တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း 10.6.2021 မှ 16.6.2021 အထိ

တနင်္ဂနွေ

ဝန်ထမ်းများအပြစ်တင်ခြင်းကို ခံရတတ်ပြီး မိမိလုပ်ကိုင်နေသော လုပ်ငန်းများကို မလုပ်ချင်၊ မကိုင်ချင်ပဲ ဖြစ်နေရတတ်ပါသည်။ ပျောက်နေသော ရွှေ၊ ငွေများ ပြန်ရတတ်ပါသည်။ အလိမ်ခံထားရသော၊ ဆုံးရှုံးခံထားရသော ငွေကြေးများ ပြန်လည်ရရှိတတ်ပါသည်။

တပည့်လက်အောက်ငယ်သားများ၏ ရန်ရှာခြင်းကိုလည်း ခံရတတ်ပါ သည်။ အရာရာကို ခိုင်မာတည်ကြည်စွာဖြင့် စဉ်းစားဆုံးဖြတ်၍ ဇွဲရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်သွားပါ။ အဆင်ပြေ အောင်မြင်လာပါလိမ့်မည်။သတိလက်လွှတ်မိလျှင်လွတ်သလိုနစ်နာမှုများရှိတတ်ပါသည်။

မိတ်ဆွေအပေါင်းအသင်း များ၏ ငြိုငြင်မှုများကိုလည်း ကြုံတွေ့နေရတတ်ပါသည်။ သားသမီးများအတွက် အလုပ်များ ရတတ်ပါသည်။ ကုသိုလ်ကောင်းမှုဘက်တွင် စိတ်ရောက်ပြီး တရားဓမ္မ လုပ်ဖြစ်အောင် လုပ်ကိုင်နေထိုင်ပါက အလွန်ကောင်းသော အနေအထားကောင်းသို့ ရောက်ရှိရတတ်ပါသည်။

မိသားစု၊ သံယောဇဉ်အရေး ကြီးမားနေမှုတို့ကြောင့် နှလုံးသားနှင့် ပတ်သက်သော အချစ်ရေးကို စိတ်ဝင်စားမှု အားနည်းနေတတ်ပါသည်။ မိမိအားချစ်ခင်ကြင်နာလိုသူနှင့် တွေ့ရတတ် ပါသည်။

ရာထူးတိုးစာမေးပွဲဖြေထားသူများ ၊အင်တာဗျုးဖြေထားသူများ ရလဒ် ကောင်းသတင်းကောင်းတွေ ကြား လာ ရတတ်ပါတယ်။ ပွဲစားအလုပ်များ၊ဝန်ဆောင်မှုအလုပ်များ၊ မီဒီယာအလုပ်များ အဆင်ပြေတိုးတတ် မှုတွေ ကြုံ ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/6/8 ။အထူးဟော အလုပ်ကံ၊စီးပွားကံမြင့်မားနေမည်။ ယတြာ ဆေးဝါးဒါနလုပ်ပါ။

တနင်္လာ

နီးနီးနားနားထက် အဝေးမှာပိုမိုအကျိုးပေးတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရပ်ဝေးက စီးပွားရေးတွေပိုမို တိုးတတ်ပါလိမ့်မယ်။ ငွေကြေးချေးငှားထားသူများ ငွေရေးကြေးရေး ပြဿနာများကြောင့် သိက္ခာကျရတတ်ပါ သည်။

တပည့် လက်အောက်ငယ်သားများ၏ အပူဒုက္ခတွေကိုခွဲဝေခံစားရတတ်ပါသည်။ စနစ်တကျ လုပ်ကိုင်ရသော လုပ်ငန်းများ အဆင်ပြေတာတွေ့ရတတ်ပါသည်။ ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲနေရတတ်ပါသည်။ မောင်နှမသားချင်း များ၏ ပြဿနာများကို မိမိမှခေါင်းခံ၍ ဖြေရှင်းပေးရတတ်ပါသည်။

ခရီးဝေးများ သွားလာရတတ်ပါသည်။ ကျန်းမာရေး နှင့် ပတ်သက်၍ ဆိုးဝါး ပြင်းထန်သော ရောဂါ၊ ဝေဒနာများ မဖြစ်ပေါ်တတ်သော်လည်း အနည်းငယ် သတိထားရတတ် ပါ သည်။ အချစ်ရေး မကောင်းသေးပါ။ အိမ်ထောင်ရှိပြီးသူဖြစ်ပါက အိမ်ထောင်ဖက်နှင့် မကြာခဏ စိတ်ဝမ်းကွဲမှုများ ဖြစ်ရတတ်ပါ သည်။

ပညာရေးနှင့် ပတ်သက်သော ဘာသာရပ်ဆိုင်ရာများကို သင်ယူရာတွင် အကြံဉာဏ်ပေး မည့်သူ၊ အကူအညီ ပေးမည့်သူတို့ ရှိနေတတ်ပါသည်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြုပ်နှံမှု တွေမှားနိုင်ပါ တယ်။

ကုန်လှောင် ခြင်းများလဲ အထူးသတိထားလိုက်ပါ။ ဒီလိုနေ့တွေမှာ သားသမီးတွေကို အလို မလိုက်မိဖို့လိုပါ တယ်။ သားသမီးပူ ဆာတာတွေ ဝယ်ပေးရတာနဲ့ငွေကုန်ကြေးရများသွားရတတ်ပါတယ်။

အကျိုးပေးဂဏန်း 7/4/5 ။အထူးဟော စိတ်လေလွင့်နေတတ်ပါတယ်။ယတြာ သပြေပန်းဘုရားကပ်လှူဆုတောင်းပါ။

အင်္ဂါ

စီးပွားရေးဆိုင်ရာ လုပ်ငန်းများ တိုးတတ်ခိုင်မာမှု ရှိရန်အတွက် ဆန်းသစ်သော တီထွင်ကြံဆမှုများ လုပ်ကိုင် ဆောင်ရွက်နေရတတ်ပါသည်။ စီးပွားရေးလုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ခရီးသွားလာမှုများလည်း ရှိနေတတ်ပါသည်။

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲအထူးသတိ ထားရပါလိမ့်မယ်။ ငွေချေးမိလိုက်ရင်ပြန်ရဖို့ ကြန့်ကြာသွားတတ်ပါတယ်။ ငွေပေးငွေယူကိစ္စများ အငြင်းပွားဖွယ်ရာ ကြုံရတတ်ပါတယ်။ လူငယ်များ အပျော်လွန်ရာမှ ပြဿနာ တတ်ရတတ်ပါတယ်။မိုးချုပ်လွန်းသည်အထိ အပြင်မှာ နေတာမျိုးတတ်နိုင်သလောက် ရှောင်လိုက်စေချင် ပါတယ်။

ဒီလိုကာလတွေမှာ တတ်နိုင်သ၍ဆိတ်ဆိတ်နေပါ။ အသံကြောင့်ဖားသေဆိုတာမျိုးတွေလဲ ကြုံရတတ်ပါ တယ်။ကိုယ်ပိုင်အလုပ်များ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကိုယ့်ဝန်ထမ်းတွေကိုတော့ မောက်မောက်မာမာ မဆက်ဆံမိအောင် နေထိုင်တတ်ဖို့လိုပါတယ်။ ကျန်းမာရေးကတော့ သင့်ရုံပါပဲ။ အကောင်းအဆိုးမျှပါတယ်။

အချစ် ရေးနဲ့ ပတ်သက်ပြီးတော့ ချစ်သူရဲ့ပူဆာတာကို ဝယ်ပေးနေရတတ်ပါ တယ်။ အိမ်ထောင်ရေးကတော့စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးကတော့ ချင့်ချိန်တတ်ဖို့လိုပါတယ်။ ပညာရှာလို့ ပညာသင်ပေးလို့မကောင်းတဲ့ကာလ ပါပဲ။

အကျိုးပေးဂဏန်း 1/5/6 /အထူးဟော အရေးကြီးတာကို ဦးစားပေးလုပ်ကိုင်ပါ။ယတြာ ဒီကာလအတွင်း သစ်သီးတွေဘုရားကပ်ပါ။

ဗုဒ္ဓဟူး၊ရာဟု

စီးပွားရေးကိစ္စရပ်များတွင် ဇွဲ၊ ဝီရိယကောင်းမွန်မှုများနှင့် စဉ်းစားတွေးခေါ်နိုင်မှု စွမ်းအားများ မြင့်တတ်လျှက်ရှိပါသည်။ ငွေကြေးစုဆောင်းနိုင်မှုများလည်း ရှိနေတတ်ပါသည်။

လုပ်ငန်းစီးပွားများ အဆင်ပြေ တိုးတတ် မှုများနှင့် ဂုဏ်ကျက်သရေ တိုးတတ်မှုများလည်း ရရှိတတ်ပါသည်။ ဝန်ထမ်းဖြစ်ပါက အဆင်ပြေတိုးတတ်မှုများနှင့် ရာထူးအဆင့်မြင့်ခြင်း များလည်း ဖြစ်ပေါ်လာတတ်ပါသည်။ သို့သော် မနာလို မုန်းတီးမှုများနှင့် အတိုက်အခံ ရန်လို မှုများလည်း ရှိနေတတ်ပါသည်။ ပေါင်းသင်းဆက်ဆံရေးတွင် အကောင်းဆုံးဖြစ်ရန် ကြိုးစားရတတ်ပါသည်။

ပညာရေး နှင့် ပတ်သက်သော ကိစ္စရပ်တို့တွင် ဇွဲ၊ လုံ့လ၊ ဝီရိယ အားစိုက်မှုတော့ လိုအပ်နေတတ်ပါသည်။ ဒီကာလ အတွင်း ဘာသာရေးနှင့် ပက်သက်သော အလှူအတန်းတွေကြုံရတတ်ပါတယ်။ စိတ်ချမ်းသာ စရာခရီးကောင်း တွေ လဲ သွားရ တတ် ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုလဲ ချမှတ် နိုင်ပါလိမ့်မယ်။

အချစ် ရေး ကတော့ ချစ်သူခင်သူတွေအတွက် အချိန်ပေးရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက် သက်ပြီး အိမ်ထောင် ဘက် ဆီ ကအကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အနာရောဂါများ၊ထိခိုက်ရှနာများ ခွဲ စိပ်ကုသလို့ အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးအတွက်စိတ်ချမ်းသာရ ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/6/7 အထူးဟော ကံမြင့်မားနေမည်။ ယတြာ နွားနို့ဘုရားကပ်လှူပါ။

ကြာသပတေး

တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေလိုစိတ်များ ရှိနေတတ် ပါ သည်။ သို့သော် လူငယ်များမိမိ၏မိတ်ဆွေ၊ အပေါင်းအသင်းများ၏ ဆော်ဩ တိုက်တွန်းမှုတို့ကြောင့်ရုတ်တရက် အိမ်ထောင်ကျသွားတတ်ပါသည်။

အနားယူ၊ အပန်းဖြေခရီးများနှင့် ဘုရားဖူးခရီးများလည်း ရှိနေတတ်ပါသည်။ နိုင်ငံ ရပ်ခြား သွားလာရကိန်းများလည်း ရှိနေတတ်ပါသည်။ လိုအင်ဆန္ဒပြည့်ဝမှုနှင့် လာဘ်လာဘ ရရှိမှုတို့သည် သင့်တင့် လျောက်ပတ်မှု ရှိနေတတ်ပါသည်။ ဒီလိုကာလတွေမှာ မိဘတွေ အထက်လူကြီးတွေကို မထေ့မဲ့မြင် မလုပ်မိပါ နဲ့။

အထက်လူကြီးတွေချစ်အောင်နေလေ အဆင်ပြေလေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်သောခရီးတိုလေး တွေသွားရတတ်ပါတယ်။အိမ်ပြုပြင်ခြင်းများ၊အိမ်သစ်စတင်အုတ်မြစ်ချခြင်းများလဲအထူးကောင်းပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး အားနည်းနေသူတောင်၊မိမိအတွက်သင့်တော်တဲ့သမားတော်နဲ့တွေ့ရတတ်ပါတယ်။

အချစ် ရေး မှာတော့အဆင်ပြေပါလိမ့်မယ်။ အဖြေတောင်းထားတဲ့ချစ်သူထံမှအဖြေရလာတတ်ပါတယ်။အိမ်ထောင်ရေးက တော့ အကောင်းများပါတယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေခဲ့တာတွေရှိရင် ပြေလည်မှုတွေရလာတတ်ပါတယ်။ ပညာရေးကတော့ အကောင်းများပါတယ်။ အိမ်နဲ့အဝေးတစ်နေရာမှာပညာသင်ကြားခွင့်တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/3/7 အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရမည်။ယတြာ အုန်းထမင်း ဆွမ်းချက်ပြီး ဘုရားကပ်ပါ။

သောကြာ

မိမိ အပေါ် မကျေနပ်သူများ အတိုက် အခံပြုလို သူများ ရှိနေသည်ကိုလည်း သတိပြုဆင်ခြင်သင့်ပါသည်။ မိမိကိုယ်မိမိ အထင် ကြီး မှုများကို ဆင်ခြင်သင့် ပါသည်။ မိမိအတွက်ရှေ့တိုးရခက်ခဲတဲ့ ကိစ္စတွေကြုံလာရ တတ် ပါတယ်။

အလုပ်နဲ့ ပတ်သက်ပြီးတော့လဲလုပ်သလောက်မခံစားရတတ်ပါဘူး။ အလုပ်ကပင်ပန်းတာမျိုးကြုံရပေမဲ့ အသိအမှတ်အပြုမခံရတာမျိုး တွေ အထူးကြုံနေရလိမ့်မယ်။ ပေါ့ပေါ့နေ၊ပေါ့ပေါ့စားသူများကတော့ ပိုမိုဒုက္ခရောက် တတ် တဲ့ကာလပါပဲ။ အရာရာ ကိုလေးလေးနက်နက်ထားပါ။ ပြီးစလွယ်မလုပ်လိုက်ပါနဲ့၊ရှယ်ယာအလုပ်များ အထူး ပဲအဆင်မပြေ ဖြစ်ရ တတ်ပါ တယ်။

ကတိမတည်တဲ့သူတွေ၊သစ္စာမရှိသူတွေကြောင့်လဲ မိမိပါဒုက္ခရောက်ရတတ် ပါတယ်။ စိတ်ဓာတ် ညံ့ ဖျင်းတဲ့ သူတွေကို အာမခံပေးတာမျိုးမလုပ်မိပါစေနဲ့။ ကျန်းမာရေးကတော့ အနည်းငယ် တော့ အားနည်းနေတာကိုတွေ့ရပါတယ်။ ကူးစက်ရောဂါတွေဖြစ် လွယ်တဲ့ အတွက် မိမိကိုယ်တိုင်က ကိုယ်ခံအား ကောင်း အောင်နေပါ။

အချစ်ရေးကိစ္စတွေကတော့ အခက်အခဲမရှိ အဆင်ပြေနေတတ်ပါတယ်။ အိမ်ထောင်ကတော့ ပြဿနာအလွန်များတဲ့ကာလတွေလို့ပဲ မှတ်ချက်ချရပါလိမ့်မယ်။ သည်းခံပါလို့ပြောချင်ပါ တယ်။ ပညာရေးကတော့ ထင်သလောက်မလွယ်တဲ့ အနေအထားမျိုးတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 1/2/4 အထူးဟော ကံအားနည်းနေသည်။ ယတြာ ငွေ၂၀၀ခန့် ပံ့သကူပစ်လိုက်ပါ။

စနေ

ဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ အထိအခိုက်ဖြစ်မှုများကို အထူးသတိပြုပါ။ ယခုကာလများတွင် အနည်း ငယ် အဆိုးများ ကြုံတွေ့နေရတတ်သော်လည်း များသောအားဖြင့် အဆင်ပြေမှုတွေရရှိတတ်ပါသည်။

ပညာရေးနှင့် ပတ် သက်၍သော်လည်းကောင်း၊ လူမှုရေးနှင့် ပတ်သက်၍သော်လည်းကောင်း၊ စီးပွာရေးနှင့် ပတ်သက်၍သော် လည်းကောင်း၊ ဦးနှောက်မှတ်ဉာဏ်နှင့် အတွေးအခေါ် ဆုံးဖြတ်ချက်များ၊ မှန်ကန်မှုများ ရှိနေတတ်ပါသည်။ မိမိကိုယ်မှလွဲ၍ အခြားသူများကို ယုံ ကြည်၍လည်းမရတတ်ပါ။ စီးပွားရေး လုပ်ငန်း ကိုင်ငန်းကိစ္စရပ်များတွင်လည်း မိမိကိုယ်မိမိ အားကိုးလုပ် ဆောင် မှုများပြုနေရတတ်ပါသည်။

လုပ်ငန်းစီးပွားများအတွက်အပင်ပန်းခံ၍ လုပ်ကိုင် ဆောင်ရွက်ရတတ် ပါ သည်။ နေရာ ဒေသ အရွှေ့ အပြောင်း များရှိနေတတ်ပါသည်။ ကောင်းမွန်သော အပြောင်း အရွှေ့များ ဖြစ်တတ် ပါသည်။ ခရီးတို လေးများ မကြာခဏ သွားလာနေရတတ်ပါသည်။ ကျန်းမာရေးအတွက် စိတ် ချမ်းသာရတတ်တဲ့ ကာလပါပဲ။ အချစ် ရေး မှာတော့ လူငယ်တွေထက် အရွယ်လွန်မှကြုံရတဲ့ အရွယ်လွန်အချစ်ဆို တာမျိုးကြုံရတတ်ပါ တယ်။

အိမ်ထောင် ရေး ကတော့ ထင်သလောက်အဆင်မပြေနိုင်သေးပါ။ တကျက်ကျက် စကားများရနိုင်တဲ့ကာလ ပါပဲ။ ပညာရေး ကိုတော့ မိမိကိုယ်တိုင်က ကြိုးစားချင်စိတ်တွေကပဲ အဓိကကျတယ်လို့ ထင်ပါတယ်။

အကျိုးပေးဂဏန်း 2/3/5 အထူးဟော ကံသင့်ပါတယ်။ ယတြာ ခရေပန်း/ခရေညွန့်ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695