ကရင်နီတပ်မတော်နှင့်နယ်စပ်တွင်တိုက်ပွဲဖြစ်၍စစ်ကောင်စီတပ်မှ ဗိုလ်ကြီး​အောင်မင်းဦးအပါအဝင်အနည်းဆုံး ၇ဦးသေ

ကရင်နီတပ်မတော်နှင့်နယ်စပ်တွင်တိုက်ပွဲဖြစ်၍စစ်ကောင်စီတပ်မှ ဗိုလ်ကြီး​အောင်မင်းဦးအပါအဝင်အနည်းဆုံး ၇ဦးသေ

ကရင်နီတပ်မတော်(KA)နှင့် စစ်ကောင်စီတပ်တို့ မြန်မာ-ထိုင်းနယ်စပ် တစ်နေရာ၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ဦးအပါအဝင် ၇ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့သည်ဟု Karenni Army Center က ဖော်ပြသည်။

မြန်မာ- ထိုင်းနယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၃ရက်ကနာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီတပ်မှသေဆုံးခဲ့သည့် အရာရှိမှာဗိုလ်ကြီး အောင်မင်းဦးဆိုသူ ဖြစ်ကြောင်းဖော်ပြထားသည်။ တိုက်ပွဲတွင် ကရင်နီတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကရင်နီတပ်မတော် အနေဖြင့် ဇန်နဝါရီလဆန်းကလည်း နယ်စပ်တစ်နေရာရှိစစ်ကောင်စီတပ်စခန်းကိုစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်မှ ၃၂ ဦး သေဆုံးခဲ့သည်။

အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ၁၀ဦး လက်နက်ချအဖမ်းခံခဲ့သည်။စစ်ကောင်စီတပ်ကအဆိုပါ တပ်စခန်းကိုလေကြောင်းမှတုံ့ပြန်တိုက်ခိုက်ခဲ့၍ ကရင်နီတပ်မတော်မှ ၂ ဦးအပါအဝင်ဖမ်ဆီးခံထားရသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသေဆုံးမှုရှိခဲ့သည်။

(ကရင်နီတပ်မ​တော်သားများ။ ဓါတ်ပုံ-KAC)

Zawgyi
ကရင္နီတပ္မေတာ္ႏွင့္နယ္စပ္တြင္တိုက္ပြဲျဖစ္၍စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီးေအာင္မင္းဦးအပါအဝင္အနည္းဆုံး ၇ဦးသေ

ကရင္နီတပ္မေတာ္(KA)ႏွင့္ စစ္ေကာင္စီတပ္တို႔ ျမန္မာ-ထိုင္းနယ္စပ္ တစ္ေနရာ၌တိုက္ပြဲျဖစ္ပြားခဲ့ရာ စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီး ၁ဦးအပါအဝင္ ၇ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့သည်ဟု Karenni Army Center က ေဖာ္ျပသည္။

ျမန္မာ- ထိုင္းနယ္စပ္တစ္ေနရာတြင္ ေဖေဖာ္ဝါရီ ၃ရက္ကနာရီဝက္ၾကာတိုက္ပြဲျဖစ္ခဲ့ေၾကာင္း၊စစ္ေကာင္စီတပ္မွေသဆုံးခဲ့သည့္ အရာရွိမွာဗိုလ္ႀကီး ေအာင္မင္းဦးဆိုသူ ျဖစ္ေၾကာင္းေဖာ္ျပထားသည္။ တိုက္ပြဲတြင္ ကရင္နီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္မႈမရွိဟုထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ကရင္နီတပ္မေတာ္ အေနျဖင့္ ဇန္နဝါရီလဆန္းကလည္း နယ္စပ္တစ္ေနရာရွိစစ္ေကာင္စီတပ္စခန္းကိုစခန္းသိမ္းတိုက္ပြဲဆင္ႏႊဲခဲ့ရာ စစ္ေကာင္စီတပ္မွ ၃၂ ဦး ေသဆုံးခဲ့သည္။

အဆိုပါတိုက္ပြဲတြင္စစ္ေကာင္စီတပ္မွ၁၀ဦး လက္နက္ခ်အဖမ္းခံခဲ့သည္။စစ္ေကာင္စီတပ္ကအဆိုပါ တပ္စခန္းကိုေလေၾကာင္းမွတုံ႕ျပန္တိုက္ခိုက္ခဲ့၍ ကရင္နီတပ္မေတာ္မွ ၂ ဦးအပါအဝင္ဖမ္ဆီးခံထားရသည့္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားပါေသဆုံးမႈရွိခဲ့သည္။

(ကရင္နီတပ္မေတာ္သားမ်ား။ ဓါတ္ပုံ-KAC)