တက်ပုကြင်စိုး၏ အရူးမီးဝိုင်း ဇာတ်သိမ်းပိုင်း ရောက်တော့မည်

ဇာတ်သိမ်းခန်းရောက်တော့မည်၊

ဇာတ်လမ်းရဲ့အထွတ်အထိပ် ဇာတ်ရှိန်အမြင့်ဆုံးရောက်လာပြီမို့..ပိုမိုရှုပ်ထွေးလာခဲ့ပြီ။

အာဆီယံကNUG. ပြည်သူ့အစိုးရကို ထိတွေဆက်ဆံမည်ဟု.ဆုံးဖြတ်ချက်ချလိုက်လျှင်..ပွဲက ပြီးတော့မည်။

မလေးရှားကတော့”သူရဲ့နိုင်ငံခြားရေးဝန်ကြီးကို.စစ်ကောင်စီ ဝက်ကြီးက အမိန့်ပေး ပုတ်ခတ် စော်ကားလိုက်သဖြင့် မခံချိမခံသာဖြစ်ကာ..သူအဆိုကိုအောင်မြင်အောင်လုပ်တော့မည်ထင်သည်။

ကာပုရဲ့ဟန်​ပြငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကလည်း အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ငြင်းပယ်ခြင်းခံလိုက်ရသည်။..

ကာပုလိုချင်တာက KIA. (KIO)KNU. KNPP.နဲ့ .CNF. စသည် အင်အားကြီးလက်နက်ကိုင်ခေါင်းဆောင်များကိုဖြစ်သည်။

တကယ်ရောက်လာမှက..သူခေါ်တိုင်းလာ.သူခိုင်းရာလုပ်ပြီး..အခွင့်အရေးချောင်းနေကြတဲ့.ကိုယ်လူမျိုးအချင်းချင်းတောင်ထောက်ခံမှုမရသည့်..မူးယစ်ကုန်သည်များသာဖြစ်သည်။

(ဒီနေရာမှာ ကာပုကြင်စိုးဟာ..တိုင်းပြည်ကိုသူပိုင်ပစ္စည်းလို သဘောထားကာ နိုင်ငံမျက်နှာပြည်သူမျက်နှာကိုမငဲ့ကြည့်ပဲ..သူ့တစ်ကိုယ်စာထွက်ပေါက် အတွက် လုပ်ရာလုပ် ပေးချင်ရာပေးတော့မည်ဖြစ်သည်။

နောက်လူတွေဖြေရှင်းရခက်မည့်အနေအထားမျိုးဖန်တီးပြီး”မစားရတဲ့အမဲ သဲနှင့်ပက်မည်ဟုကြံစည်နေသည်။)အရည်အသွေးနှင့်စည်းကမ်းပိုင်းတွင်ယိုယွင်းပျက်စီးနေသော သူတပ်ကိုထိမ်းချုပ်ရန်မလွယ်တော့မှန်း.သူသိလာပြီ။

ခေါင်းမာသော ကာပုကြင်စိုးဟာပြည်တွင်း ပြည်ပ ထောက်ခံမှုမရသောသူအတွက်.ထွက်ပေါက်တစ်ခုရလိုရငြားကြံစည်အားထုတ်နေသည်။

လပေါင်းအတော်ကြာလိုင်းပေါ်မှာ.ပျောက်ကွယ်နေသော..သူအမာခံလော်ဘီများဖြစ်ကြသည့်..အောင်မင်းနှင်ဝီရသူတို့ကိုပွဲထုတ်လာပြန်သည်။

ဘောမသဇင်ဦးကိုလဲ..ဗိုလ်နဂါးကိုစိန်ခေါ်ခိုင်းသည်။..အသက်ရှစ်ဆယ်ကျော် အဖိုးကြီးဂူဂူကိုလည်း..တောင်ဝှေးတစ်ချောင်းပေးပြီးပအို့”အောင်ခမ်းထီးကိုစည်ရုံးခိုင်းသည်။

ယခုအခါ လိုင်းပေါ်တွင်ရှိသမျှ ဘောမလော်ဘီများ ပွဲဆူနေကြသည်။

နောက်အမေရိကန်ကုမ္မဏီကိုငှားပြီး..MRtv. .အပလီကေးရှင်းရေးခိုင်းပြီးလိုင်းပေါ်မှအမုန်းစကားနှင့်သတင်မှားများဖြန့်ချီရန် ကြိုးစားခဲ့သော်လည်း..ဖျက်ချခံလိုက်ရသည်။

ကြင်စိုးရဲ့စစ်လော်ဘီ..အောင်မင်း၊မိုးဟိန်း၊ဝီရသူ၊စသူတိုသည်.နဂိုထဲကပြည်သူထောက်ခံမှုမရပြည်သူချဉ်ဖတ်များဖြစ်နေသဖြင့်..အဆဲခံရရုံ၊ဟ..ဟ.အပေးခံရရုံသာရှိမည်။..

သို​သော်..ရေနစ်နေသောကြင်စိုးအတွက်ကောက်ရိုးတစ်မျှင်မြက်တစ်ပင်ဖြစ်လိုဖြစ်ငြား..အာသာဖြေနေရုံထက်ဘာမှထူးခြားမလာ…။

ခွေးနာလောက်ကိုက်သလို”ဣ​န္ဒြေမရဖြစ်သောကြင်စိုးအတွက်အိပ်ပျက်ညတွေများလှပြီလေ။

လူသတ်,ဓားမြတိုက်ရွာမီးရှို ရုံသာစစ်ခွေးများဟာလည်း…မူးမူးကမ်းကမ်း.ရူးရူးနှမ်းနှမ်း နှင့်ခိုးထားလုထားသောပစ္စည်းလေးများပိုက်ကာပြေးဖို့ချောင်းနေကြပြီ။

တပ်စည်းပေါက်သွားပြီ..ကြင်စိုး၏စစ်ခွေး တပ်သည်အကြမ်းဖက်,ဓားမြဖြစ်နေပြီ။

အဖတ်ဆည်မရတော့…..အတ္တကြီးသော၊အလိုရမက်ကြီးသော၊ခေါင်းမာသောကြင်စိုး၏သွေးပျက်နေသော..ဇာတ်သိမ်းပိုင်းသည်အရူးမီးဝိုင်းဖြစ်နေချေပြီ။…

အရေးတော်ပုံအောင်နေပြီ။