တရုတ်က မအလကို တကယ်ကူမှာလား . . . သတင်း နှစ်မျိုးတွေ့ရ

တရုတ်က မအလကို တကယ်ကူမှာလား

အခု သတင်း နှစ်မျိုးတွေ.ရတယ်။

တရုတ်က အမေရိကန်ကို အံ့တုပြီး မအလကို ပိုကူမယ်ပြောတယ်ဆိုပြီး အောက်ကလင်ခ်မှာ ရေးထားတယ်။ ကျနော်က MRTV မကြည့်ရတော့ မသိဘူး။ အောက်ကလင့်ခ်ကတော့ MRTV က ပြောသလို ရေးထားတယ်။ ကြည့်မိသူများ ပြောပြပေးပါ။

https://www. bloomberg. com/…/china-boosts-support-for…

နောက်သတင်းကတော့ ယူကေမှာရှိတဲ့ တရုတ်သံရုံးက တရားဝင်ကြေငြာတဲ့စာပဲ။ အောက်လင့်ခ်မှာပါတယ်။ မအလကို ပိုကူညီမယ်ဆိုတာ တစ်ခုမှ မပါဘူး။ သူပြောတာက မအလအစိုးရအဖွဲ.လို. တောင် ပြောတာမဟုတ်ဘူး။

မြန်မာဆိုပြီးပဲ ပြောသွားတာ။ ပေါက်ဖော်ချစ်ကြည်ရေး ဆိုတာကို ပြောသွားတာ။ ဒါတွေက ဘယ်အစိုးရတက်တက် ပြောနေကြစကားတွေပဲ။

နောက် အဲ့သတင်းထဲမှာ ဝမ်ယီက အလေးအနက်ပြောတယ်ဆိုပြီး ပြောတာတွေရှိတယ်။ အဲ့ဒါတွေက သူပြောနေကြ မြန်မာပြဿနာကို ဆန်.ကျင်ဖက် အဖွဲ.အားလုံးက ပါဝင် ဖြေရှင်းဖို. နဲ. အာဆီယံ ရဲ. သဘောညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို. ဆိုတဲ့ အချက်တွေပဲ။

ကျန်တာကတော့ သူပြောနေကြ ဒီမိုကရေစီကို အခြေခံဥပဒေနဲ. အညီ တရားဝင် လုပ်ဖို.ဆိုတာပဲ။ သူကူမယ်ဆိုတာက ကိုဗစ်တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဆေးဝါး အထောက်အပံ့နဲ. နယ်စပ်လုံခြုံရေး ဆိုတဲ့ အချက်ပဲ။

http://www. chinese-embassy. org. uk/eng/zgyw/t1882392.htm

ဒီသတင်းနှစ်ခုက အဓိပ္ပါယ်နှစ်မျိုးထွက်နေတာ အမှန်ပဲ။ တရုတ်ကတော့ စီးပွား မပိတ်ဆို့ တာ အမှန်ပဲ။ သူက စီးပွားရေးသမားလေး။ ဘာကြောင့် မပိတ်ဆို့ ဘူး ဆိုတာက သံတမန်စကားလုံးလှလှနဲ.ကာကွယ်တယ်။

အထက်က သတင်းထဲကလို အမေရိကန်ကို အံတုမယ်ဆိုတဲ့ စကားလုံးမသုံးထားဘူး။ အဲ့ဒါကြောင့် ပထမသတင်းက မအလတို. စကားကို အခြေခံ ပြီးရေးတာ ဖြစ်ဖို.များမယ်။ တပ်တွင်းစည်းရုံးရေးဆင်းတာပေါ့။

မအလတို.အတွက်က အခုချိန်မှာ ကောက်ရိုးတစ်မျှင်လိုက်ရှာနေရတဲ့ အဆင့်ရောက်နေပြီ။ တကယ်တော့ အဲ့လို တရုတ်အားကိုးတယ်၊ တရုတ်ကူတယ်လို. ပြောလိုက်ရင် တပ်အောက်ခြေမှာ ပိုပြဿနာ တက်မယ်ဆိုတာ သိတာပဲ။

ဒါပေမယ့် ကောက်ရိုးတစ်မျှင်ကို ရှာရတဲ့ အဆင့်ဖြစ်နေတော့ ဒီလို တပ်တွင်းပြဿနာဖြစ်မှာကိုလည်း ခေါင်းထဲ မထည့်နိုင်တော့ဘူးလေ။ ဒါကို ကြည့်ရင် မအလတို. ကိုယ်လွတ်ရုန်းဖို. ကြိုးစားနေတာ သိပ်သိသာတယ်။

တရုတ်က အခုလို အချိန်မှာ အနောက်အုပ်စုကို စိန်ခေါ်တဲ့စကား ပြောရဲပါ့မလား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူက မြန်မာပြည်ထဲမှာ ကျွံနေတဲ့ သူ.စီးပွားရေးကို ကာကွယ်ဖို.ကသာ အဓိက ဖြစ်နေတာလေ။ အခု ဝမ်ယီပြောတဲ့ စကားတွေကို သေချာ ဖတ်ကြည့်ပါ။

ခြံစည်းရိုးခွထိုင်ထားတဲ့ စကားတွေချည်းပဲ။ NUG ကို တရုတ်က ဆက်သွယ်ဖူးတယ်။ အခု စကားမှာ NUG ကို ကန်တဲ့ စကားတစ်လုံးမှ မပါဘူး။
ကျနော်မြင်သလောက်ပြောရရင် တရုတ်ကို သံတမန်ရေးအရ ကူဖို. အာဆီယံက ပြောထားတော့ သူခေါ်ပြောပြီး သံတမန်ရေးနဲ. နိုင်ငံရေးအမြတ်ထုတ်လိုက်တာလို.ပဲ မြင်တယ်။

အဲ့အတွက် သေချာ နားမလည်သူ တချို.က ထွက်ပေါက်ရှိသလား မေးကြမှာပဲ။ ထွက်ပေါက်ကတော့ အများစု သိပြီးသားမို. အထူးပြောစရာမလိုတော့ပါ။ အဲ့ထွက်ပေါက်ကြောင့်ပဲ တရုတ်ကြီးက စကားကို မယုတ်မလွန်ပြောခဲ့တာပေါ့။

credit – Kyaw Kyaw Lin

———

တ႐ုတ္က မအလကို တကယ္ကူမွာလား

အခု သတင္း ႏွစ္မ်ိဳးေတြ.ရတယ္။

တ႐ုတ္က အေမရိကန္ကို အံ့တုၿပီး မအလကို ပိုကူမယ္ေျပာတယ္ဆိုၿပီး ေအာက္ကလင္ခ္မွာ ေရးထားတယ္။ က်ေနာ္က MRTV မၾကည့္ရေတာ့ မသိဘူး။ ေအာက္ကလင့္ခ္ကေတာ့ MRTV က ေျပာသလို ေရးထားတယ္။ ၾကည့္မိသူမ်ား ေျပာျပေပးပါ။

https://www. bloomberg. com/…/china-boosts-support-for…

ေနာက္သတင္းကေတာ့ ယူေကမွာရွိတဲ့ တ႐ုတ္သံ႐ုံးက တရားဝင္ေၾကျငာတဲ့စာပဲ။ ေအာက္လင့္ခ္မွာပါတယ္။ မအလကို ပိုကူညီမယ္ဆိုတာ တစ္ခုမွ မပါဘူး။ သူေျပာတာက မအလအစိုးရအဖြဲ.လို. ေတာင္ ေျပာတာမဟုတ္ဘူး။

ျမန္မာဆိုၿပီးပဲ ေျပာသြားတာ။ ေပါက္ေဖာ္ခ်စ္ၾကည္ေရး ဆိုတာကို ေျပာသြားတာ။ ဒါေတြက ဘယ္အစိုးရတက္တက္ ေျပာေနၾကစကားေတြပဲ။

ေနာက္ အဲ့သတင္းထဲမွာ ဝမ္ယီက အေလးအနက္ေျပာတယ္ဆိုၿပီး ေျပာတာေတြရွိတယ္။ အဲ့ဒါေတြက သူေျပာေနၾက ျမန္မာျပႆနာကို ဆန္.က်င္ဖက္ အဖြဲ.အားလုံးက ပါဝင္ ေျဖရွင္းဖို. နဲ. အာဆီယံ ရဲ. သေဘာညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ဖို. ဆိုတဲ့ အခ်က္ေတြပဲ။

က်န္တာကေတာ့ သူေျပာေနၾက ဒီမိုကေရစီကို အေျခခံဥပေဒနဲ. အညီ တရားဝင္ လုပ္ဖို.ဆိုတာပဲ။ သူကူမယ္ဆိုတာက ကိုဗစ္တိုက္ဖ်က္ေရးအတြက္ လိုအပ္တဲ့ ေဆးဝါး အေထာက္အပံ့နဲ. နယ္စပ္လုံၿခဳံေရး ဆိုတဲ့ အခ်က္ပဲ။

http://www. chinese-embassy. org. uk/eng/zgyw/t1882392.htm

ဒီသတင္းႏွစ္ခုက အဓိပၸါယ္ႏွစ္မ်ိဳးထြက္ေနတာ အမွန္ပဲ။ တ႐ုတ္ကေတာ့ စီးပြား မပိတ္ဆို႔ တာ အမွန္ပဲ။ သူက စီးပြားေရးသမားေလး။ ဘာေၾကာင့္ မပိတ္ဆို႔ ဘူး ဆိုတာက သံတမန္စကားလုံးလွလွနဲ.ကာကြယ္တယ္။

အထက္က သတင္းထဲကလို အေမရိကန္ကို အံတုမယ္ဆိုတဲ့ စကားလုံးမသုံးထားဘူး။ အဲ့ဒါေၾကာင့္ ပထမသတင္းက မအလတို. စကားကို အေျခခံ ၿပီးေရးတာ ျဖစ္ဖို.မ်ားမယ္။ တပ္တြင္းစည္း႐ုံးေရးဆင္းတာေပါ့။

မအလတို.အတြက္က အခုခ်ိန္မွာ ေကာက္႐ိုးတစ္မွ်င္လိုက္ရွာေနရတဲ့ အဆင့္ေရာက္ေနၿပီ။ တကယ္ေတာ့ အဲ့လို တ႐ုတ္အားကိုးတယ္၊ တ႐ုတ္ကူတယ္လို. ေျပာလိုက္ရင္ တပ္ေအာက္ေျခမွာ ပိုျပႆနာ တက္မယ္ဆိုတာ သိတာပဲ။

ဒါေပမယ့္ ေကာက္႐ိုးတစ္မွ်င္ကို ရွာရတဲ့ အဆင့္ျဖစ္ေနေတာ့ ဒီလို တပ္တြင္းျပႆနာျဖစ္မွာကိုလည္း ေခါင္းထဲ မထည့္ႏိုင္ေတာ့ဘူးေလ။ ဒါကို ၾကည့္ရင္ မအလတို. ကိုယ္လြတ္႐ုန္းဖို. ႀကိဳးစားေနတာ သိပ္သိသာတယ္။

တ႐ုတ္က အခုလို အခ်ိန္မွာ အေနာက္အုပ္စုကို စိန္ေခၚတဲ့စကား ေျပာရဲပါ့မလား။ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ သူက ျမန္မာျပည္ထဲမွာ ကြၽံေနတဲ့ သူ.စီးပြားေရးကို ကာကြယ္ဖို.ကသာ အဓိက ျဖစ္ေနတာေလ။ အခု ဝမ္ယီေျပာတဲ့ စကားေတြကို ေသခ်ာ ဖတ္ၾကည့္ပါ။

ၿခံစည္း႐ိုးခြထိုင္ထားတဲ့ စကားေတြခ်ည္းပဲ။ NUG ကို တ႐ုတ္က ဆက္သြယ္ဖူးတယ္။ အခု စကားမွာ NUG ကို ကန္တဲ့ စကားတစ္လုံးမွ မပါဘူး။
က်ေနာ္ျမင္သေလာက္ေျပာရရင္ တ႐ုတ္ကို သံတမန္ေရးအရ ကူဖို. အာဆီယံက ေျပာထားေတာ့ သူေခၚေျပာၿပီး သံတမန္ေရးနဲ. ႏိုင္ငံေရးအျမတ္ထုတ္လိုက္တာလို.ပဲ ျမင္တယ္။

အဲ့အတြက္ ေသခ်ာ နားမလည္သူ တခ်ိဳ.က ထြက္ေပါက္ရွိသလား ေမးၾကမွာပဲ။ ထြက္ေပါက္ကေတာ့ အမ်ားစု သိၿပီးသားမို. အထူးေျပာစရာမလိုေတာ့ပါ။ အဲ့ထြက္ေပါက္ေၾကာင့္ပဲ တ႐ုတ္ႀကီးက စကားကို မယုတ္မလြန္ေျပာခဲ့တာေပါ့။

credit – Kyaw Kyaw Lin