဟု သံအမတ္ႀကီး လင္ဒါဂရင္းဖီးလ္က ထုတ္ျပန္သည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ျပည့္တြင္လည္း အေမရိကန္သံအမတ္ႀကီးက ကုလသမဂၢလုံၿခဳံေရးေကာင္စီအေနျဖင့္ ျမန္မာျပည္သူမ်ားခံစားေနရျခင္းအဆုံးသတ္ ေရး၊

ျမန္မာကို စစ္လက္နက္စီးဆင္းမႈရပ္တန႔္ေရး၊ နိုင္ငံေရးအက်ဥ္းသားမ်ားျပန္လႊတ္ေပးေရး ႏွင့္ နိုင္ငံေရးျဖစ္စဥ္ဆီျပန္သြားေရးတို႔အတြက္ လက္ေတြ႕က်က် အေရးယူလုပ္ေဆာင္ရန္ တိုက္ တြန္းခဲ့သည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ထုတ္ျပန္ခ်က္မ်ားသည္ လုံေလာက္မႈမရွိဘဲ ယခုထက္ပိုမိုအေရး ယူလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း သံအမတ္ႀကီး လင္ဒါဂရင္းဖီးလ္က ေထာက္ျပခဲ့ သည္။