အများသိပြီးသား မထူးဆန်းတာလေးဖြစ်ပေမယ့် အချို့လူငယ်တွေ အမှတ်တမဲ့ဖြစ်နေတာလေးတစ်ခု

အများသိပြီးသား မထူးဆန်းတာလေးဖြစ်ပေမယ့် အချို့ ကျောင်းသား လူငယ်တွေ အမှတ်တမဲ့ဖြစ်နေတာလေးတစ်ခုပြောပြချင်တယ်။

ကိုယ့်ရဲ့ computer Windows မှာ ပါပြီးသား။ English စာလေ့လာရေးမှာ အသုံးချလို့ရတယ်။ကျွန်တော်ကတော့ Windows 10 သုံးတယ်။ အခြား versions များမှာလည်း ဒီ feature ပါမှာပါ။

Listening လေ့ကျင့်လို့ရတဲ့ နည်းတစ်ခု။

Word file မှာ ရိုက်ထဲ့တားတဲ့ text တစ်ခု၊ ပုံပြင်၊ သတင်း၊ ဆောင်းပါး၊ Internet မှ copy-paste လုပ်လာပြီး MS Words မှာ ရှိတဲ့ စာတစ်ပုဒ်ကို အသံထွက် ဖတ်ခိုင်းပြီး listening လေ့ကျင့်လို့ရတယ်။

စာပိုဒ်ကို highlight အရင်လုပ်၊ menu bar မှာ Review ကိုနှိပ်လိုက်ရင် Read aloud ဆိုတာ တွေ့မယ်။ အဲဒါကိုနှိပ်ရင် အမေရိကန် အသံနဲ့ ခပ်မှန်မှန် စာဖတ်ပြတယ်။

အတော်လေး natural ဖြစ်ပါတယ်။ စာကို လိုက်ဖတ်ပြီး အသံထွက်နဲ့ listening ပါ လေ့ကျင့်လို့ရတယ်။ ဥပမာ အထက်တန်းကျောင်းသားတွေ ပြဌာန်းစာအုပ်ထဲက စာပိုဒ်တွေကို ဒီလိုပုံစံနဲ့ အသံထွက်မှန်အောင် လေ့လာလို့ရတယ်။

ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း အဲဒီ text ကို မြန်မာလို ဘာသာပြန်ခိုင်းလို့ရတယ်။

အများသိပြီးသား ကိစ္စပေမယ့် ဒီလို ကိုယ့် computer မှာ ပါလာပြီးသား feature တစ်ခုကို explore မလုပ်လို့ မသိသူတွေလည်း ရှိနိုင်တယ်ထင်လို့ပါ။

မေတ္တာဖြင့်

ဒေါက်တာစိုးသန်း

———- 

အမ်ားသိၿပီးသား မထူးဆန္းတာေလးျဖစ္ေပမယ့္ အခ်ိဳ႕ ေက်ာင္းသား လူငယ္ေတြ အမွတ္တမဲ့ျဖစ္ေနတာေလးတစ္ခုေျပာျပခ်င္တယ္။

ကိုယ့္ရဲ႕ computer Windows မွာ ပါၿပီးသား။ English စာေလ့လာေရးမွာ အသုံးခ်လို႔ရတယ္။ကြၽန္ေတာ္ကေတာ့ Windows 10 သုံးတယ္။ အျခား versions မ်ားမွာလည္း ဒီ feature ပါမွာပါ။

Listening ေလ့က်င့္လို႔ရတဲ့ နည္းတစ္ခု။

Word file မွာ ႐ိုက္ထဲ့တားတဲ့ text တစ္ခု၊ ပုံျပင္၊ သတင္း၊ ေဆာင္းပါး၊ Internet မွ copy-paste လုပ္လာၿပီး MS Words မွာ ရွိတဲ့ စာတစ္ပုဒ္ကို အသံထြက္ ဖတ္ခိုင္းၿပီး listening ေလ့က်င့္လို႔ရတယ္။

စာပိုဒ္ကို highlight အရင္လုပ္၊ menu bar မွာ Review ကိုႏွိပ္လိုက္ရင္ Read aloud ဆိုတာ ေတြ႕မယ္။ အဲဒါကိုႏွိပ္ရင္ အေမရိကန္ အသံနဲ႔ ခပ္မွန္မွန္ စာဖတ္ျပတယ္။

အေတာ္ေလး natural ျဖစ္ပါတယ္။ စာကို လိုက္ဖတ္ၿပီး အသံထြက္နဲ႔ listening ပါ ေလ့က်င့္လို႔ရတယ္။ ဥပမာ အထက္တန္းေက်ာင္းသားေတြ ျပဌာန္းစာအုပ္ထဲက စာပိုဒ္ေတြကို ဒီလိုပုံစံနဲ႔ အသံထြက္မွန္ေအာင္ ေလ့လာလို႔ရတယ္။

ၿပီးေတာ့ ပုံမွာျပထားတဲ့အတိုင္း အဲဒီ text ကို ျမန္မာလို ဘာသာျပန္ခိုင္းလို႔ရတယ္။

အမ်ားသိၿပီးသား ကိစၥေပမယ့္ ဒီလို ကိုယ့္ computer မွာ ပါလာၿပီးသား feature တစ္ခုကို explore မလုပ္လို႔ မသိသူေတြလည္း ရွိႏိုင္တယ္ထင္လို႔ပါ။

ေမတၱာျဖင့္

ေဒါက္တာစိုးသန္း