
စစ်ကောင်စီဝါဒဖြန့်ချိရေးယန္တရားဖြစ်တဲ့ မြဝတီရုပ်သံက ဇွန်လ ၈ ရက်နေ့က ထုတ်လွှင့်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေး နဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ပြည်သူကိုခြိမ်း ခြောက်တယ်ဆိုပြီး အွန်လိုင်းပေါ်ပျံ့နေတဲ့ဗီဒီယိုဆိုကာ ထုတ်လွှင့်ပြခဲ့ပါတယ်။
ဒီဗီဒီယိုဖိုင်ကို ဇွန် ၇ရက်နေ့ထဲက Youtubeမှာ ရွှေရည်ဆိုတဲ့အကောင့်ပိုင်ရှင်က အစောဆုံးဖြန့်ဝေခဲ့တာဖြစ်ပေမယ့်မြန်မာ့အသံနဲ့ မြဝတီရုပ်မြင်သံကြားတို့ရဲ့ ည ၈နာရီ သတင်းအစီအစဉ်မှာထဲ့ပြခဲ့ပါတယ်။
အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ “အိတ်သေးသေးလေးထဲဘာတွေပါလဲဆိုတာ တခါတလေ ကျတော့ ဖွင့်ကြည့်လိုက်တာနဲ့ကိစ္စကုန်သွားမယ်ဟာတွေ ထည့်ထားတယ်၊ စားစရာတွေရလို့ သွားမစားနဲ့ အ ဆိပ်ပါတဲ့အစားအစာတွေ ကျနော်တို့စီစဉ်ထားတယ်။ ဆရာဝန်တစ်ဦးဖြစ်လို့ လူမသ
တ်ချင်ပေမယ့်လည်း တွန်းပို့သူတွေရှိလို့လုပ်နေရတာပါ“လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုထားဟန်တွေပါရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါက်တာဇော်ဝေစိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ ချင်းပြည်နယ် မင်းတပ်မှာ စစ်ကောင်စီတပ်တွေက်ခိုက်လို့ စစ်ပြေးရှောင် ဒုက္ခသည်တွေအတွက် အစာနဲ့ဆေး ကူညီဖို့ Zoom meetingမှာ ဒေါက်တာဇော်ဝေစိုးပြောထားတဲ့စကားတွေကို ဖြတ်ညှပ်ကပ်လုပ်ကာ နာမည်ဖျက်တာလို့ ပြောပါတယ်။
———–
စစ္ေကာင္စီဝါဒျဖန႔္ခ်ိေရးယႏၲရားျဖစ္တဲ့ ျမဝတီ႐ုပ္သံက ဇြန္လ ၈ ရက္ေန႔က ထုတ္လႊင့္တာမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ က်န္းမာေရး နဲ႔ ပညာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးဟာ ျပည္သူကိုၿခိမ္း ေျခာက္တယ္ဆိုၿပီး အြန္လိုင္းေပၚပ်ံ႕ေနတဲ့ဗီဒီယိုဆိုကာ ထုတ္လႊင့္ျပခဲ့ပါတယ္။
ဒီဗီဒီယိုဖိုင္ကို ဇြန္ ၇ရက္ေန႔ထဲက Youtubeမွာ ေ႐ႊရည္ဆိုတဲ့အေကာင့္ပိုင္ရွင္က အေစာဆုံးျဖန႔္ေဝခဲ့တာျဖစ္ေပမယ့္ျမန္မာ့အသံနဲ႔ ျမဝတီ႐ုပ္ျမင္သံၾကားတို႔ရဲ႕ ည ၈နာရီ သတင္းအစီအစဥ္မွာထဲ့ျပခဲ့ပါတယ္။
အဲ့ဒီဗီဒီယိုဖိုင္ထဲမွာေတာ့ “အိတ္ေသးေသးေလးထဲဘာေတြပါလဲဆိုတာ တခါတေလ က်ေတာ့ ဖြင့္ၾကည့္လိုက္တာနဲ႔ကိစၥကုန္သြားမယ္ဟာေတြ ထည့္ထားတယ္၊ စားစရာေတြရလို႔ သြားမစားနဲ႔ အ ဆိပ္ပါတဲ့အစားအစာေတြ က်ေနာ္တို႔စီစဥ္ထားတယ္။ ဆရာဝန္တစ္ဦးျဖစ္လို႔ လူမသ
တ္ခ်င္ေပမယ့္လည္း တြန္းပို႔သူေတြရွိလို႔လုပ္ေနရတာပါ“လို႔ ေဒါက္တာေဇာ္ေဝစိုးက ေျပာဆိုထားဟန္ေတြပါရွိပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လို႔ ေဒါက္တာေဇာ္ေဝစိုးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ခ်င္းျပည္နယ္ မင္းတပ္မွာ စစ္ေကာင္စီတပ္ေတြက္ခိုက္လို႔ စစ္ေျပးေရွာင္ ဒုကၡသည္ေတြအတြက္ အစာနဲ႔ေဆး ကူညီဖို႔ Zoom meetingမွာ ေဒါက္တာေဇာ္ေဝစိုးေျပာထားတဲ့စကားေတြကို ျဖတ္ညႇပ္ကပ္လုပ္ကာ နာမည္ဖ်က္တာလို႔ ေျပာပါတယ္။