ပြည်သူတွေကိုကာကွယ်ဖို့အတွက် လွတ်မြောက်နယ်မြေမှာစစ်ပညာသင်ယူရင်း ဖြစ်သလိုစားကာအားဖြည့်နေကြတဲ့ ဟားငါးကောင်အဖွဲ့

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။ ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားသလို

ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေလည်းဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့က အနုပညာအလုပ်တွေလုပ်စဥ်တုန်းကလည်း တက်ညီလက်ညီရှိကြသလို အခုလိုအချိန်မှာလည်း ညီအစ်ကိုရင်းတွေပမာစည်းလုံးညီညွတ်နေကြတာလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့က ပြည်သူတွေကိုအကာအကွယ်ပေးဖို့အတွက် တာလပတ်မိုးထားတဲ့ အိမ်လေးထဲမှာပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြပြီး အစားအသောက်ကိုလည်းဖြစ်သလိုလေး စားကြရင်းအားဖြည့်နေကြတာဖြစ်ပါတယ်။

အနုပညာရှင်တွေဖြစ်ပေမယ့် အခုလိုပင်ပင်ပန်းပန်းခက်ခက်ခဲခဲနဲ့ စစ်ပညာသင်ယူနေကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ လေးစားစရာကောင်းလွန်းပါတယ်။ ဟားငါးကောင်အဖွဲ့က မကြာခဏဆိုသလို သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်တွေနဲ့ နိုင်ငံရေးအခြေအနေတွေကို Facebookစာမျက်နှာမှာ တင်ပေးလေ့ရှိပါတယ်။

အခုဆိုရင်လည်း ပိုးလေးက သူ့ရဲ့ Facebookစာမျက်နှာမှာ “စားလို့ အရမ်းကောင်းတယ်……” ဆိုပြီး captionလေးရေးသားကာ တောတောင်ထဲမှာ ဖြစ်သလိုလေး စားသောက်နေရင်း ပျော်ရွှင်နေကြတဲ့ပုံလေးတွေတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: ပိုးလေးအဖာစနာဆရာကြီး’s Facebook acc

———

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစႏိုင္ၿပီး လူငယ္ေလးေတြနဲ႔ဖြဲ႕စည္းထားတဲ့ လူ႐ႊင္ေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ဟား(၅)ေကာင္ကိုသိၾကမယ္ထင္ပါတယ္။ ဟား(၅)ေကာင္အဖြဲ႕ဟာ အၿမဲလိုလိုေျပာင္ေျမာက္ထိမိလွတဲ့ဟာသျပက္လုံးေတြနဲ႔ ပရိသတ္ေတြရဲ႕အားေပးမႈကို အျပည့္အ၀ရရွိထားသလို

ေဖေဖာ္ဝါရီလအစပိုင္းတည္းကတိုင္ အာဏာရွင္ဆန႔္က်င္ေရးမွာ ျပည္သူနဲ႔အတူတစ္သားတည္းရပ္တည္ခဲ့တဲ့ လူ႐ႊင္ေတာ္ေတြလည္းျဖစ္ၿပီး အခုဆိုရင္လည္း လြတ္ေျမာက္နယ္ေျမမွာ စစ္သင္တန္းတက္ေရာက္ေနၿပီလည္းျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕က အႏုပညာအလုပ္ေတြလုပ္စဥ္တုန္းကလည္း တက္ညီလက္ညီရွိၾကသလို အခုလိုအခ်ိန္မွာလည္း ညီအစ္ကိုရင္းေတြပမာစည္းလုံးညီၫြတ္ေနၾကတာလည္းျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕က ျပည္သူေတြကိုအကာအကြယ္ေပးဖို႔အတြက္ တာလပတ္မိုးထားတဲ့ အိမ္ေလးထဲမွာပင္ပန္းဆင္းရဲစြာနဲ႔ စစ္ပညာသင္ယူေနၾကၿပီး အစားအေသာက္ကိုလည္းျဖစ္သလိုေလး စားၾကရင္းအားျဖည့္ေနၾကတာျဖစ္ပါတယ္။

အႏုပညာရွင္ေတြျဖစ္ေပမယ့္ အခုလိုပင္ပင္ပန္းပန္းခက္ခက္ခဲခဲနဲ႔ စစ္ပညာသင္ယူေနၾကတဲ့ ဟားငါးေကာင္အဖြဲ႕ကေတာ့ ေလးစားစရာေကာင္းလြန္းပါတယ္။ ဟားငါးေကာင္အဖြဲ႕က မၾကာခဏဆိုသလို သူတို႔ရဲ႕လႈပ္ရွားမႈပုံရိပ္ေတြနဲ႔ ႏိုင္ငံေရးအေျခအေနေတြကို Facebookစာမ်က္ႏွာမွာ တင္ေပးေလ့ရွိပါတယ္။

အခုဆိုရင္လည္း ပိုးေလးက သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “စားလို႔ အရမ္းေကာင္းတယ္……” ဆိုၿပီး captionေလးေရးသားကာ ေတာေတာင္ထဲမွာ ျဖစ္သလိုေလး စားေသာက္ေနရင္း ေပ်ာ္႐ႊင္ေနၾကတဲ့ပုံေလးေတြတင္ေပးလာပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: ပိုးေလးအဖာစနာဆရာႀကီး’s Facebook acc