
မိုးသည်းထန်မည့် နေရာများ
မုတ်သုံရာသီသို့ ဝင်ရောက်လာပြီဖြစ်သောကြောင့် အနောက်တောင်အရပ်မှ မုံသုံလေဝင်ရောက်တိုက်ခတ်ခြင်းနှင့် အတူ.. မိုးရွာသွန်းခြင်းများကို မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အစရှိတဲ့ ဘင်္ဂလားပင်လယ်အော် ရပ်ဝန်းဒေသများမှာ ကြုံတွေ့ကြရပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လ (၉) ရက်နေ့ တိုင်းထွာချက်များအရ အပူပိုင်းလေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လို့နေပါတယ်။ (မြေပုံ)
လေနဲ့ ရေဟာ အပူကြောင့် ပွပြီး အထက်သို့တက်ကြပါတယ်။ အဲ့ဒီ့လိုပွတက်သွားတဲ့အတွက် ၎င်းနေရာမှာ ဖိအားတွေ လျော့ကျသွားပါတယ်။ မြေပုံတွေမှာ လေဖိအားအနည်းဆုံးရှိတဲ့နေရာတွေကို “L” (Low) သင်္ကေတ ပြလေ့ရှိပါတယ်။
ဆိုလိုတာကတော့ အဆိုပါနေရာဟာ လေဖိအား အနည်းဆုံးနေရာဖြစ်ပြီး အပေါ်သို့ ပွတက်နေတဲ့ လေပူ၊ ရေပူများကြောင့် တိမ်ဖြစ်ထွန်းမှု များနေတဲ့ နေရာလို့ ပြောလို့ရပါတယ်။ (မိုးလေဝသမှာ ကြော်ငြာတဲ့ တိမ်အနည်းငယ်မှ အသင့်အတင့် ဖြစ်ထွန်းမယ်ဆိုတာ လေဖိအား အနည်းအများကို မှန်းဆကြည့်နိုင်ပါတယ်။)
လေဖိအားနည်းတဲ့နေရာကို လေဖိအားများတဲ့ “H” ဘက်က လေတွေ ဝင်ရောက်တိုက်ခတ်ကြပါတယ်။ ထို့အတွက်ကြောင့် ရေခိုးရေငွေ့ပါတဲ့တိမ်တွေဟာ လေကြောင်းနှင့်အတူ ရွေ့လျားလာကြပြီး ကုန်းတွင်းပိုင်းရောက်တဲ့အခါမှာတော့ (တနည်း) လုံလောက်တဲ့ အပူချိန်၊ အရွယ်အစား၊ အနေအထား ရောက်တဲ့အခါမိုးအဖြစ် ရွာသွန်းကြပါတယ်။
ယခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် အိန္ဒိယအရှေ့ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း ဒေသများမှာ ဇွန်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်လာနိုင်ပါတယ်။
မြေပုံမှပြထားတဲ့ ပန်းနီရောင်ဒေသများဟာ မိုးအလွန်များနိုင်မည့် ဒေသများဖြစ်ပြီး၊ အပြာရင့်ကတော့ မိုးများမည့် ဒေသများဖြစ်ကြပါတယ်။ အစိမ်းရောင်ဒေသများမှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းပါမယ်။
(အာကာသနှင့် စကြဝဠာဟာ အခြေခံပညာကို သင်ထောက်ကူနှင့်တကွ (လက်တွေ့) သင်ပြပေးနေတဲ့ စာမျက်နှာဖြစ်ပါတယ်။ မိုးလေဝသ စာမျက်နှာ မဟုတ်ပါ။ အသိပညာ အတတ်ပညာအားလုံးဟာ အခြေခံပညာက စရပါတယ်။ ယခုရှင်းပြခဲ့တဲ့အရာတွေဟာ သတ္တမတန်း ပထဝီမှာ ကျနော်တို့ သင်ခဲ့ကြရပြီး ဖြစ်ပါတယ်။)
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
ကိုးကား။ Bay of Bangal watch, BWOT, NOAA
———
မိုးသည္းထန္မည့္ ေနရာမ်ား
မုတ္သုံရာသီသို႔ ဝင္ေရာက္လာၿပီျဖစ္ေသာေၾကာင့္ အေနာက္ေတာင္အရပ္မွ မုံသုံေလဝင္ေရာက္တိုက္ခတ္ျခင္းႏွင့္ အတူ.. မိုး႐ြာသြန္းျခင္းမ်ားကို ျမန္မာ၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ အစရွိတဲ့ ဘဂၤလားပင္လယ္ေအာ္ ရပ္ဝန္းေဒသမ်ားမွာ ႀကဳံေတြ႕ၾကရပါတယ္။
၂၀၂၁ ခုႏွစ္ ဇြန္လ (၉) ရက္ေန႔ တိုင္းထြာခ်က္မ်ားအရ အပူပိုင္းေလဖိအားနည္းရပ္ဝန္းတစ္ခု ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚလို႔ေနပါတယ္။ (ေျမပုံ)
ေလနဲ႔ ေရဟာ အပူေၾကာင့္ ပြၿပီး အထက္သို႔တက္ၾကပါတယ္။ အဲ့ဒီ့လိုပြတက္သြားတဲ့အတြက္ ၎ေနရာမွာ ဖိအားေတြ ေလ်ာ့က်သြားပါတယ္။ ေျမပုံေတြမွာ ေလဖိအားအနည္းဆုံးရွိတဲ့ေနရာေတြကို “L” (Low) သေကၤတ ျပေလ့ရွိပါတယ္။
ဆိုလိုတာကေတာ့ အဆိုပါေနရာဟာ ေလဖိအား အနည္းဆုံးေနရာျဖစ္ၿပီး အေပၚသို႔ ပြတက္ေနတဲ့ ေလပူ၊ ေရပူမ်ားေၾကာင့္ တိမ္ျဖစ္ထြန္းမႈ မ်ားေနတဲ့ ေနရာလို႔ ေျပာလို႔ရပါတယ္။ (မိုးေလဝသမွာ ေၾကာ္ျငာတဲ့ တိမ္အနည္းငယ္မွ အသင့္အတင့္ ျဖစ္ထြန္းမယ္ဆိုတာ ေလဖိအား အနည္းအမ်ားကို မွန္းဆၾကည့္ႏိုင္ပါတယ္။)
ေလဖိအားနည္းတဲ့ေနရာကို ေလဖိအားမ်ားတဲ့ “H” ဘက္က ေလေတြ ဝင္ေရာက္တိုက္ခတ္ၾကပါတယ္။ ထို႔အတြက္ေၾကာင့္ ေရခိုးေရေငြ႕ပါတဲ့တိမ္ေတြဟာ ေလေၾကာင္းႏွင့္အတူ ေ႐ြ႕လ်ားလာၾကၿပီး ကုန္းတြင္းပိုင္းေရာက္တဲ့အခါမွာေတာ့ (တနည္း) လုံေလာက္တဲ့ အပူခ်ိန္၊ အ႐ြယ္အစား၊ အေနအထား ေရာက္တဲ့အခါမိုးအျဖစ္ ႐ြာသြန္းၾကပါတယ္။
ယခုျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ အိႏၵိယအေရွ႕ပိုင္း၊ ဘဂၤလားေဒ့ရွ္ နဲ႔ ျမန္မာႏိုင္ငံအေနာက္ဘက္ ကမ္း႐ိုးတန္း ေဒသမ်ားမွာ ဇြန္လ ၁၀ ရက္မွ ၁၆ ရက္အတြင္း မိုးသည္းထန္စြာ ႐ြာသြန္းျခင္းမ်ား ျဖစ္လာႏိုင္ပါတယ္။
ေျမပုံမွျပထားတဲ့ ပန္းနီေရာင္ေဒသမ်ားဟာ မိုးအလြန္မ်ားႏိုင္မည့္ ေဒသမ်ားျဖစ္ၿပီး၊ အျပာရင့္ကေတာ့ မိုးမ်ားမည့္ ေဒသမ်ားျဖစ္ၾကပါတယ္။ အစိမ္းေရာင္ေဒသမ်ားမွာေတာ့ မိုးအနည္းငယ္မွ အသင့္အတင့္ ႐ြာသြန္းပါမယ္။
(အာကာသႏွင့္ စၾကဝဠာဟာ အေျခခံပညာကို သင္ေထာက္ကူႏွင့္တကြ (လက္ေတြ႕) သင္ျပေပးေနတဲ့ စာမ်က္ႏွာျဖစ္ပါတယ္။ မိုးေလဝသ စာမ်က္ႏွာ မဟုတ္ပါ။ အသိပညာ အတတ္ပညာအားလုံးဟာ အေျခခံပညာက စရပါတယ္။ ယခုရွင္းျပခဲ့တဲ့အရာေတြဟာ သတၱမတန္း ပထဝီမွာ က်ေနာ္တို႔ သင္ခဲ့ၾကရၿပီး ျဖစ္ပါတယ္။)
အနာဂတ္ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)
ကိုးကား။ Bay of Bangal watch, BWOT, NOAA