လေယာဉ်ပျက်ကျလို့ ပျော်မိတဲ့အထဲမှာ ဆရာတော်ဘုရားကြီးတွေ မပါပါဘူး ဆိုပြီး ဝန်ချတောင်းပန်လာခဲ့ကြတဲ့ပြည်သူများ

ဒီနေ့ မနက်ပိုင်းမှာတော့ နေပြည်တော်မှ ပြင်ဦးလွင် သို့ ထွက်ခွါလာတဲ့ တပ်မတော်လေယာဉ်တစ်စင်းဟာရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် အနီးစခန်းမှာ ဆင်းသက်စဉ် ပျက်ကျခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီလေယာဉ်ထဲမှာ စျေးကုန်းကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရ နဲ့ မြို့မစျေးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇောသာရ တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးတွေက ပြင်ဦးလွင်မြို့နယ်၊သုံးထောင်ကျေးရွာအုပ်စု၊ကျောက်ဖျားဒိုးကျေးရွာတွင် ဆောက်လုပ်မယ့် မဟာဝိသုတာရာမ စျေးကုန်းပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပဖို့အတွက် လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

လေယာဉ်ထဲမှာလိုက်ပါလာသူတွေကတော့ စုစုပေါင်း (၁၄)ဦးလို့ ကနဦးသတင်းတွေထွက်ပေါ်ခဲ့ပြီး (၁၄)ဦးထဲမှ(၂)ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ကြီးတွေကတော့ ဘုရားသားတော်တွေဖြစ်လို့ အယုတ်အလတ်အမြတ်မရွေးကို မခွဲခြားဘဲ အကုန်လုံးကို တန်းတူရည်တူ ဆက်ဆံတာဖြစ်လို့ အခုလိုပင့်ဖိတ်မှုကိုလည်း ကြွရောက်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း သံဃာတော်တွေက ဘယ်သူကပင့်လို့ မလိုက်ဘူးဆိုပြီးရွေးချယ်ခွင့်မရှိတာကို သိနားလည်ထားကြတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း လေယာဉ်ပျက်ကျလို့ ဆရာတော်ဘုရားကြီးတွေပါ ပျံလွန်တော်မူသွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။

ပြည်သူတွေက လေယာဉ်ပျက်ကျလို့ပျော်တဲ့အထဲမှာ ဆရာတော်ဘုရားကြီးတွေအတွက် မဟုတ်ပါဘူး ဆိုပြီး ဝန်ချတောင်းပန်ထားကြတာဖြစ်ပါတယ်။သာသနာ့ဝန်ကို ထမ်းရွက်နေကြတဲ့ဆရာတော်ဘုရားကြီးတွေ အခုလိုမျိုးကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူတွေလည်း ဝမ်းနည်းနေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

——–

ဒီေန႔ မနက္ပိုင္းမွာေတာ့ ေနျပည္ေတာ္မွ ျပင္ဦးလြင္ သို႔ ထြက္ခြါလာတဲ့ တပ္မေတာ္ေလယာဥ္တစ္စင္းဟာရာသီဥတုအေျခအေနဆိုး႐ြားမႈေၾကာင့္ အနီးစခန္းမွာ ဆင္းသက္စဥ္ ပ်က္က်ခဲ့ရတာျဖစ္ပါတယ္။

အဲ့ဒီေလယာဥ္ထဲမွာ ေစ်းကုန္းေက်ာင္းတိုက္ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲကဝိသာရ နဲ႔ ၿမိဳ႕မေစ်းကုန္းေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲ ေတေဇာသာရ တို႔လည္း ပါဝင္ေနတာျဖစ္ပါတယ္။ဆရာေတာ္ဘုရားႀကီးေတြက ျပင္ဦးလြင္ၿမိဳ႕နယ္၊သုံးေထာင္ေက်း႐ြာအုပ္စု၊ေက်ာက္ဖ်ားဒိုးေက်း႐ြာတြင္ ေဆာက္လုပ္မယ့္ မဟာဝိသုတာရာမ ေစ်းကုန္းပရိယတၱိစာသင္တိုက္ႀကီး ပႏၷက္ေတာ္တင္ မဂၤလာအခမ္းအနား က်င္းပဖို႔အတြက္ လိုက္ပါလာခဲ့တာျဖစ္ပါတယ္။

ေလယာဥ္ထဲမွာလိုက္ပါလာသူေတြကေတာ့ စုစုေပါင္း (၁၄)ဦးလို႔ ကနဦးသတင္းေတြထြက္ေပၚခဲ့ၿပီး (၁၄)ဦးထဲမွ(၂)ဦးကိုသာ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဆရာေတာ္ႀကီးေတြကေတာ့ ဘုရားသားေတာ္ေတြျဖစ္လို႔ အယုတ္အလတ္အျမတ္မေ႐ြးကို မခြဲျခားဘဲ အကုန္လုံးကို တန္းတူရည္တူ ဆက္ဆံတာျဖစ္လို႔ အခုလိုပင့္ဖိတ္မႈကိုလည္း ႂကြေရာက္ခဲ့တာျဖစ္ပါတယ္။ျပည္သူေတြကလည္း သံဃာေတာ္ေတြက ဘယ္သူကပင့္လို႔ မလိုက္ဘူးဆိုၿပီးေ႐ြးခ်ယ္ခြင့္မရွိတာကို သိနားလည္ထားၾကတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း ေလယာဥ္ပ်က္က်လို႔ ဆရာေတာ္ဘုရားႀကီးေတြပါ ပ်ံလြန္ေတာ္မူသြားတဲ့အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ေနရတာျဖစ္ပါတယ္။

ျပည္သူေတြက ေလယာဥ္ပ်က္က်လို႔ေပ်ာ္တဲ့အထဲမွာ ဆရာေတာ္ဘုရားႀကီးေတြအတြက္ မဟုတ္ပါဘူး ဆိုၿပီး ဝန္ခ်ေတာင္းပန္ထားၾကတာျဖစ္ပါတယ္။သာသနာ့ဝန္ကို ထမ္း႐ြက္ေနၾကတဲ့ဆရာေတာ္ဘုရားႀကီးေတြ အခုလိုမ်ိဳးႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ျပည္သူေတြလည္း ဝမ္းနည္းေနၾကေၾကာင္းကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder