
ဂျုဗင်တပ်အသင်း ရာသီသစ် ဂျတ်ကတ်အတွက် ကြော်ငြာ ရိုက်ကူးပေးခဲ့တဲ့ မြန်မာမော်ဒယ် မေမြတ်နိုး
မြန်မာနိုင်ငံက မော်ဒယ်တွေထဲမှာ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ မော်ဒယ်ဆိုတာ အရမ်းရှားပါးပါတယ်။ နိုင်ငံတကာအဆင့်အထိ အောင်မြင်မှုရတဲ့ မြန်မာမော်ဒယ်တစ်ယောက်အဖြစ် မေမြတ်နိုးက ခေါင်းမော့နိုင်ခဲ့ပါပြီ။ နာမည်ကျော် ဂျူဗင်တပ်အသင်းရဲ့ Official Store က လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီအတွက် အပေါ်ဝတ်၈ျက်ကတ် (Anthem Jacket) အရောင်းကြော်ငြာမှာ မြန်မာမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ မေမြတ်နိုးပါဝင်လာခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းရဲ့ တရားဝင်စတိုး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပြီး မေမြတ်နိုးဟာ Anthem Jacket ဝတ်ဆင်ပြီး သရုပ်ပြနေတဲ့ ဓါတ်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
မြန်မာမော်ဒယ် မေမြတ်နိုးဟာ အသက် ၂၂နှစ် အရွယ်သာရှိသေးပြီး နိုင်ငံတကာမော်ဒယ်လ်တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၄ Miss Asia Pacific World မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ၂၀၁၆ Fourth season of Asia’s Next Top Model ပြိုင်ပွဲမှာ နောက်ဆုံးအဆင့် ၁၄ ဦးစာရင်းဝင်ခဲ့ပြီး အခြားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု အထိုက်အလျောက်ကို ရယူနိုင်ခဲ့ပါတယ်။
မေမြတ်နိုးဟာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပြီး ဂီတ၊ ရုပ်ရှင်ဘက်တွေမှာလည်း လှုပ်ရှားမှုတွေရှိတဲ့သူတစ်ယောက်ပါ။ သူမ အခုလိုမျိုး ဂျူဗင်တပ်အသင်းရဲ့ ကြော်ငြာမှာပါဝင်ခဲ့တာကို ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။ အခုလိုမျိုး ဂျူဗင်တပ်အသင်းရဲ့ တရားဝင်ကြော်ငြာမှာ ပါဝင်လာတာဟာ မြန်မာမော်ဒယ်လ်တစ်ဦးအတွက် မြင့်မားတဲ့ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မေမြတ်နိုးဟာ Clear ခေါင်းလျှော်ရည်ကြော်ငြာလည်း ရိုက်ကူးခဲ့ရပြီး ဂျူဗင်တပ်ကစားသမား စီရော်နယ်ဒိုရဲ့ ပုံရိပ်တွေနဲ့အတူ ဖော်ပြခံနေရပါတယ်။
မေမြတ်နိုးနဲ့အတူ ကြော်ငြာခဲ့တဲ့ ဂျူဗင်တပ် Anthem Jacket ဟာ ယူရို ၉၀ တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။ ပြိုင်ပွဲမစခင်မှာ ကစားသမားတွေဝတ်ဆင်တဲ့ ဂျက်ကတ်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအားဖြင့် ကျပ် ၁သိန်း ၈သောင်း နီးပါး ကျသင့်မှာဖြစ်ပါတယ်။ မေမြတ်နိုးနဲ့အတူ ဒီဂျက်ကတ်ကို ဂျူဗင်တပ်ကစားသမားတွေ ဝတ်ဆင်ထားပုံနဲ့အတူ ကလပ်အသင်းက ကြော်ငြာထားတာလည်းဖြစ်ပါတယ်။
———-
ဂ်ဳဗင္တပ္အသင္း ရာသီသစ္ ဂ်တ္ကတ္အတြက္ ေၾကာ္ျငာ ႐ိုက္ကူးေပးခဲ့တဲ့ ျမန္မာေမာ္ဒယ္ ေမျမတ္ႏိုး
ျမန္မာႏိုင္ငံက ေမာ္ဒယ္ေတြထဲမွာ ကမာၻ႔အဆင့္အထိ တက္လွမ္းႏိုင္ခဲ့တဲ့ ေမာ္ဒယ္ဆိုတာ အရမ္းရွားပါးပါတယ္။ ႏိုင္ငံတကာအဆင့္အထိ ေအာင္ျမင္မႈရတဲ့ ျမန္မာေမာ္ဒယ္တစ္ေယာက္အျဖစ္ ေမျမတ္ႏိုးက ေခါင္းေမာ့ႏိုင္ခဲ့ပါၿပီ။ နာမည္ေက်ာ္ ဂ်ဴဗင္တပ္အသင္းရဲ႕ Official Store က လာမယ့္ ၂၀၂၁-၂၂ ေဘာလုံးရာသီအတြက္ အေပၚဝတ္၈်က္ကတ္ (Anthem Jacket) အေရာင္းေၾကာ္ျငာမွာ ျမန္မာေမာ္ဒယ္လ္တစ္ဦးျဖစ္တဲ့ ေမျမတ္ႏိုးပါဝင္လာခဲ့ပါတယ္။
ဂ်ဴဗင္တပ္အသင္းရဲ႕ တရားဝင္စတိုး ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားတာျဖစ္ၿပီး ေမျမတ္ႏိုးဟာ Anthem Jacket ဝတ္ဆင္ၿပီး သ႐ုပ္ျပေနတဲ့ ဓါတ္ပုံေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
ျမန္မာေမာ္ဒယ္ ေမျမတ္ႏိုးဟာ အသက္ ၂၂ႏွစ္ အ႐ြယ္သာရွိေသးၿပီး ႏိုင္ငံတကာေမာ္ဒယ္လ္တစ္ဦးအျဖစ္ လုပ္ကိုင္ေနသူျဖစ္ၿပီး ၂၀၁၄ Miss Asia Pacific World မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ ၂၀၁၆ Fourth season of Asia’s Next Top Model ၿပိဳင္ပြဲမွာ ေနာက္ဆုံးအဆင့္ ၁၄ ဦးစာရင္းဝင္ခဲ့ၿပီး အျခားၿပိဳင္ပြဲေတြမွာလည္း ေအာင္ျမင္မႈ အထိုက္အေလ်ာက္ကို ရယူႏိုင္ခဲ့ပါတယ္။
ေမျမတ္ႏိုးဟာ ပရိသတ္အခိုင္အမာရရွိထားသူျဖစ္ၿပီး ဂီတ၊ ႐ုပ္ရွင္ဘက္ေတြမွာလည္း လႈပ္ရွားမႈေတြရွိတဲ့သူတစ္ေယာက္ပါ။ သူမ အခုလိုမ်ိဳး ဂ်ဴဗင္တပ္အသင္းရဲ႕ ေၾကာ္ျငာမွာပါဝင္ခဲ့တာကို ပရိသတ္ေတြ အံ့ၾသခဲ့ရပါတယ္။ အခုလိုမ်ိဳး ဂ်ဴဗင္တပ္အသင္းရဲ႕ တရားဝင္ေၾကာ္ျငာမွာ ပါဝင္လာတာဟာ ျမန္မာေမာ္ဒယ္လ္တစ္ဦးအတြက္ ျမင့္မားတဲ့ေျခလွမ္းတစ္ခုကို လွမ္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ေမျမတ္ႏိုးဟာ Clear ေခါင္းေလွ်ာ္ရည္ေၾကာ္ျငာလည္း ႐ိုက္ကူးခဲ့ရၿပီး ဂ်ဴဗင္တပ္ကစားသမား စီေရာ္နယ္ဒိုရဲ႕ ပုံရိပ္ေတြနဲ႔အတူ ေဖာ္ျပခံေနရပါတယ္။
ေမျမတ္ႏိုးနဲ႔အတူ ေၾကာ္ျငာခဲ့တဲ့ ဂ်ဴဗင္တပ္ Anthem Jacket ဟာ ယူ႐ို ၉၀ တန္ေၾကးရွိတယ္လို႔လည္း သိရပါတယ္။ ၿပိဳင္ပြဲမစခင္မွာ ကစားသမားေတြဝတ္ဆင္တဲ့ ဂ်က္ကတ္ျဖစ္ၿပီး ျမန္မာေငြတန္ဖိုးအားျဖင့္ က်ပ္ ၁သိန္း ၈ေသာင္း နီးပါး က်သင့္မွာျဖစ္ပါတယ္။ ေမျမတ္ႏိုးနဲ႔အတူ ဒီဂ်က္ကတ္ကို ဂ်ဴဗင္တပ္ကစားသမားေတြ ဝတ္ဆင္ထားပုံနဲ႔အတူ ကလပ္အသင္းက ေၾကာ္ျငာထားတာလည္းျဖစ္ပါတယ္။
Crd : 90 minutes